Gym မသွားဘဲ ကယ်လိုရီတွေ လျော့ပါးစေမယ့် နည်းလမ်း (၆) ခု

Gym သွားပြီး လေ့ကျင့်ခန်းလုပ်တာက ကျန်းမာပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပါတယ်။ ဒါပေမယ့် ကယ်လိုရီတွေ များများလျော့ပါးဖို့ဆိုရင် gym မသွားဘဲ တခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်။ အဲဒီနည်းလမ်းက အချိန်လည်း မကုန်တဲ့အပြင် ပုံမှန်ပြုလုပ်ပေးတဲ့အခါ သိသာတဲ့ ရလဒ်တွေကိုပါ ရရှိစေမှာပါ။

၁။ ရေနွေးနှင့် ရေချိုးခြင်း

ညနေပိုင်းမှာ ရေနွေးနဲ့ ရေချိုးတာက စိတ်အပန်းပြေစေပါတယ်။ နောက်ထပ် အကျိုးကျေးဇူး တစ်ခုကတော့ ရေနွေးနဲ့ရေချိုးတဲ့အခါ ကယ်လိုရီတွေ ပိုပြီးလျော့ပါးနိုင်တာပါ။ ရေနွေးနဲ့ တစ်နာရီကြာရေချိုးရင် ကယ်လိုရီ ၁၃၀ ခန့် လျော့ပါးကြောင်း လေ့လာချက်တွေမှာ ဖော်ပြထားပါတယ်။

၂။ ရေအေးသောက်ခြင်း

ခန္ဓာကိုယ်မှာ ရေဓါတ်ပြည့်ဝမှ အခြားလုပ်ငန်းတွေ လုပ်ဆောင်နိုင်မှာပါ။ ကိုယ်အလေးချိန် လျှော့နေသူတွေအတွက် ရေအေးသောက်တာက မရှိမဖြစ် အရေးပါပါတယ်။ ကိုယ်အလေးချိန် လျှော့ချနေသူအတွက် တစ်နေ့ကို ရေ ၃ လီတာခန့် သောက်သင့်ပါတယ်။

၃။ ဗီနီလာအနံ့

စားကောင်းသောက်ဖွယ် အနံ့တွေရလာရင် ဗိုက်ဆာလာပြီး စားမိလိုက်ရင်တော့ ဝိတ်တက်လာမှာပါ။ အဲဒါရဲ့ဆန့်ကျင်ဘက်အနေနဲ့ အချို့အနံ့တွေကို ရရင် ဗိုက်ပြည့်သလို ခံစားရစေတာကြောင့် အစားစားချင်စိတ်ကို ထိန်းချုပ်နိုင်ပါတယ်။ ကိုယ်အလေးချိန် အလွန်အမင်း များသူတွေအတွက် ဗီနီလာအနံ့ရှိတဲ့ ရေမွှေးလေးကို ဆွတ်ထားရင် ဗိုက်ပြည့်သလို ခံစားရစေမှာပါ။

၄။ အိမ်မှုကိစ္စများလုပ်ခြင်း

ကြမ်းတိုက်တာ၊ ပန်းကန်ဆေးတာက ပျင်းစရာကောင်းတယ်လို့ ထင်ရပေမယ့် သင့်ရဲ့ကယ်လိုရီတွေကို လျော့ပါးစေပါတယ်။ အချိန်တစ်နာရီခန့်အဝတ်လျှော်ပြီး ပန်းကန်တွေဆေးလိုက်ရင် ကယ်လိုရီ ၁၀၀ ခန့် လျော့ပါးပြီးသားပါပဲ။ ရေချိုးခန်းကို ၃၅ မိနစ်ခန့် သန့်ရှင်းရေး လုပ်လိုက်ရင် လမ်းလျှောက်စက်မှာ ၃၅ မိနစ်ခန့် လမ်းလျှောက်တာနဲ့ ကယ်လိုရီလျော့ပါးတာချင်း အတူတူပါပဲ။

၅။ Green tea သောက်ခြင်း

Green tea မှာ အင်တီအောက်ဆီးဒင့်တွေ အပြည့်ပါတာကြောင့် အသားအရေကို နုပျိုစေတဲ့အပြင် ကယ်လိုရီလျော့ပါးဖို့ ထိရောက်ပါတယ်။ Green tea မှာ ကာဖိန်းဓါတ်ပါတာကြောင့် ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးပြီယ အဆီတွေကို လွယ်လွယ်ကူကူ လျော့ပါးစေပါတယ်။ ဒါပေမယ့် တစ်နေ့ကို green tea တစ်ခွက်သောက်ရုံနဲ့တော့ မလုံလောက်ပါဘူး။ တစ်နေ့ကို ၃ ခွက်ကနေ ၅ ခွက်လောက်အထိ သောက်မှ သိသာတဲ့ရလဒ်ကို တွေ့ရမှာပါ။

၆။ အခန်းအပူချိန်ကို လျှော့ချခြင်း

ခန္ဓာကိုယ်အပြင်မှာ အေးလာတာနဲ့အမျှ ခန္ဓာကိုယ်အတွင်းထဲမှာ နွေးလာအောင် ကယ်လိုရီတွေ လျော့ပါးပေးရပါတယ်။ အဲဒါကြောင့် အခန်းထဲမှာ အပူချိန်ကို လျှော့ချထားလိုက်ရင် ကယ်လိုရီ လျော့ပါးဖို့အတွက် အထောက်အကူ ဖြစ်စေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments