ခေါင်းဆောင်တယောက်ရဲ့ အရည်အချင်း

တခါတုန်းက နပိုလီယံ စစ်ချီတဲ့ အခါမှာ ရန်သူ့တပ်က လမ်းမှာ ပိတ်ဆို့ နေတယ်။ ရန်သူ့ တပ်ရဲ့ အင်အား ကလည်း သူ့ရဲ့ အင်အားထက် များနေတယ်။

ရန်သူ့အင်အားက ၃၀၀ လောက် ရှိတယ်။ သူတို့က အင်အား ၇၀ လောက်ပဲ ရှိတယ်။

အဲဒီ အချိန်မှာ ရှေ့ကို တက်ပြီး ရန်သူ့ သတင်းကို ရယူတဲ့ ကင်းထောက် တပ်သားက နပိုလီယံကို "ရှေ့မှာ ရန်သူ့ အင်အား ၃၀၀ လောက်နဲ့ လမ်းကို ပိတ်ဆို့ထားတယ်" လို့ သတင်းပို့ လိုက်တယ်။

အဲဒီအခါမှာ နပိုလီယံက သူရဲ့ တပ်သားတွေဘက် လှည့်ပြီး "အတော်ပဲဟေ့ သတင်းကောင်းတော့ ရပြီ။ ရှေ့မှာ ရန်သူ့ရိက္ခာ ၃၀၀ လောက် ရောက်နေပြီတဲ့။ ငါတို့မှာလည်း ရိက္ခာ ပြတ်နေပြီ။

မင်းတို့ဟာ စစ်တိုက်စွမ်းရည် ကောင်းကြတဲ့ သူတွေ ဖြစ်တယ် ဆိုတာ အရင်ကတည်းက ငါသိခဲ့တယ်။ အဲဒီတော့ ရိက္ခာအတွက် ဘာမှ မပူရတော့ဘူး ဒီကောင်တွေ ဆီမှာ သွားလုရမယ်" လို့ ပြောလိုက်တယ် ။

ခေါင်းဆောင် တယောက်ရဲ့ ဒီလို ချီးကျူးသံ ကြားလိုက် ရတဲ့ စစ်သားတွေ ဘယ်လို ဖြစ်သွား ပါသလဲ။

သေချာတာပေါ့ ချက်ချင်း စိတ်ဓာတ်တက်ကြွ သွားပြီး ကိုယ့်ထက် အင်အား ၄ ဆ ကျော် ကြီးမားတဲ့ ရန်သူတွေကို အစွမ်းကုန် တိုက်ပြီး အောင်ပွဲကို ယူနိုင်ခဲ့ ပါတယ်။

ရိက္ခာတွေ ကိုလည်း သိမ်းနိုင် ခဲ့တာပေါ့။ နပိုလီယံရဲ့ စကားထဲက မင်းတို့ စစ်တိုက်စွမ်းရည် ကောင်းတယ် ဆိုတဲ့ စကားဟာ သူ့တပ်သားတွေကို မှတ်မှတ် ထင်ထင် ချီးကျူး လိုက်တာပါ။

ဒါဟာ သူရဲ့ စွမ်းရည်ထဲက တခုပါ။ ဒါကြောင့်လည်း နပိုလီယံ ရယ်လို့ နာမည် ကျော်ခဲ့တာပေါ့။

ဒါကြောင့် အောင်မြင်မှု ရချင်တဲ့ ခေါင်းဆောင်တွေ အတွက် ကိုယ့်လက်အောက် ငယ်သားတွေကို ချီးကျူးခြင်း အတတ် ဟာလည်း မဖြစ်မနေ လိုအပ်တဲ့ အရည်အသွေး တခုပဲ ဖြစ်ပါတယ်။

ThutaZone

Zawgyi












ThutaZone

Post a Comment

0 Comments