အတွေ့အကြုံကနေ သင်ယူပါ

တခါတုန်းက ခြင်္သေ့တကောင်၊ မြည်းတကောင်နဲ့ မြေခွေးတကောင် တို့ဟာ မိတ်ဆွေ ဖွဲ့ပြီး အမဲလိုက် ထွက်ကြတယ်။ သူတို့တွေ တောကောင် တော်တော် များများ ရလာတဲ့ အခါ ခြင်္သေ့က မြည်းကို ဝေစု ခွဲဖို့ ပြောလိုက်တယ်။

ထိုအခါ မြည်းကလည်း အညီ အမျှ သုံးပုံ ပုံပြီး ကြိုက်ရာပုံကို ယူဆောင် စားသုံးဖို့ ခြင်္သေ့ကို ပြောလိုက်တယ်။ အဲဒီလို ပြောလိုက်တဲ့ အခါ ခြင်္သေ့က မြည်းကို ဒေါသထွက်ပြီး ခုန်အုပ်ကာ ဝါးမျို စားသောက် လိုက်တော့တယ်။

အဲဒီလို မြည်းကို စားသောက်ပြီးတဲ့ နောက်မှာ မြေခွေးကို ဝေစု ခွဲဖို့ ပြောလိုက် ပြန်တယ်။

ထိုအခါ မြေခွေး ကလည်း သားကောင် အားလုံး နီးပါးကို အပုံ အကြီးကြီး တပုံပုံလိုက်ပြီး သူ့အတွက်တော့ အနည်းငယ် ကိုသာ ချန်ထား လိုက်တယ်။

ထို့နောက် မြေခွေးက ခြင်္သေ့ကို စိတ်ကြိုက် စားသောက်ဖို့ ပြောလိုက်တယ်။ ခြင်္သေ့က "ဒီလို ပုံနည်းကို ဘယ်သူက သင်ပေးတာလဲ" လို့ မြေခွေးကို မေးလိုက်တယ်။

မြေခွေး ကလည်း "မြည်း ဘာဖြစ်သွားသလဲ ဆိုတာက သင်ပေး လိုက်တာပါ" လို့ ခြင်္သေ့ကို ပြန်ဖြေလိုက် ပါတော့တယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ကျနော်တို့တွေဟာ တခြားသူ တွေရဲ့ ကံမကောင်းမှုတွေ ရှုံးနိမ့်မှု တွေကို လက်တွေ့ မြင်တွေ့တဲ့ အခါ အသိပညာ အမြော်အမြင်တွေ ရရှိလာ စေပါတယ်။

မှားယွင်းမှုတွေ ရှုံးနိမ့်မှုတွေ ကံမကောင်းမှု တွေကို မြင်တွေ့လာ သောအခါ ထိုသူတို့ရဲ့ အသိပညာ ဉာဏ်အမြော်အမြင် တွေကို ကျွန်တော်တို့ သင်ယူ ရရှိ နိုင်ပါတယ်။

ဘယ်လို လုပ်လိုက်ရင် ဘယ်လိုမျိုး ရလဒ်တွေကို ရတတ်တယ် ဆိုတာလည်း သိမြင် နေသောအခါ မှားယွင်းမှုတွေ ရှုံးနိမ့်မှုတွေ မဖြစ်အောင် သတိထားပြီး လုပ်ဆောင် နိုင်ပါတယ်။

မှားယွင်းမှုတွေ ကျရှုံးမှုတွေဟာ ကျွန်တော်တို့ရဲ့ ဘဝ အတွေ့အကြုံသာ ဖြစ်ပါတယ်။ ထိုအတွေ့အကြုံ တွေကနေ သင်ခန်းစာ ယူပြီး လက်တွေ့ ဘဝမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစား လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

