မရှိမဖြစ်မလိုအပ်သလို ကျန်းမာရေးကိုလည်း ထိခိုက်စေတဲ့ အိမ်သုံးပစ္စည်း (၆) မျိုးအကြောင်း

တချို့ကုမ္ပဏီက ကုန်ပစ္စည်းတွေကို ရောင်းရဖို့ပဲ ရည်မှန်းချက်ထားကြပါတယ်။ ဝယ်ယူသူတွေအတွက် တချို့ပစ္စည်းတွေက အသုံးမဝင်သလို ကျန်းမာရေးအတွက်လည်း အန္တရာယ် ဖြစ်စေပါတယ်။ ဒီနေ့မှာတော့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အိမ်သုံးပစ္စည်းတွေအကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ပလက်စတစ်ဘူးများ

တကယ်တော့ ပလက်စတစ်ဘူးတွေက လူသားတွေရဲ့ ကျန်းမာရေးနဲ့ မကိုက်ညီပါဘူး။ ပလက်စတစ်ဘူးထဲ အစားအစာထည့်ပြီး အပူပေးတာ ဆိုရင်တော့ ပိုဆိုးပါတယ်။ အစားအစာထည့်တဲ့ ပလက်စတစ်ဘူးတွေကို ၅ လထက် ပိုမသုံးသင့်ပါဘူး။ ပြီးတော့ microwave ထဲမှာ ပလက်စတစ်ဘူး ထည့်ပြီးတော့လည်း အစားအစာတွေကို ထည့်မနွှေးသင့်ပါဘူး။

၂။ ခြေပိတ်ဖိနပ်

ဒီလိုဖိနပ်လေးတွေက စီးလိုက်ရင် အရမ်းကို ပေါ်လွင်ပါတယ်။ ဒါပေမယ့် စီးပါများရင်တော့ ခြေသန်းပုံမကျတာ၊ အသားမာတက်တာ စတဲ့ ခြေချောင်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်စေပါတယ်။

၃။ Mascara

Mascara ဝယ်တဲ့အခါ ပါဝင်ပစ္စည်းတွေကို သေချာဖတ်ကြည့်သင့်ပါတယ်။တချို့ mascara တွေမှာ parabens, aluminum powder, propylene glycol တွေ ပါဝင်တတ်ပါတယ်။ အဲဒါတွေက မျက်လုံးကျန်းမာရေးအတွက် အရမ်းကို အန္တရာယ်ရှိပါတယ်။ပြီးတော့ mascara ကို သုံးရင် သူများနဲ့ တစ်ယောက်တစ်လှည့်စီသုံးတာ မဟုတ်ဘဲ ကိုယ်တစ်ယောက်တည်း သီးသန့်သုံးသင့်ပါတယ်။

၄။ မကပ်အိုး

မကပ်အိုး ဆိုတဲ့အတိုင်း ချက်ပြုတ်လိုက်ရင် အိုးမကပ်အောင်လို့ ဓါတုပစ္စည်းတွေနဲ့ ပြုလုပ်ထားပါတယ်။ အဲဒီ ဓါတုပစ္စည်းတွေက အဆိပ်ဖြစ်စေပြီး ကင်ဆာဆဲလ်တွေအထိ ဖြစ်စေနိုင်ကြောင်း ဒိန်းမတ် သုတေသနပညာရှင်တွေက တွေ့ရှိထားပါတယ်။

၅။ ဘက်တီးရီးယားတွေကို ကာကွယ်ပေးတဲ့ဆပ်ပြာ

ဘက်တီးရီးယားတွေကို ကာကွယ်ပေးတဲ့ ဆပ်ပြာမှာ ထည့်သုံးတဲ့ triclosan ပမာဏ 0.1 % ကနေ 0.3% အထိကို ဥပဒေက ထိန်းချုပ်ထားပါတယ်။ Triclosan က ကိုယ်ခံအားစနစ်ကို အားနည်းစေပါတယ်။ ဟော်မုန်း မညီမျှမှုကို ဖြစ်စေတဲ့အပြင် ကြွက်သားတွေ တဖြည်းဖြည်း ကြုံလှီလာတဲ့ နာတာရှည်ရောဂါအထိ ဖြစ်စေပါတယ်။ တကယ်တော့ ဘက်တီးရီးယားတွေကို ကာကွယ်ပေးတဲ့ ဆပ်ပြာဆိုတာ ရောင်းဝယ်ဖောက်ကားတဲ့ နည်းတစ်ခုပါ။ သာမန်ဆပ်ပြာနဲ့ လက်ဆေးလည်း ဘက်တီးရီးယားတွေက ပြောင်ပါတယ်။

၆။ သန့်စင်ခန်း အသုံးပြုပုံ မှားယွင်းခြင်း

သန့်စင်ခန်းသုံးတဲ့အခါ တင်ပါးကို ၉၀ ဒီဂရီပုံစံထိုင်တာက ဝမ်းချူပ်တာ၊ လိပ်ခေါင်းနဲ့ အူမကြီးကင်ဆာအထိ ဖြစ်စေနိုင်ပါတယ်။ တင်ပါးကို ၄၅ ဒီဂရီထိုင်တာက ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments