ကံဉာဏ်ဝီရိယ

တခါတုန်းက သူငယ်ချင်း သုံးယောက် ရှိတယ်။ ကံတရားကို ယုံကြည်သူရယ်၊ ဉာဏ်ကို အားထားသူရယ်၊ ဝီရိယ ကို အားကိုးသူရယ်။ သူတို့ဟာ ကိုယ်ယုံကြည်ရာ အားကိုးအားထား ပြုရာကိုသာ ယုံကြည်အားထားပြီး တယောက်နဲ့ တယောက် ငြင်းခုန်လေ့ ရှိကြတယ်။

စကားနိုင် လုကြပြီး အနိုင်မခံ အရှုံးမပေး ပြောဆို ဆွေးနွေးကြရင်း ပညာရှိအဘိုးအို တယောက်ထံတွင် ဘယ်သူ ဘယ်ဝါရဲ့ ခံယူမှုက အကောင်းဆုံး အမှန်ကန်ဆုံးလဲ လို့ ဆုံးဖြတ်ပေးဖို့ မေးမြန်းလေတယ်။

ပညာရှိ အဘိုးအိုက သူတို့သုံးယောက်ကို တောလမ်းတခုကို ညွှန်ပြပြီး အတူတကွ ခရီးတခု သွားဖို့ စေလွှတ်လိုက်တယ်။ ကံ၊ ဉာဏ်၊ ဝီရိယ သူငယ်ချင်း သုံးဦးလည်း အတူတကွ ခရီးထွက်လာ ကြတာပေါ့။ အဲ့ဒီလိုနဲ့ ခရီးက ရှည်ကြာလာတဲ့အခါ ဆာလောင်တဲ့ဝေဒနာကို ခံစားလာရတော့တယ်။

ကံကတော့ ကံကောင်းလို့ ကံကြုံရင် စားစရာ တခုခုနဲ့ ကြုံကြိုက်ရင်တော့ စားရမှာပဲလို့ တွေးတယ်။ ဝီရိယသမားကတော့ စားစရာ တခုခုတွေ့မလားလို့ သွားရာလမ်း တလျှောက် စူးစိုက် ဝီရိယထားပြီး ရှာဖွေနေတော့တယ်။

ဉာဏ်သမားကတော့ စားစရာကို ဘယ်က ဘယ်လို ဒီတောတောင်ထဲမှာ ရနိုင်မလဲလို့ စဉ်းစားတွေးခေါ် အကြံထုတ်တယ်။ အဲဒီမှာ ကျီးငှက်အုပ်စု တစုရဲ့ အော်သံကို ကြားလေတယ်။

ဉာဏ်သမားက တွေးတယ်။ ကျီးငှက်တွေဟာ စားစရာ တစုံတခုကို တွေ့ရင် အသံပေး တတ်ပြီး အုပ်စုနဲ့ စားသောက်နေတတ်ပြီး ဆူညံလေ့ ရှိတယ်။ ဒီကျီးငှက်အုပ်စု ရှိရာနေရာမှာ စားစရာတစုံ တခု ရှိနေမှာ အသေအချာပဲလို့ တွေးမိတယ်။

သူ့အတွေးကို ကံနဲ့ ဝီရိယ ကို ပြောပြတဲ့ အခါ၊ ဝီရိယသမားက သွားကြည့်လို့ စားစရာ ရှိနေမယ် ဆိုရင် သူတို့အတွက် စားစရာရပြီး မရှိတော့လည်း အရင်းပဲလို့ ပြောကာ သူသွားကြည့်မယ်၊ ဒီနေရာက စောင့်နေပါလို့ မှာကြားကာ ကျီးငှက်တွေ စုဝေးရာကို ထွက်သွားလေတယ်။

ကျီးငှက်တွေ စုဝေးရာ အရပ်တွင် မုဆိုးတို့ သားကောင်လိုက်ရင်း အမဲဖြတ်ရာက ကျန်ရှိနေသော အမဲသားတစ်ပေါ် ကျေးငှက်တို့ ပျံဝဲ အော်မြည် နေကြတာကို တွေ့တယ်။

ဝီရိယသမားလည်း စားလို့ရမဲ့ အမဲသားတစ် တို့ကို ယူကာ မုဆိုးတို့ အသုံးပြု ကြွင်းကျန်ခဲ့တဲ့ မီးဖိုမီးသွေးတို့ကို အသုံးပြု ကင်ကာ စားသောက်ပြီးရင် အသားကင်တို့ကို ကံနဲ့ ဉာဏ်သမားတို့ အတွက် ယူဆောင် လာလေတော့တယ်။

ကံသမားက အသားကင်ကို စားရခြင်းမှာ စားရကံ ကြုံလို့ စားရတာပဲလို့ မှတ်ယူပြီး။ ဉာဏ်သမားက သူ့ မြော်မြင်နိုင်စွမ်း ဉာဏ်ကြောင့် သာ အစာရှာနိုင်တာ ဖြစ်တယ်။ ဝီရိယသမားက သူ့ရဲ့ ဝီရိယ စိုက်ထုတ်အားကြောင့် စားစရာရခြင်း ဖြစ်တယ်။