Ref : The Lion, the Ass and the Fox

Crd

phoomyatchal

Zawgyi

အေတြ႕အႀကဳံကေန သင္ယူပါ

တခါတုန္းက ျခေသၤ့တေကာင္၊ ျမည္းတေကာင္နဲ႔ ေျမေခြးတေကာင္ တို႔ဟာ မိတ္ေဆြ ဖြဲ႕ၿပီး အမဲလိုက္ ထြက္ၾကတယ္။ သူတို႔ေတြ ေတာေကာင္ ေတာ္ေတာ္ မ်ားမ်ား ရလာတဲ့ အခါ ျခေသၤ့က ျမည္းကို ေဝစု ခြဲဖို႔ ေျပာလိုက္တယ္။

ထိုအခါ ျမည္းကလည္း အညီ အမွ် သုံးပုံ ပုံၿပီး ႀကိဳက္ရာပုံကို ယူေဆာင္ စားသုံးဖို႔ ျခေသၤ့ကို ေျပာလိုက္တယ္။ အဲဒီလို ေျပာလိုက္တဲ့ အခါ ျခေသၤ့က ျမည္းကို ေဒါသထြက္ၿပီး ခုန္အုပ္ကာ ဝါးမ်ိဳ စားေသာက္ လိုက္ေတာ့တယ္။

အဲဒီလို ျမည္းကို စားေသာက္ၿပီးတဲ့ ေနာက္မွာ ေျမေခြးကို ေဝစု ခြဲဖို႔ ေျပာလိုက္ ျပန္တယ္။ ထိုအခါ ေျမေခြး ကလည္း သားေကာင္ အားလုံး နီးပါးကို အပုံ အႀကီးႀကီး တပုံပုံလိုက္ၿပီး သူ႔အတြက္ေတာ့ အနည္းငယ္ ကိုသာ ခ်န္ထား လိုက္တယ္။

ထို႔ေနာက္ ေျမေခြးက ျခေသၤ့ကို စိတ္ႀကိဳက္ စားေသာက္ဖို႔ ေျပာလိုက္တယ္။ ျခေသၤ့က "ဒီလို ပုံနည္းကို ဘယ္သူက သင္ေပးတာလဲ" လို႔ ေျမေခြးကို ေမးလိုက္တယ္။

ေျမေခြး ကလည္း "ျမည္း ဘာျဖစ္သြားသလဲ ဆိုတာက သင္ေပး လိုက္တာပါ" လို႔ ျခေသၤ့ကို ျပန္ေျဖလိုက္ ပါေတာ့တယ္။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ က်ေနာ္တို႔ေတြဟာ တျခားသူ ေတြရဲ႕ ကံမေကာင္းမႈေတြ ရႈံးနိမ့္မႈ ေတြကို လက္ေတြ႕ ျမင္ေတြ႕တဲ့ အခါ အသိပညာ အေျမာ္အျမင္ေတြ ရရွိလာ ေစပါတယ္။

မွားယြင္းမႈေတြ ရႈံးနိမ့္မႈေတြ ကံမေကာင္းမႈ ေတြကို ျမင္ေတြ႕လာ ေသာအခါ ထိုသူတို႔ရဲ႕ အသိပညာ ဉာဏ္အေျမာ္အျမင္ ေတြကို ကြၽန္ေတာ္တို႔ သင္ယူ ရရွိ ႏိုင္ပါတယ္။

ဘယ္လို လုပ္လိုက္ရင္ ဘယ္လိုမ်ိဳး ရလဒ္ေတြကို ရတတ္တယ္ ဆိုတာလည္း သိျမင္ ေနေသာအခါ မွားယြင္းမႈေတြ ရႈံးနိမ့္မႈေတြ မျဖစ္ေအာင္ သတိထားၿပီး လုပ္ေဆာင္ ႏိုင္ပါတယ္။

မွားယြင္းမႈေတြ က်ရႈံးမႈေတြဟာ ကြၽန္ေတာ္တို႔ရဲ႕ ဘဝ အေတြ႕အႀကဳံသာ ျဖစ္ပါတယ္။ ထိုအေတြ႕အႀကဳံ ေတြကေန သင္ခန္းစာ ယူၿပီး လက္ေတြ႕ ဘဝမွာ အေကာင္းဆုံး ျဖစ္ေအာင္ ႀကိဳးစား လုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။

Ref : The Lion, the Ass and the Fox

Crd

phoomyatchal

Post a Comment

0 Comments