ညစ်ပတ်ပြီး အသုံးပြုမရတဲ့ရေကန်တွေကို ပြန်လည်ပြုပြင်ခဲ့တဲ့ အသက် 26 နှစ်အရွယ် အမျိုးသားတစ်ဦး

ကမ္ဘာပေါ်မှာ လူပေါင်း ၈၄၄ သန်းလောက်က သန့်ရှင်းတဲ့ရေကို ပြတ်တောက်လျက်ရှိပြီး နောက်ဆုံးရ သတင်းတွေအရ ကမ္ဘာ့အဆိုးရွားဆုံး ရေပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သိရပါတယ်။ ရေထုညစ်ညမ်းမှုက အဓိက ပြဿနာတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ ရေကို ဂရုတစိုက်နဲ့ သေချာပြန်လည်သန့်ရှင်းရေးလုပ်နေတဲ့ စူပါဟီးရိုးတွေ တကယ့်လက်တွေ့ဘဝမှာ ရှိပါတယ်။

တစ်နေ့မှာ အိန္ဒိယနိုင်ငံက Ramveer Tanwar ဆိုတဲ့ အမျိုးသားဟာ ငယ်ငယ်က သူငယ်ချင်းတွေနဲ့ ကစားခဲ့တဲ့ အနီးနားမှာရှိတဲ့ ရေကန်တွေ ပျောက်ကွယ်သွားတယ်ဆိုတာကို သတိထားမိခဲ့ပါတယ်။ ဒါ့အပြင် ရေတိမ်တဲ့နေရာ အများအပြားဟာ ညစ်ညမ်းပြီး အမှိုက်ပစ်တဲ့နေရာတွေ ဖြစ်လာခဲ့ပါတယ်။

သန့်ရှင်းတဲ့ရေရှိခြင်းရဲ့ အရေးပါပုံကို ပြည်သူတွေကို ပညာပေးရမည့်အချိန်ရောက်ပြီလို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရွာသားတွေကို စည်းရုံးဖို့ အစက မလွယ်ကူခဲ့ပါဘူး။

Ramveer ဟာ အစပိုင်းမှာ သူ့ရွာက ကလေးတွေကို ညစ်ပတ်သေဆုံးနေတဲ့ ရေအရင်းအမြစ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာလုပ်ဆောင်ရမယ်လို့ သင်ခန်းစာတွေပို့ချပေးခဲ့ပါတယ်။ ရေထုညစ်ညမ်းမှုနှင့် ရေထိန်းသိမ်းမှုဆိုင်ရာ လက်ရှိပြဿနာတွေနှင့်ပတ်သက်ပြီး သူတို့ရဲ့မိဘတွေကို သတိပေးဖို့အတွက်လည်း Ramveer က ကျောင်းသားတွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ရွာသားတွေက သူတို့ရေကုန်သွားနိုင်တယ်လို့ မယုံကြည်တဲ့အတွက် ဒါက အလုပ်မဖြစ်ခဲ့ပါဘူး။

Ramveer က ဒီကိစ္စကို သူ့ဘာသာသူ လုပ်ရမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါ့ကြောင့် တစ်အိမ်တက်တစ်အိမ်ဆင်း သွားပြီး ရေအရင်းအမြစ်တွေ လျော့နည်းသွားပြီ ဖြစ်တဲ့အကြောင်းကို ရှင်းပြခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျောင်းသားတွေကို တနင်္ဂနွေနေ့တိုင်း နေရာတစ်ခုမှာ စုစေခဲ့ပါတယ်။ သူတို့ရဲ့မိဘတွေပါ ခေါ်လာစေပြီးတော့ ဆွေးနွေးမှု ပြုလုပ်ရင်း ရေထိန်းသိမ်းမှု နည်းလမ်းတွေကို အကြံပေးနိုင်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ရွာသားတွေက သူတို့ ရင်ဆိုင်နေရတဲ့ ပြဿနာကို နားလည်လာပါတယ်။

Ramveer ရဲ့ ကြိုးပမ်းအားထုတ်မှုကို အာဏာပိုင်တွေက အသိအမှတ်ပြုခဲ့ပြီး အစည်းအဝေးတွေကို "Jal Chaupals" လို့ တရားဝင် အမည်ပေးခဲ့ပါတယ်။

စိတ်ရှည်သည်းခံမှုနဲ့ ကြိုးစားမှုဟာ အမြဲတမ်း အလုပ်ဖြစ်စေပါတယ်။

2015 ခုနှစ်မှာ Ramveer နှင့် သူရဲ့ စေတနာ့ဝန်ထမ်းအဖွဲ့၊ သူရဲ့ကျောင်းသားတွေနှင့် ကျောင်းသားမိဘတွေဟာ ဒီကန်ထဲက အမှိုက်တွေအားလုံးကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ သန့်ရှင်းရေး လုပ်ရုံသာမက ပတ်ပတ်လည်မှာ သစ်ပင်လေးတွေလည်း စိုက်ပျိုးခဲ့ကြပါတယ်။ နောက်ပိုင်းမှာ သူတို့ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ပြန်လည်ထူထောင်ရေးကို လာရောက်ကြည့်ရှုဖို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို ဖိတ်ကြားခဲ့ပါတယ်။

သတင်းကောင်းဟာ လျင်မြန်စွာ ပျံ့နှံ့သွားပါတယ်။ မကြာမီမှာပဲ အခြားသော ကျေးရွာတွေနှင့် ခရိုင်တွေက လူတွေဟာ သူတို့ဒေသရဲ့ ရေတွင်းရေကန်တွေ ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်ပြီး အကူအညီတောင်းခံဖို့ Ramveer ဆီကို ရောက်လာကြပါတယ်။

သန့်ရှင်းသပ်ရပ်ပြီး ရေသန့်တွေကိုပဲ ထုတ်လုပ်နိုင်တဲ့စနစ်

စေတနာ့ဝန်ထမ်းတွေနှင့် ဝါသနာရှင်များစွာတို့ရဲ့ အကူအညီကြောင့် ရေကန် ဒါဇင်ပေါင်းများစွာကို ပြန်လည်ပြုပြင်နိုင်ခဲ့ပါတယ်။ ရေတွေကို သန့်စင်အောင် လုပ်ဖို့ထက် အရေးကြီးဆုံးက နောက်ထပ် ညစ်ညမ်းမှု မဖြစ်အောင် ကာကွယ်ဖို့ပါပဲ။ ရေကို သန့်စင်ပြီးတာနဲ့ အဖွဲ့တွေဟာ အမှိုက်တွေစုဖို့ သီးခြားတွင်းတစ်ခုကို တူးလိုက်ပါတယ်။ ပြီးတော့ ရေကို နှစ်ထပ်စစ်ထုတ်ဖို့အတွက် သစ်သားတွေ၊ မြက်တွေနှင့်ပြုလုပ်ထားတဲ့ ဇကာတစ်ခု၊ သေးငယ်တဲ့အမှိုက်သေးသေးလေးတွေ ရေထဲသို့ မဝင်စေဖို့ တားဆီးပေးတဲ့ filtration system စတဲ့ နည်းမျိုးစံကို အသုံးပြုထားပါတယ်။ တွင်းတွေနှင့် ဇကာတွေကိုလည်း တစ်ပတ်တစ်ကြိမ် ပုံမှန်သန့်ရှင်းရေးပြုလုပ်ပေးပါတယ်။

ခရီးဆက်ခြင်း

Ramveer ဟာ အိန္ဒိယနိုင်ငံမှာ ရေထိန်းသိမ်းဖို့ ကြိုးပမ်းမှုကို ဆက်လက်လုပ်ဆောင်နေပြီး အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရပါတယ်။ သူ့ပြည်နယ်အစိုးရဟာ သူ့ကိုကူညီပြီး ပြည်နယ်ခရိုင် တစ်ခုစီတိုင်းမှာ "Groundwater Army" လို့ခေါ်တဲ့ အဖွဲ့အစည်းတွေကို တည်ထောင်ခဲ့ပါတယ်။ Ramveer ဟာ အခုအချိန်မှာ သူ့ခရိုင်ရဲ့ ညှိနှိုင်းရေးမှူး ဖြစ်လာခဲ့ပါပြီ။ ပြီးတော့ သူတို့ဘက်က ဒေသတွေကို ရေထိန်းသိမ်းခြင်းရဲ့ အရေးပါပုံကို လိုက်လံပြောကြား စေပါတယ်။

စိတ်မကောင်းစရာ တစ်ခုကတော့ အစိုးရက ဒီလိုမျိုး အသိပညာပေး အစီအစဉ်တွေအတွက် ရံပုံငွေ မရှိတာကြောင့် Ramveer ဟာ သူစတင်ခဲ့ရာကို ဆက်လက်လုပ်ဆောင်ဖို့အတွက် သူ့ကိုယ်ပိုင်ငွေကို သုံးစွဲခဲ့ရပါတယ်။

Zombie (lovemedia)

for zawgyi

ညစ္ပတ္ၿပီး အသုံးျပဳမရတဲ့ေရကန္ေတြကို ျပန္လည္ျပဳျပင္ခဲ့တဲ့ အသက္ 26 ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး

ကမာၻေပၚမွာ လူေပါင္း ၈၄၄ သန္းေလာက္က သန႔္ရွင္းတဲ့ေရကို ျပတ္ေတာက္လ်က္ရွိၿပီး ေနာက္ဆုံးရ သတင္းေတြအရ ကမာၻ႔အဆိုး႐ြားဆုံး ေရျပႆနာႏွင့္ ရင္ဆိုင္ေနရေၾကာင္း သိရပါတယ္။ ေရထုညစ္ညမ္းမႈက အဓိက ျပႆနာေတြထဲမွာ တစ္ခုအပါအဝင္ပါပဲ။ ေရကို ဂ႐ုတစိုက္နဲ႔ ေသခ်ာျပန္လည္သန႔္ရွင္းေရးလုပ္ေနတဲ့ စူပါဟီး႐ိုးေတြ တကယ့္လက္ေတြ႕ဘဝမွာ ရွိပါတယ္။

တစ္ေန႔မွာ အိႏၵိယႏိုင္ငံက Ramveer Tanwar ဆိုတဲ့ အမ်ိဳးသားဟာ ငယ္ငယ္က သူငယ္ခ်င္းေတြနဲ႔ ကစားခဲ့တဲ့ အနီးနားမွာရွိတဲ့ ေရကန္ေတြ ေပ်ာက္ကြယ္သြားတယ္ဆိုတာကို သတိထားမိခဲ့ပါတယ္။ ဒါ့အျပင္ ေရတိမ္တဲ့ေနရာ အမ်ားအျပားဟာ ညစ္ညမ္းၿပီး အမႈိက္ပစ္တဲ့ေနရာေတြ ျဖစ္လာခဲ့ပါတယ္။

သန႔္ရွင္းတဲ့ေရရွိျခင္းရဲ႕ အေရးပါပုံကို ျပည္သူေတြကို ပညာေပးရမည့္အခ်ိန္ေရာက္ၿပီလို႔ ဆုံးျဖတ္ခဲ့ပါတယ္။

႐ြာသားေတြကို စည္း႐ုံးဖို႔ အစက မလြယ္ကူခဲ့ပါဘူး။

Ramveer ဟာ အစပိုင္းမွာ သူ႔႐ြာက ကေလးေတြကို ညစ္ပတ္ေသဆုံးေနတဲ့ ေရအရင္းအျမစ္ႏွင့္ပတ္သက္ၿပီး တစ္စုံတစ္ရာလုပ္ေဆာင္ရမယ္လို႔ သင္ခန္းစာေတြပို႔ခ်ေပးခဲ့ပါတယ္။ ေရထုညစ္ညမ္းမႈႏွင့္ ေရထိန္းသိမ္းမႈဆိုင္ရာ လက္ရွိျပႆနာေတြႏွင့္ပတ္သက္ၿပီး သူတို႔ရဲ႕မိဘေတြကို သတိေပးဖို႔အတြက္လည္း Ramveer က ေက်ာင္းသားေတြကို ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ စိတ္မေကာင္းစြာနဲ႔ပဲ ႐ြာသားေတြက သူတို႔ေရကုန္သြားႏိုင္တယ္လို႔ မယုံၾကည္တဲ့အတြက္ ဒါက အလုပ္မျဖစ္ခဲ့ပါဘူး။

Ramveer က ဒီကိစၥကို သူ႔ဘာသာသူ လုပ္ရမယ္လို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဒါ့ေၾကာင့္ တစ္အိမ္တက္တစ္အိမ္ဆင္း သြားၿပီး ေရအရင္းအျမစ္ေတြ ေလ်ာ့နည္းသြားၿပီ ျဖစ္တဲ့အေၾကာင္းကို ရွင္းျပခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ေက်ာင္းသားေတြကို တနဂၤေႏြေန႔တိုင္း ေနရာတစ္ခုမွာ စုေစခဲ့ပါတယ္။ သူတို႔ရဲ႕မိဘေတြပါ ေခၚလာေစၿပီးေတာ့ ေဆြးေႏြးမႈ ျပဳလုပ္ရင္း ေရထိန္းသိမ္းမႈ နည္းလမ္းေတြကို အႀကံေပးႏိုင္ခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ ႐ြာသားေတြက သူတို႔ ရင္ဆိုင္ေနရတဲ့ ျပႆနာကို နားလည္လာပါတယ္။

Ramveer ရဲ႕ ႀကိဳးပမ္းအားထုတ္မႈကို အာဏာပိုင္ေတြက အသိအမွတ္ျပဳခဲ့ၿပီး အစည္းအေဝးေတြကို "Jal Chaupals" လို႔ တရားဝင္ အမည္ေပးခဲ့ပါတယ္။

စိတ္ရွည္သည္းခံမႈနဲ႔ ႀကိဳးစားမႈဟာ အၿမဲတမ္း အလုပ္ျဖစ္ေစပါတယ္။

2015 ခုႏွစ္မွာ Ramveer ႏွင့္ သူရဲ႕ ေစတနာ့ဝန္ထမ္းအဖြဲ႕၊ သူရဲ႕ေက်ာင္းသားေတြႏွင့္ ေက်ာင္းသားမိဘေတြဟာ ဒီကန္ထဲက အမႈိက္ေတြအားလုံးကို ဖယ္ရွားႏိုင္ခဲ့ပါတယ္။ သန႔္ရွင္းေရး လုပ္႐ုံသာမက ပတ္ပတ္လည္မွာ သစ္ပင္ေလးေတြလည္း စိုက္ပ်ိဳးခဲ့ၾကပါတယ္။ ေနာက္ပိုင္းမွာ သူတို႔ရဲ႕ ႀကီးက်ယ္ခမ္းနားလွတဲ့ ျပန္လည္ထူေထာင္ေရးကို လာေရာက္ၾကည့္ရႈဖို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ကို ဖိတ္ၾကားခဲ့ပါတယ္။

သတင္းေကာင္းဟာ လ်င္ျမန္စြာ ပ်ံ႕ႏွံ႔သြားပါတယ္။ မၾကာမီမွာပဲ အျခားေသာ ေက်း႐ြာေတြႏွင့္ ခ႐ိုင္ေတြက လူေတြဟာ သူတို႔ေဒသရဲ႕ ေရတြင္းေရကန္ေတြ ျပန္လည္ထူေထာင္ေရးႏွင့္ ပတ္သက္ၿပီး အကူအညီေတာင္းခံဖို႔ Ramveer ဆီကို ေရာက္လာၾကပါတယ္။

