ချီးမွမ်းခြင်းက သင့်ဘဝကို ဘယ်လောက်ထိ သက်ရောက်စေနိုင်သလဲ

လူအများစုက တခြားသူတွေကို ချီးကျူးစကားပေးဖို့ ချီတုံချတုံ ဖြစ်တတ်ပါတယ်။ တကယ်တော့ ဒါဟာ မမှန်ပါဘူး။ အခြားသူတွေကို ချီးကျူးစကားပေးခြင်းက သင်ထင်ထားတာထက် ပိုပြီးတော့ အကျိုးသက်ရောက်စေပါတယ်။

၁။ ချီးကျုးစကားပြောပေးတာက စိတ်ကိုအများကြီး အကျိုးရှိစေပါတယ်။

နေ့စဉ် အစာစားဖို့ လိုအပ်သလိုမျိုးပဲ လူတွေဟာလည်း နေ့စဉ်နေ့တိုင်း ချီးမွမ်းခြင်းကို လိုအပ်ပါတယ်။ တစ်ပတ်တာ နေ့တိုင်း ချီးမွမ်းခံရတဲ့သူတွေဟာ အလုပ်လုပ်တဲ့နေရာမှာ ပြီးတော့ တိုးတက်လာတယ်လို့ သုတေသနအချို့က ဖော်ပြပါတယ်။ စမ်းသပ်မှုတွေအရ ချီးကျုးစကားကို နေ့စဉ်နေ့တိုင်း ကြားနေရပေမယ့်လည်း ဒီစကားတွေဟာ ရိုးအီမသွားပဲ လူကိုတိုးတက်စေဖို့ အမြဲတမ်း တွန်းအားပေးနေပါတယ်။

၂။ ဝန်ထမ်းတွေကို ချီးမွမ်းပေးခြင်းက သူတို့ကို စိတ်ချမ်းသာစေဖို့အတွက် ထိရောက်တဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။

ဝန်ထမ်းတွေ အလုပ်ကိုလာကြတာ လစာရဖို့ပါပဲ။ ဒါပေမယ့် လူတော်တော်များများက သူတို့ရဲ့အလုပ်က သူတို့ရဲ့ အရည်အချင်းနဲ့ စွမ်းရည်တွေကို တန်ဖိုးထားကြတာကြောင့် သူတို့ရဲ့အလုပ်က ကိုယ်ပိုင်ရာထူးကို ပိုဂရုစိုက်ကြပါတယ်။

ဒါကြောင့် အလုပ်ပတ်ဝန်းကျင်မှာ ချီးမွမ်းခံရခြင်းက ဝန်ထမ်းတစ်ဦးရဲ့ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး သူတို့ကို မြင်နိုင်တယ်၊ တန်ဖိုးထားတယ်၊ အသိအမှတ်ပြုမှုတယ်လို့ ခံစားရစေပါတယ်။ အာရုံကြောပညာရှင်တစ်ဦးရဲ့အဆိုအရ အလုပ်က လူတွေကို လစာတစ်ခုတည်းကပဲ ပျော်ရွှင်အောင် လုပ်ပေးနိုင်တာ မဟုတ်ပါဘူး။ ချီးကျူး၊ ဂုဏ်ပြုပေးတာကလည်း သူတို့ကို လုပ်ငန်းခွင်မှာ ပျော်ရွှင်စေပါတယ်။

၃။ စကားကို လိုတာထက် ပိုပြောတာကလည်း တစ်ဖက်လူကို စိတ်မသက်မသာ ဖြစ်စေပါတယ်။

တချို့စကားတွေက အများကြီး ပြောမိရင်လည်း တစ်ဖက်လူကို အနေကြပ်တတ်စေပါတယ်။ ဒါကြောင့် ချီးကျုးစကားပြောမယ် ဆိုရင်လည်း တစ်ဖက်သားလက်ခံနိုင်လောက်တဲ့ စကားလုံးမျိုးကိုပဲ ရွေးပြီးပြောသင့်ပါတယ်။ သင်ကအများကြီး ချီးကျုးလိုက်ပြီး အများကြီး မျှော်လင့်ထားတယ်လို့ ပြောထားလိုက်ပေမယ့် တစ်ဖက်လူက သူကြိုးစားသလို ဖြစ်မလာတဲ့အခါမှာတော့ သူ့ကိုယ်သူ သိမ်ငယ်သွားတတ်ပါတယ်။ ဒါကြောင့် တစ်ဖက်သူလက်ခံနိုင်တဲ့ စကားမျိုးပဲ ရွေးပြောသင့်ပါတယ်။

၄။ ချီးကျူးစကားက ကြိုးစားစိတ်ကို တိုးစေနိုင်ပါတယ်။

ဘဝဆိုတာဟာ စိန်ခေါ်မှုတွေ၊ ကျရှုံးတွေများစွာနှင့် ရင်ဆိုင်ရမှာဖြစ်တာကြောင့် အသစ်တစ်ခုကို သင်ယူတိုင်း ငါလုပ်နိုင်ပါ့မလားဆိုပြီး သံသယတွေ မဝင်ပါနဲ့။ တစ်စုံတစ်ယောက်က စိတ်ဓာတ်ကျနေရင်လည်း ကျရှုံးခြင်းထက် အရှုံးမပေးခြင်းက ပိုကောင်းတယ်လို့ အားပေးစကားပြောပေးပါ။ ဒါပေမယ့်လည်း တချို့တွေကတော့ အရည်အချင်း မရှိခြင်းအပေါ် မကြာခဏ အပြစ်တင်လေ့ ရှိပါတယ်။ ဒါတွေကို စိတ်ထဲမထားပဲနဲ့ ကိုယ်စိတ်ဝင်စားရာ၊ ကိုယ်ယုံကြည်ရာကိုပဲ ဆက်ပြီးကြိုးစားသင့်ပါတယ်။

ချီးကျူးစကားတွေဟာ လူအများ ရှေ့ဆက်လျှောက်လှမ်းဖို့ တွန်းအားတစ်ခု ဖြစ်ပါတယ်။ ပြီးတော့လည်း စိတ်ဓာတ်ကျခြင်းကို သက်သာစေတဲ့ ဆေးတစ်ခွက်လည်း ဖြစ်ပါတယ်။ သေးငယ်တဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုပေးခြင်းကလည်း ကောင်းမွန်ပြီးတော့ တစ်ဖက်သူကလည်း သင့်ကိုကျေးဇူးအများကြီး တင်နေပါလိမ့်မယ်။

၅။ ချီးမွမ်းပေးခြင်းက သူတို့ကိုယ်သူတို့ ပိုမိုကောင်းမွန်တယ်လို့ ခံစားရစေနိုင်ပါတယ်။

ချီးမွမ်းပြီးတဲ့နောက် သင်ခံစားရတဲ့ ခံစားချက်ဟာ အလှူတစ်ခုကို လှူဒါန်းပြီးနောက် ခံစားရတဲ့ ခံစားချက်နဲ့ ညီမျှပါတယ်။ သင်ဟာ သင်ချီးမွမ်းပေးခဲ့တဲ့လူနှင့် အပြုသဘောဆောင်တဲ့ အပြန်အလှန်ဆက်ဆံရေးကို ဖန်တီးနိုင်ခဲ့ပါပြီ။ သူ့ရဲ့စိတ်ခံစားချက်ကလည်း ပိုမိုကောင်းမွန်လာပြီးတော့ သင့်အပေါ်ကိုလည်း ပိုပြီးယုံကြည် အားကိုးလာပါတယ်။ သူတစ်ပါးပေါ်ကို ကြင်နာမှုပေးခြင်းဟာ သင့်ကိုယ်သင် ကောင်းကောင်းမွန်မွန် ခံစားရစေတယ်ဆိုတာ အမှန်ပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments