အနိုင်ကျင့်ရလွယ်သူ

ပုံပြင်ကလေးက ဒီလိုပါ။ တခါတုန်းက ရွာတရွာမှာ ရွာဦး နတ်ကွန်းဘေးမှာ ရေနှုတ်မြောင်း ဖြတ်စီးနေတယ်။ နတ်ကွန်းထဲက နတ်ရုပ်က မတ်တတ် ကိုယ်တော်ကြီး။

တနေ့တော့ လူတယောက်က မြောင်းဘောင် အတိုင်း လျှောက်လာပြီး ဟိုဘက်ကမ်းကို ကူးမယ် လုပ်တယ်။ အဲဒီ မြောင်းထဲမှာ ရေတော်တော်များနေတယ်၊ ညက မိုးရွာထား တာကိုး။

ခုန်ကူး ရအောင် ကလည်း မမီမကမ်းနဲ့။ မြောင်းထဲ ဆင်းကူး ရင်လည်း ရေစိုမယ်လေ။ ပြီးတော့ ဒီလူကလည်း ခပ်ရွတ်ရွတ် ဆိုတော့ နတ်ကွန်းထဲက နတ်ရုပ်ကြီးကို ဆွဲချလာ၊ မြောင်းပေါ် ခွကျော်ပြီး ချလိုက်တယ်။

ပြီးမှ နတ်ရုပ်ကြီးကို တုံးတံတား လုပ်ပြီး မြောင်းကို ကူးသွားတယ်။ ဟိုဘက်ကမ်း အဆင်းမှာ နတ်ရုပ်ကြီး မျက်နှာကိုတောင် ဆောင့်နင်း သွားလိုက် သေးသတဲ့။

သိပ်မကြာ လိုက်ပါဘူး လယ်သမားကြီး တယောက် ရောက်လာတယ်။ သူကတော့ နတ်ရုပ်ကြီး မျက်နှာမှာ ရွှံ့ခြေရာကြီး ပေနေတာ တွေ့တော့မျက်စေ့တောင် ပျာခနဲ ဖြစ်သွားတယ်။

လယ်သမားကြီးဟာ မြောင်းထဲဆင်း၊ ရေတွေ လက်ခုပ်နဲ့ ခပ်၊ နတ်ရုပ်ကြီးကို ဆေး၊ မနိုင့် တနိုင်နဲ့ မ၊ နတ်ကွန်းထဲ ပြန်ထူထား လိုက်တယ်။ အဲဒီမှာ နတ်ကြီးက သူ့ကို မထီမဲ့မြင် လုပ်တယ် ဆိုပြီး ဖမ်းစားသတဲ့။

ဘယ်သူ့ကိုလဲ ဆိုတော့ သူ့ကို နတ်ကွန်းထဲ ပြန်ထားတဲ့ လယ်သမားကြီးကို။ သူ့ကို ချနင်း သွားတဲ့ လူကို မဟုတ်ဘူး။ နတ်ရုပ်ကို ရွှေ့ပြောင်းရာမှာ အစဉ်အလာ ရှိတဲ့အတိုင်း အမွှေးတိုင် ထွန်းပြီး မပင့် မလျှောက်လို့ တဲ့။ နတ်ဆရာတွေက အဲဒီလိုဟောလို့ လယ်သမားကြီးက ဝက်ပေါ်ပြီး ပူဇော်လိုက် ရသတဲ့။

ဒါနဲ့ သူ့သူငယ်ချင်း နတ်တွေက အဲဒီနတ်ကို "မင်းကွာ၊ မင်းကို တက်နင်းသွားတဲ့ ကောင်ကိုတော့ ဖမ်းမစားရဲဘူး" ဆိုပြီး ဝိုင်းလှောင် ကြတယ်။

"ငါ့ကို မရိုမသေ မကြောက်မရွံ့ လို့မှ မျက်နှာကိုတောင် ဖနောင့်နဲ့ ပေါက်သွားတဲ့ လူကို ငါက သွားကိုင်ရင် မကြောက်ရွံ့တဲ့ အပြင် ငါ့နတ်စင်တောင် အမှုန့် ကြိတ်သွားမှာပေါ့"

"ဒါဆို မင်းကို ရိုသေကြောက်ရွံ့တဲ့ လူကိုပဲ အမိအရ ကိုင်လိုက်တာပေါ့"

ဒီတော့ အဲ့နတ်က အားရပါးရ ရယ်ပြီး "ဟေ့ကောင်တွေ၊ မင်းတို့ မသိဘူးလား။ လူကောင်းကို အနိုင်ကျင့်ရတာ လွယ်တယ်ကွ" လို့ ပြန်ပြောလိုက် သတဲ့။

တချို့လူတွေဟာ သူတို့ မျက်နှာကို တက်နင်းတဲ့ သူတွေနဲ့ပဲ တန်ပါတယ်။

Yan shin

Zawgyi

အႏိုင္က်င့္ရလြယ္သူ

ပုံျပင္ကေလးက ဒီလိုပါ။ တခါတုန္းက ႐ြာတ႐ြာမွာ ႐ြာဦး နတ္ကြန္းေဘးမွာ ေရႏႈတ္ေျမာင္း ျဖတ္စီးေနတယ္။ နတ္ကြန္းထဲက နတ္႐ုပ္က မတ္တတ္ ကိုယ္ေတာ္ႀကီး။