သူတို့ကတော့ မိမိယုံကြည်ရာကို ပြောဆို ငြင်းခုန်ကြဆဲပါပဲ။ သူတို့ ယုံကြည်ရာ ကလည်း မှန်ကန်နေတာပဲကိုး။

ပုံပြင်လေးကို ဒီနေရာမှာပဲ အဆုံးသတ်ပါရစေ။ ကျနော်တို့ ပတ်ဝန်းကျင် ရှင်သန်ရာ လောကမှာလည်း ကံကိုချည်း ယုံနေလို့ ပုံချနေလို့ မရပါဘူး။ ကံမကောင်းလို့ ရှုံးတာ ကံကောင်းလို့ အောင်မြင်တာ တရားသေ မှတ်ယူလို့ မရပါဘူး။

ဉာဏ်အမြော်အမြင်၊ လုံ့လဝီရိယ ကြိုးစား အားထုတ်မှုလည်း လိုအပ်ပါတယ်။ ကြိုးစားအားထုတ်မှု မပါဘဲ ဉာဏ်အမြော်အမြင် တွေးခေါ်နေရုံနဲ့လည်း တခုခုကို အောင်မြင်ဖို့ စွမ်းဆောင်ရည် နည်းပါလိမ့်မယ်။

ဉာဏ်အမြော်အမြင် မရှိဘဲ လုံ့လဝီရိယ တခုထဲနှင့်လည်း အောင်မြင်သင့်သလောက် မအောင်မြင်၊ စွမ်းနိုင်သလောက် မဆောင်ရွက်နိုင်၊ ဖြစ်ထွန်းသင့် သလောက် မရှင်သန်နိုင်တာ ရှိပါလိမ့်မယ်။ ဒါကြောင့် ကံ၊ ဉာဏ်၊ ဝီရိယ သုံးပါး ညီညွတ်မျှတာစွာ အသုံးပြု ဆောင်ရွက်သင့်ပါတယ်။

Crd

Zawgyi

ကံဉာဏ္ဝီရိယ

တခါတုန္းက သူငယ္ခ်င္း သုံးေယာက္ ရွိတယ္။ ကံတရားကို ယုံၾကည္သူရယ္၊ ဉာဏ္ကို အားထားသူရယ္၊ ဝီရိယ ကို အားကိုးသူရယ္။ သူတို႔ဟာ ကိုယ္ယုံၾကည္ရာ အားကိုးအားထား ျပဳရာကိုသာ ယုံၾကည္အားထားၿပီး တေယာက္နဲ႔ တေယာက္ ျငင္းခုန္ေလ့ ရွိၾကတယ္။

စကားႏိုင္ လုၾကၿပီး အႏိုင္မခံ အရႈံးမေပး ေျပာဆို ေဆြးေႏြးၾကရင္း ပညာရွိအဘိုးအို တေယာက္ထံတြင္ ဘယ္သူ ဘယ္ဝါရဲ႕ ခံယူမႈက အေကာင္းဆုံး အမွန္ကန္ဆုံးလဲ လို႔ ဆုံးျဖတ္ေပးဖို႔ ေမးျမန္းေလတယ္။

ပညာရွိ အဘိုးအိုက သူတို႔သုံးေယာက္ကို ေတာလမ္းတခုကို ၫႊန္ျပၿပီး အတူတကြ ခရီးတခု သြားဖို႔ ေစလႊတ္လိုက္တယ္။ ကံ၊ ဉာဏ္၊ ဝီရိယ သူငယ္ခ်င္း သုံးဦးလည္း အတူတကြ ခရီးထြက္လာ ၾကတာေပါ့။ အဲ့ဒီလိုနဲ႔ ခရီးက ရွည္ၾကာလာတဲ့အခါ ဆာေလာင္တဲ့ေဝဒနာကို ခံစားလာရေတာ့တယ္။

ကံကေတာ့ ကံေကာင္းလို႔ ကံႀကဳံရင္ စားစရာ တခုခုနဲ႔ ႀကဳံႀကိဳက္ရင္ေတာ့ စားရမွာပဲလို႔ ေတြးတယ္။ ဝီရိယသမားကေတာ့ စားစရာ တခုခုေတြ႕မလားလို႔ သြားရာလမ္း တေလွ်ာက္ စူးစိုက္ ဝီရိယထားၿပီး ရွာေဖြေနေတာ့တယ္။

ဉာဏ္သမားကေတာ့ စားစရာကို ဘယ္က ဘယ္လို ဒီေတာေတာင္ထဲမွာ ရႏိုင္မလဲလို႔ စဥ္းစားေတြးေခၚ အႀကံထုတ္တယ္။ အဲဒီမွာ က်ီးငွက္အုပ္စု တစုရဲ႕ ေအာ္သံကို ၾကားေလတယ္။

ဉာဏ္သမားက ေတြးတယ္။ က်ီးငွက္ေတြဟာ စားစရာ တစုံတခုကို ေတြ႕ရင္ အသံေပး တတ္ၿပီး အုပ္စုနဲ႔ စားေသာက္ေနတတ္ၿပီး ဆူညံေလ့ ရွိတယ္။ ဒီက်ီးငွက္အုပ္စု ရွိရာေနရာမွာ စားစရာတစုံ တခု ရွိေနမွာ အေသအခ်ာပဲလို႔ ေတြးမိတယ္။

သူ႔အေတြးကို ကံနဲ႔ ဝီရိယ ကို ေျပာျပတဲ့ အခါ၊ ဝီရိယသမားက သြားၾကည့္လို႔ စားစရာ ရွိေနမယ္ ဆိုရင္ သူတို႔အတြက္ စားစရာရၿပီး မရွိေတာ့လည္း အရင္းပဲလို႔ ေျပာကာ သူသြားၾကည့္မယ္၊ ဒီေနရာက ေစာင့္ေနပါလို႔ မွာၾကားကာ က်ီးငွက္ေတြ စုေဝးရာကို ထြက္သြားေလတယ္။

က်ီးငွက္ေတြ စုေဝးရာ အရပ္တြင္ မုဆိုးတို႔ သားေကာင္လိုက္ရင္း အမဲျဖတ္ရာက က်န္ရွိေနေသာ အမဲသားတစ္ေပၚ ေက်းငွက္တို႔ ပ်ံဝဲ ေအာ္ျမည္ ေနၾကတာကို ေတြ႕တယ္။

ဝီရိယသမားလည္း စားလို႔ရမဲ့ အမဲသားတစ္ တို႔ကို ယူကာ မုဆိုးတို႔ အသုံးျပဳ ႂကြင္းက်န္ခဲ့တဲ့ မီးဖိုမီးေသြးတို႔ကို အသုံးျပဳ ကင္ကာ စားေသာက္ၿပီးရင္ အသားကင္တို႔ကို ကံနဲ႔ ဉာဏ္သမားတို႔ အတြက္ ယူေဆာင္ လာေလေတာ့တယ္။

ကံသမားက အသားကင္ကို စားရျခင္းမွာ စားရကံ ႀကဳံလို႔ စားရတာပဲလို႔ မွတ္ယူၿပီး။ ဉာဏ္သမားက သူ႔ ေျမာ္ျမင္ႏိုင္စြမ္း ဉာဏ္ေၾကာင့္ သာ အစာရွာႏိုင္တာ ျဖစ္တယ္။ ဝီရိယသမားက သူ႔ရဲ႕ ဝီရိယ စိုက္ထုတ္အားေၾကာင့္ စားစရာရျခင္း ျဖစ္တယ္။

သူတို႔ကေတာ့ မိမိယုံၾကည္ရာကို ေျပာဆို ျငင္းခုန္ၾကဆဲပါပဲ။ သူတို႔ ယုံၾကည္ရာ ကလည္း မွန္ကန္ေနတာပဲကိုး။

ပုံျပင္ေလးကို ဒီေနရာမွာပဲ အဆုံးသတ္ပါရေစ။ က်ေနာ္တို႔ ပတ္ဝန္းက်င္ ရွင္သန္ရာ ေလာကမွာလည္း ကံကိုခ်ည္း ယုံေနလို႔ ပုံခ်ေနလို႔ မရပါဘူး။ ကံမေကာင္းလို႔ ရႈံးတာ ကံေကာင္းလို႔ ေအာင္ျမင္တာ တရားေသ မွတ္ယူလို႔ မရပါဘူး။

ဉာဏ္အေျမာ္အျမင္၊ လုံ႔လဝီရိယ ႀကိဳးစား အားထုတ္မႈလည္း လိုအပ္ပါတယ္။ ႀကိဳးစားအားထုတ္မႈ မပါဘဲ ဉာဏ္အေျမာ္အျမင္ ေတြးေခၚေန႐ုံနဲ႔လည္း တခုခုကို ေအာင္ျမင္ဖို႔ စြမ္းေဆာင္ရည္ နည္းပါလိမ့္မယ္။

ဉာဏ္အေျမာ္အျမင္ မရွိဘဲ လုံ႔လဝီရိယ တခုထဲႏွင့္လည္း ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္၊ စြမ္းႏိုင္သေလာက္ မေဆာင္႐ြက္ႏိုင္၊ ျဖစ္ထြန္းသင့္ သေလာက္ မရွင္သန္ႏိုင္တာ ရွိပါလိမ့္မယ္။ ဒါေၾကာင့္ ကံ၊ ဉာဏ္၊ ဝီရိယ သုံးပါး ညီၫြတ္မွ်တာစြာ အသုံးျပဳ ေဆာင္႐ြက္သင့္ပါတယ္။

Crd

Post a Comment

0 Comments