အရှုံးကို လက်ခံလိုက်မှာလား

ရှေးရှေးတုန်းက ရွာလေး တရွာမှာ ထင်းခုတ် ရောင်းတဲ့ ထင်းခုတ်သမား တဦး ရှိပါတယ်။ ထင်းခုတ်သမားဟာ တောထဲက ခုတ်လို့ ရတဲ့ ထင်းတွေကို ရောင်းပြီး စားဝတ်နေရေး ဖြေရှင်းသလို သူနေဖို့ အိမ်ကလေး တလုံးကိုလည်း သပ်သပ်ရပ်ရပ် ကလေး ဆောက်လုပ်ခဲ့တယ်။ အိမ်ကလေးက မကြီးပါဘူး။ တကယ့်ကို မိုးလုံ လေလုံလေး ဖြစ်ပါတယ်။

ဒီလိုနဲ့ တနေ့မှာတော့ သစ်ခုတ်သမားက တောထဲက ခုတ်လို့ ရတဲ့ သစ်ပင်တွေကို ခုတ်ပြီး ထင်းတွေ အဖြစ် မြို့ထဲ သွားရောင်းပါတယ်။ အိမ်ပြန်ရောက်တဲ့ အခါ သူဆောက်ခဲ့တဲ့ အိမ်ကလေး မီးလောင်နေတာ တွေ့လိုက်ရတယ်။

လူတွေက ဝိုင်းပြီး မီးငြိမ်းပေး ခဲ့ပေမယ့် မီးတောက်တွေက အိမ်တခုလုံးကို ဝါးမြိုပစ် ခဲ့ပါတယ်။ ထင်းခုတ်သမားက အလွန် ဝမ်းနည်း သွားပြီး ငေးပဲ ကြည့်နေ ခဲ့ရတယ်။

မီးတွေ အကုန် လောင်သွားပြီးတော့ အိမ်တလုံးလုံး ပြာတွေ အဖြစ် ကျန်ခဲ့တော့မှ ထင်းခုတ်သမားက ပြာတောထဲ တိုးဝင်ပြီး တစုံတရာကို အသည်းအသန် လိုက်ရှာနေ ခဲ့တယ်။

လူတွေက သူ စုဆောင်းထားတဲ့ အဖိုးတန်ပစ္စည်း တခု ပျောက်လို့ ရှာနေတယ် လို့ပဲ တွေးနေမိ ကြတယ်။ အတန်ကြာတဲ့အခါ ထင်းခုတ်သမားက ဝမ်းသာအားရ အော်လိုက်တယ်။


"တွေ့ပြီ တွေ့ပြီ" ဆိုပြီး သူ့ပုဆိန်ကို မြှောက်ကိုင်လို့ ပြာပုံထဲက ပြန်ထွက်လာတယ်။ ပြီးတော့ သူက လူတွေဖက်ကို လှည့်ပြီး ပြောလိုက်တယ်။

"ဒီပုဆိန် တလက်သာ ရှိမယ်ဆိုရင် ဒီထက် ပိုကောင်းတဲ့ အိမ်ကြီးတလုံး ကျွန်တော် ပြန်ဆောက်နိုင်ပါတယ်" လို့ ဝမ်းသာအားရ ပြောလိုက် ပါတော့တယ်။

ကျနော်တို့တွေ ဟာလည်း ဆုံးရှုံးမှုတွေ၊ ဒုက္ခတွေအတွက် ဝမ်းနည်း ပူဆွေး ငိုးကြွေးနေ ကြမှာလား၊ ပြန်လည်ကြိုးစား တည်ဆောက်မှာလား။ အရှုံး ဆိုတာ အရှုံးလို့ လက်မခံ သရွေ့ မရှုံးနိမ့် သေးပါဘူး။

ကိုယ့်ရဲ့ ခံယူမှု၊ လုံ့လ၊ ကြိုးစားလိုစိတ် တွေကသာ ဘဝကို အကောင်းဆုံး တည်ဆောက်နိုင် မှာပါ။ အရှုံး ဆိုတာကို လက်မခံ ပါနဲ့ဦး။ အားသစ်လောင်းလို့ အသစ်တဖန် ပြန်လည် စတင် ကြိုးစားလိုက် ကြပါစို့။

Crd

Zawgyi

အရႈံးကို လက္ခံလိုက္မွာလား

ေရွးေရွးတုန္းက ႐ြာေလး တ႐ြာမွာ ထင္းခုတ္ ေရာင္းတဲ့ ထင္းခုတ္သမား တဦး ရွိပါတယ္။ ထင္းခုတ္သမားဟာ ေတာထဲက ခုတ္လို႔ ရတဲ့ ထင္းေတြကို ေရာင္းၿပီး စားဝတ္ေနေရး ေျဖရွင္းသလို သူေနဖို႔ အိမ္ကေလး တလုံးကိုလည္း သပ္သပ္ရပ္ရပ္ ကေလး ေဆာက္လုပ္ခဲ့တယ္။ အိမ္ကေလးက မႀကီးပါဘူး။ တကယ့္ကို မိုးလုံ ေလလုံေလး ျဖစ္ပါတယ္။

ဒီလိုနဲ႔ တေန႔မွာေတာ့ သစ္ခုတ္သမားက ေတာထဲက ခုတ္လို႔ ရတဲ့ သစ္ပင္ေတြကို ခုတ္ၿပီး ထင္းေတြ အျဖစ္ ၿမိဳ႕ထဲ သြားေရာင္းပါတယ္။ အိမ္ျပန္ေရာက္တဲ့ အခါ သူေဆာက္ခဲ့တဲ့ အိမ္ကေလး မီးေလာင္ေနတာ ေတြ႕လိုက္ရတယ္။

လူေတြက ဝိုင္းၿပီး မီးၿငိမ္းေပး ခဲ့ေပမယ့္ မီးေတာက္ေတြက အိမ္တခုလုံးကို ဝါးၿမိဳပစ္ ခဲ့ပါတယ္။ ထင္းခုတ္သမားက အလြန္ ဝမ္းနည္း သြားၿပီး ေငးပဲ ၾကည့္ေန ခဲ့ရတယ္။

မီးေတြ အကုန္ ေလာင္သြားၿပီးေတာ့ အိမ္တလုံးလုံး ျပာေတြ အျဖစ္ က်န္ခဲ့ေတာ့မွ ထင္းခုတ္သမားက ျပာေတာထဲ တိုးဝင္ၿပီး တစုံတရာကို အသည္းအသန္ လိုက္ရွာေန ခဲ့တယ္။

လူေတြက သူ စုေဆာင္းထားတဲ့ အဖိုးတန္ပစၥည္း တခု ေပ်ာက္လို႔ ရွာေနတယ္ လို႔ပဲ ေတြးေနမိ ၾကတယ္။ အတန္ၾကာတဲ့အခါ ထင္းခုတ္သမားက ဝမ္းသာအားရ ေအာ္လိုက္တယ္။

"ေတြ႕ၿပီ ေတြ႕ၿပီ" ဆိုၿပီး သူ႔ပုဆိန္ကို ေျမႇာက္ကိုင္လို႔ ျပာပုံထဲက ျပန္ထြက္လာတယ္။ ၿပီးေတာ့ သူက လူေတြဖက္ကို လွည့္ၿပီး ေျပာလိုက္တယ္။

"ဒီပုဆိန္ တလက္သာ ရွိမယ္ဆိုရင္ ဒီထက္ ပိုေကာင္းတဲ့ အိမ္ႀကီးတလုံး ကြၽန္ေတာ္ ျပန္ေဆာက္ႏိုင္ပါတယ္" လို႔ ဝမ္းသာအားရ ေျပာလိုက္ ပါေတာ့တယ္။

က်ေနာ္တို႔ေတြ ဟာလည္း ဆုံးရႈံးမႈေတြ၊ ဒုကၡေတြအတြက္ ဝမ္းနည္း ပူေဆြး ငိုးေႂကြးေန ၾကမွာလား၊ ျပန္လည္ႀကိဳးစား တည္ေဆာက္မွာလား။ အရႈံး ဆိုတာ အရႈံးလို႔ လက္မခံ သေ႐ြ႕ မရႈံးနိမ့္ ေသးပါဘူး။

ကိုယ့္ရဲ႕ ခံယူမႈ၊ လုံ႔လ၊ ႀကိဳးစားလိုစိတ္ ေတြကသာ ဘဝကို အေကာင္းဆုံး တည္ေဆာက္ႏိုင္ မွာပါ။ အရႈံး ဆိုတာကို လက္မခံ ပါနဲ႔ဦး။ အားသစ္ေလာင္းလို႔ အသစ္တဖန္ ျပန္လည္ စတင္ ႀကိဳးစားလိုက္ ၾကပါစို႔။

Crd

Post a Comment

0 Comments