တေန႔ေတာ့ လူတေယာက္က ေျမာင္းေဘာင္ အတိုင္း ေလွ်ာက္လာၿပီး ဟိုဘက္ကမ္းကို ကူးမယ္ လုပ္တယ္။ အဲဒီ ေျမာင္းထဲမွာ ေရေတာ္ေတာ္မ်ားေနတယ္၊ ညက မိုး႐ြာထား တာကိုး။

ခုန္ကူး ရေအာင္ ကလည္း မမီမကမ္းနဲ႔။ ေျမာင္းထဲ ဆင္းကူး ရင္လည္း ေရစိုမယ္ေလ။ ၿပီးေတာ့ ဒီလူကလည္း ခပ္႐ြတ္႐ြတ္ ဆိုေတာ့ နတ္ကြန္းထဲက နတ္႐ုပ္ႀကီးကို ဆြဲခ်လာ၊ ေျမာင္းေပၚ ခြေက်ာ္ၿပီး ခ်လိုက္တယ္။

ၿပီးမွ နတ္႐ုပ္ႀကီးကို တုံးတံတား လုပ္ၿပီး ေျမာင္းကို ကူးသြားတယ္။ ဟိုဘက္ကမ္း အဆင္းမွာ နတ္႐ုပ္ႀကီး မ်က္ႏွာကိုေတာင္ ေဆာင့္နင္း သြားလိုက္ ေသးသတဲ့။

သိပ္မၾကာ လိုက္ပါဘူး လယ္သမားႀကီး တေယာက္ ေရာက္လာတယ္။ သူကေတာ့ နတ္႐ုပ္ႀကီး မ်က္ႏွာမွာ ႐ႊံ႕ေျခရာႀကီး ေပေနတာ ေတြ႕ေတာ့မ်က္ေစ့ေတာင္ ပ်ာခနဲ ျဖစ္သြားတယ္။

လယ္သမားႀကီးဟာ ေျမာင္းထဲဆင္း၊ ေရေတြ လက္ခုပ္နဲ႔ ခပ္၊ နတ္႐ုပ္ႀကီးကို ေဆး၊ မႏိုင့္ တႏိုင္နဲ႔ မ၊ နတ္ကြန္းထဲ ျပန္ထူထား လိုက္တယ္။ အဲဒီမွာ နတ္ႀကီးက သူ႔ကို မထီမဲ့ျမင္ လုပ္တယ္ ဆိုၿပီး ဖမ္းစားသတဲ့။

ဘယ္သူ႔ကိုလဲ ဆိုေတာ့ သူ႔ကို နတ္ကြန္းထဲ ျပန္ထားတဲ့ လယ္သမားႀကီးကို။ သူ႔ကို ခ်နင္း သြားတဲ့ လူကို မဟုတ္ဘူး။ နတ္႐ုပ္ကို ေ႐ႊ႕ေျပာင္းရာမွာ အစဥ္အလာ ရွိတဲ့အတိုင္း အေမႊးတိုင္ ထြန္းၿပီး မပင့္ မေလွ်ာက္လို႔ တဲ့။ နတ္ဆရာေတြက အဲဒီလိုေဟာလို႔ လယ္သမားႀကီးက ဝက္ေပၚၿပီး ပူေဇာ္လိုက္ ရသတဲ့။

ဒါနဲ႔ သူ႔သူငယ္ခ်င္း နတ္ေတြက အဲဒီနတ္ကို "မင္းကြာ၊ မင္းကို တက္နင္းသြားတဲ့ ေကာင္ကိုေတာ့ ဖမ္းမစားရဲဘူး" ဆိုၿပီး ဝိုင္းေလွာင္ ၾကတယ္။

"ငါ့ကို မ႐ိုမေသ မေၾကာက္မ႐ြံ႕ လို႔မွ မ်က္ႏွာကိုေတာင္ ဖေနာင့္နဲ႔ ေပါက္သြားတဲ့ လူကို ငါက သြားကိုင္ရင္ မေၾကာက္႐ြံ႕တဲ့ အျပင္ ငါ့နတ္စင္ေတာင္ အမႈန႔္ ႀကိတ္သြားမွာေပါ့"

"ဒါဆို မင္းကို ႐ိုေသေၾကာက္႐ြံ႕တဲ့ လူကိုပဲ အမိအရ ကိုင္လိုက္တာေပါ့"

ဒီေတာ့ အဲ့နတ္က အားရပါးရ ရယ္ၿပီး "ေဟ့ေကာင္ေတြ၊ မင္းတို႔ မသိဘူးလား။ လူေကာင္းကို အႏိုင္က်င့္ရတာ လြယ္တယ္ကြ" လို႔ ျပန္ေျပာလိုက္ သတဲ့။

တခ်ိဳ႕လူေတြဟာ သူတို႔ မ်က္ႏွာကို တက္နင္းတဲ့ သူေတြနဲ႔ပဲ တန္ပါတယ္။

Yan shin

Post a Comment

0 Comments