ကမ္ဘာ့ပထမဆုံးအဖြစ် လူသားနှလုံးကို ဝက်နှလုံးနဲ့ အစားထိုးကုသနိုင်ခဲ့တဲ့ဆရာဝန်များ

ကမ္ဘာပေါ်မှာ ပထမဆုံးအဖြစ် ဝက်နှလုံးကို လူသားနှလုံးထဲ ထည့်သွင်းပြီး ကုသနိုင်သွားပါပြီ။ ခွဲစိတ်ပြီး ၃ ရက်အကြာမှာပဲ သက်သာလာတယ်လို့ ဆိုပါတယ်။


အမေရိကန်နိုင်ငံက အသက် ၅၇ နှစ်အရွယ် David Bennett က နှလုံးရောဂါကြောင့် သေလုဆဲဆဲ ဖြစ်နေခဲ့ပါတယ်။ လူသားနှလုံးကိုလည်း ထည့်သွင်းပြီး မကုသနိုင် ဖြစ်နေခဲ့ပါတယ်။ David မှာ ရွေးချယ်စရာတောင် မရှိခဲ့ပါဘူး။


" ဝက်နှလုံးနဲ့ ထည့်သွင်းပြီး ကုမလား၊ အသေခံမလား ဆိုပြီးတော့ ရွေးစရာ ၂ ခုပဲ ကျွန်တော့်မှာ ရှိခဲ့ပါတယ်။ ကျွန်တော် အသက်ရှင်ရှင်တယ်။ အသက်ရှင်ဖို့ ဆိုတာတော့ အမှောင်ထဲမှာ သေနတ်ပစ်သလို မသေချာဘူး။ ဒါပေမယ့် ဒါက ကျွန်တော့်ရဲ့ နောက်ဆုံးရွေးချယ်မှုပဲ" လို့ ခွဲစိတ်မှုမလုပ်ခင်မှာ David က ပြောပါတယ်။


နှလုံးအစားထိုးကုသဖို့ နှလုံးတွေ အများကြီး လိုအပ်ပေမယ့် နှလုံးက ရှားပါးပါတယ်။ "ဒီနည်းသာ အလုပ်ဖြစ်ရင် နှလုံးအစားထိုး ကုသရမယ့် လူနာတွေအတွက် အများကြီး ဝမ်းသာစရာ ဖြစ်သွားပြီ" လို့ ဒေါက်တာ Muhammad Mohinuddin က ပြောပါတယ်။



အရင်က ဝက်နှလုံးနဲ့ အစားထိုး ကုသပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ လူသားခန္ဓာကိုယ်က တိရစ္ဆာန်အင်္ဂါ အစိတ်အပိုင်းကို အလျင်အမြန်ငြင်းပယ်လို့ပါ။


လူနာမှာ ရွေးချယ်စရာ မရှိတော့ဘဲ အသက်အန္တရာယ် အရမ်းစိုးရိမ်ရတဲ့အခါ ဒီလို အစားထိုး ကုသမှုတွေ ပြုလုပ်ဖို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ကြီးကြပ်ပေးပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments