ကုလားအုတ် သားအမိ

တခါတုန်းက ကုလားအုတ် သားအမိ နှစ်ကောင် ရှိတယ် ။ တနေ့မှာတော့ ကုလားအုတ်မေမေကို သူမရဲ့ သားလေးက မေးပါတယ်။ " မေမေ သားရဲ့ ကျောကုန်းမှာ ဘာလို့ ဘုကြီးတွေ ပါနေရတာလဲ "

ကုလားအုတ်မေမေက ပြန်ဖြေပါတယ်။ " မေမေတို့ရဲ့ ကျောကုန်းက ဘုကြီးထဲမှာ ရေတွေကို သိုလှောင် ထားတာပေါ့။ အဲဒါကြောင့် ဒီကန္တရထဲမှာ မေမေတို့ ရှင်သန်နိုင်တာပေါ့ သားရဲ့ "

" အို ၊ အဲဒါဆို ကျွန်တော်တို့မှာ ဘာလို့ ခြေတံရှည်ပြီး ခြေထောက်မှာ ဘာလို့ ခွာတွေ ပါနေရတာလဲ " လို့ ကုလားအုတ်သားလေးက မေးပြန်တယ် ။

" သဲကန္တရထဲမှာ လမ်းလျှောက်ရတာ အဆင်ပြေအောင် လို့ပေါ့ သားရယ် " လို့ အမေက ပြန်ဖြေ ပြန်တယ်။ " ဟုတ်လား ၊ အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ မျက်ခွံကလည်း ဘာလို့ ရှည်နေရပြန် တာလဲ "

" မေမေတို့ မျက်လုံးတွေကို ဖုန်တွေ အမှုန့်အမွှားတွေ ဒဏ်ကို ကာကွယ်ပေးနိုင် ဖို့ပေါ့ " အဲဒီအခါ ကုလားအုတ်သားပေါက်လေးက စဉ်းစားပြီးမေးပြန်တယ်။

" အဲဒါဆိုရင် သားတို့က သဲကန္တရထဲမှာ နေနိုင်အောင် ရေတွေ သိုလှောင်ထားဖို့ ကျောမှာ ဘုကြီး ပါတယ်။ ခြေထောက်တွေက သဲထဲမှာလမ်းလျှောက်ရ လွယ်အောင် လုပ်ထားပေးတယ် ၊ မျက်လုံးကို သဲကန္တရက သဲမုန်တိုင်းဒဏ်တွေ၊ ဖုန်တွေဒဏ် ကာကွယ်အောင် မျက်ခွံက ကာကွယ် ပေးထားပေမယ့် ကျွန်တော်တို့က တိရိစ္ဆာန်ရုံထဲ ရောက်နေရင် အဲဒါတွေက ဘာမှ အသုံးမဝင်တော့ဘူး ပေါ့နော် " လို့ ပြောလိုက်ပါတယ်။

ဒီပုံပြင်လေး ထဲကလိုပါပဲ ကျွန်တော်တို့မှာရှိတဲ့ စွမ်းရည်တွေ၊ ခွန်အားတွေ၊ အသိဉာဏ် ပညာတွေကို နေရာမှန်စွာ အသုံးမချရင် တန်ဖိုးမရှိ၊ အသုံးမဝင်တော့ ပါဘူး။

ကိုယ့်ရဲ့ တန်ဖိုးကို သိပြီး ကိုယ့်ကို တန်ဖိုးထားတဲ့ သူတွေနဲ့သာ ကိုယ့်တန်ဖိုးက ပိုပြီး အရောင် တောက်ပ လာနိုင်တာဖြစ်သလို၊ ပိုပြီးလည်း အသုံးဝင်နိုင် ပါတယ် ။

ကိုယ့်က ဘယ်လောက်ပဲ အဖိုးတန်ပါစေ၊ တန်ဖိုးမသိတဲ့ လူတွေ အတွက်တော့ ဘာမှ သုံးစားလို့ မရနိုင်ပါဘူးလို့ သင်ခန်းစာ ပေးထားတာ ဖြစ်ပါတယ်။

crd

Zawgyi

ကုလားအုတ္ သားအမိ

တခါတုန္းက ကုလားအုတ္ သားအမိ ႏွစ္ေကာင္ ရွိတယ္ ။ တေန႔မွာေတာ့ ကုလားအုတ္ေမေမကို သူမရဲ႕ သားေလးက ေမးပါတယ္။ " ေမေမ သားရဲ႕ ေက်ာကုန္းမွာ ဘာလို႔ ဘုႀကီးေတြ ပါေနရတာလဲ "

ကုလားအုတ္ေမေမက ျပန္ေျဖပါတယ္။ " ေမေမတို႔ရဲ႕ ေက်ာကုန္းက ဘုႀကီးထဲမွာ ေရေတြကို သိုေလွာင္ ထားတာေပါ့။ အဲဒါေၾကာင့္ ဒီကႏၲရထဲမွာ ေမေမတို႔ ရွင္သန္ႏိုင္တာေပါ့ သားရဲ႕ "

" အို ၊ အဲဒါဆို ကြၽန္ေတာ္တို႔မွာ ဘာလို႔ ေျခတံရွည္ၿပီး ေျခေထာက္မွာ ဘာလို႔ ခြာေတြ ပါေနရတာလဲ " လို႔ ကုလားအုတ္သားေလးက ေမးျပန္တယ္ ။

" သဲကႏၲရထဲမွာ လမ္းေလွ်ာက္ရတာ အဆင္ေျပေအာင္ လို႔ေပါ့ သားရယ္ " လို႔ အေမက ျပန္ေျဖ ျပန္တယ္။ " ဟုတ္လား ၊ အဲဒါဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕ မ်က္ခြံကလည္း ဘာလို႔ ရွည္ေနရျပန္ တာလဲ "

" ေမေမတို႔ မ်က္လုံးေတြကို ဖုန္ေတြ အမႈန႔္အမႊားေတြ ဒဏ္ကို ကာကြယ္ေပးႏိုင္ ဖို႔ေပါ့ " အဲဒီအခါ ကုလားအုတ္သားေပါက္ေလးက စဥ္းစားၿပီးေမးျပန္တယ္။

" အဲဒါဆိုရင္ သားတို႔က သဲကႏၲရထဲမွာ ေနႏိုင္ေအာင္ ေရေတြ သိုေလွာင္ထားဖို႔ ေက်ာမွာ ဘုႀကီး ပါတယ္။ ေျခေထာက္ေတြက သဲထဲမွာလမ္းေလွ်ာက္ရ လြယ္ေအာင္ လုပ္ထားေပးတယ္ ၊ မ်က္လုံးကို သဲကႏၲရက သဲမုန္တိုင္းဒဏ္ေတြ၊ ဖုန္ေတြဒဏ္ ကာကြယ္ေအာင္ မ်က္ခြံက ကာကြယ္ ေပးထားေပမယ့္ ကြၽန္ေတာ္တို႔က တိရိစာၦန္႐ုံထဲ ေရာက္ေနရင္ အဲဒါေတြက ဘာမွ အသုံးမဝင္ေတာ့ဘူး ေပါ့ေနာ္ " လို႔ ေျပာလိုက္ပါတယ္။

ဒီပုံျပင္ေလး ထဲကလိုပါပဲ ကြၽန္ေတာ္တို႔မွာရွိတဲ့ စြမ္းရည္ေတြ၊ ခြန္အားေတြ၊ အသိဉာဏ္ ပညာေတြကို ေနရာမွန္စြာ အသုံးမခ်ရင္ တန္ဖိုးမရွိ၊ အသုံးမဝင္ေတာ့ ပါဘူး။

ကိုယ့္ရဲ႕ တန္ဖိုးကို သိၿပီး ကိုယ့္ကို တန္ဖိုးထားတဲ့ သူေတြနဲ႔သာ ကိုယ့္တန္ဖိုးက ပိုၿပီး အေရာင္ ေတာက္ပ လာႏိုင္တာျဖစ္သလို၊ ပိုၿပီးလည္း အသုံးဝင္ႏိုင္ ပါတယ္ ။

ကိုယ့္က ဘယ္ေလာက္ပဲ အဖိုးတန္ပါေစ၊ တန္ဖိုးမသိတဲ့ လူေတြ အတြက္ေတာ့ ဘာမွ သုံးစားလို႔ မရႏိုင္ပါဘူးလို႔ သင္ခန္းစာ ေပးထားတာ ျဖစ္ပါတယ္။

crd

Post a Comment

0 Comments