သန႔္ရွင္းသပ္ရပ္ၿပီး ေရသန႔္ေတြကိုပဲ ထုတ္လုပ္ႏိုင္တဲ့စနစ္

ေစတနာ့ဝန္ထမ္းေတြႏွင့္ ဝါသနာရွင္မ်ားစြာတို႔ရဲ႕ အကူအညီေၾကာင့္ ေရကန္ ဒါဇင္ေပါင္းမ်ားစြာကို ျပန္လည္ျပဳျပင္ႏိုင္ခဲ့ပါတယ္။ ေရေတြကို သန႔္စင္ေအာင္ လုပ္ဖို႔ထက္ အေရးႀကီးဆုံးက ေနာက္ထပ္ ညစ္ညမ္းမႈ မျဖစ္ေအာင္ ကာကြယ္ဖို႔ပါပဲ။ ေရကို သန႔္စင္ၿပီးတာနဲ႔ အဖြဲ႕ေတြဟာ အမႈိက္ေတြစုဖို႔ သီးျခားတြင္းတစ္ခုကို တူးလိုက္ပါတယ္။ ၿပီးေတာ့ ေရကို ႏွစ္ထပ္စစ္ထုတ္ဖို႔အတြက္ သစ္သားေတြ၊ ျမက္ေတြႏွင့္ျပဳလုပ္ထားတဲ့ ဇကာတစ္ခု၊ ေသးငယ္တဲ့အမႈိက္ေသးေသးေလးေတြ ေရထဲသို႔ မဝင္ေစဖို႔ တားဆီးေပးတဲ့ filtration system စတဲ့ နည္းမ်ိဳးစံကို အသုံးျပဳထားပါတယ္။ တြင္းေတြႏွင့္ ဇကာေတြကိုလည္း တစ္ပတ္တစ္ႀကိမ္ ပုံမွန္သန႔္ရွင္းေရးျပဳလုပ္ေပးပါတယ္။

ခရီးဆက္ျခင္း

Ramveer ဟာ အိႏၵိယႏိုင္ငံမွာ ေရထိန္းသိမ္းဖို႔ ႀကိဳးပမ္းမႈကို ဆက္လက္လုပ္ေဆာင္ေနၿပီး အခက္အခဲေပါင္းမ်ားစြာကို ျဖတ္ေက်ာ္ခဲ့ရပါတယ္။ သူ႔ျပည္နယ္အစိုးရဟာ သူ႔ကိုကူညီၿပီး ျပည္နယ္ခ႐ိုင္ တစ္ခုစီတိုင္းမွာ "Groundwater Army" လို႔ေခၚတဲ့ အဖြဲ႕အစည္းေတြကို တည္ေထာင္ခဲ့ပါတယ္။ Ramveer ဟာ အခုအခ်ိန္မွာ သူ႔ခ႐ိုင္ရဲ႕ ညႇိႏႈိင္းေရးမႉး ျဖစ္လာခဲ့ပါၿပီ။ ၿပီးေတာ့ သူတို႔ဘက္က ေဒသေတြကို ေရထိန္းသိမ္းျခင္းရဲ႕ အေရးပါပုံကို လိုက္လံေျပာၾကား ေစပါတယ္။

စိတ္မေကာင္းစရာ တစ္ခုကေတာ့ အစိုးရက ဒီလိုမ်ိဳး အသိပညာေပး အစီအစဥ္ေတြအတြက္ ရံပုံေငြ မရွိတာေၾကာင့္ Ramveer ဟာ သူစတင္ခဲ့ရာကို ဆက္လက္လုပ္ေဆာင္ဖို႔အတြက္ သူ႔ကိုယ္ပိုင္ေငြကို သုံးစြဲခဲ့ရပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments