Jingang ဆိုတဲ့ မြင်းတစ်ကောင်ကတော့ ပျင်းတဲ့နေရာမှာ level တစ်ခုကို ရောက်နေခဲ့ပါပြီ။ ဒါပေမယ့် သူဟာ အရမ်းကို ချစ်စရာကောင်းကြောင်း သူ့ပိုင်ရှင်က ပြောပါတယ်။ ဘာလို့လဲဆိုတော့ Jingang က သူ့သခင် သူ့ပေါ် တက်စီးတော့မယ်ဆိုရင် သေချင်ယောင်ဆောင် လိုက်လို့ပါပဲ။


မြင်းတွေက အလုပ်အရမ်း လုပ်ကြပါတယ်။ ဒါပေမယ့် အဲဒီမြင်းတွေထဲမှာ Jingang တော့ မပါခဲ့ပါဘူး။ သူက အရမ်းကို ဟန်ဆောင်ကောင်းတဲ့ မြင်းတစ်ကောင်ပါ။


သူ့အပေါ် သခင်က တက်မှ သေချင်ယောင်ဆောင်တာ မဟုတ်ပါဘူး။ တခြားသူတွေက သူ့အပေါ်တက်စီးဖို့ ကုန်းနှီးကို ကိုင်လိုက်တာနဲ့ သူက ချက်ချင်းကို ပစ်လဲပြီး သေချင်ယောင် ဆောင်လိုက်တာပါ။ မြင်းစီးမယ့်သူ ထွက်သွားပြီဆိုမှ ထလာပါတော့တယ်။


သူ့အပေါ် တက်စီးနေရင်းနဲ့လည်း တစ်ခါတလေ သေချင်ယောင်ဆောင်ပြီး လဲချလိုက်တာလည်း ရှိပါတယ်။ Jingang က ဘာ့ကြောင့် ဒီလိုလုပ်လဲ ဆိုရင် သူ့ပေါ်တက်စီးတာကို မကြိုက်လို့ပါ။ သူ့ပေါ် တက်စီးမယ့် သူ့မြင်ကွင်းထဲကနေ ပျောက်သွားမှ ပြန်ထလာပါတယ်။



Jingang က အလုပ်အရမ်း လုပ်ရတာကို မုန်းပါတယ်။ သူ့ရဲ့ ဟန်ဆောင်ကောင်းတဲ့ အမူအရာကြောင့် အင်တာနက်မှာတော့ Jingang က နာမည်ကြီးပါပဲ။ သူ့ရဲ့ အမူအရာတွေကြောင့် တခြားမြင်းတွေကတော့ စိတ်ရှုပ်စရာပါပဲ။



သူဟန်ဆောင် ကောင်းတာကိုလည်း သူကိုယ့်သူ သိပါတယ်။ အဲဒီလို ဟန်ဆောင်နေရတာကိုပဲ Jingang က သဘောကျနေတာပါ။ တခြားမြင်းတွေက အစားအစားရဖို့ အလုပ်ကြိုးစားရနေချိန်မှာ Jingang ကတော့ သေချင်ယောင် ဆောင်နေပါတယ်။



သူ့ရဲ့လှောင်ပြုံးကတော့ လုံးဝကို ပီပြင်ပါတယ်။ Jingang ရဲ့ video လေးကို မြင်သူတွေကတော့ ငပျင်းလေးဆိုပြီး ချစ်နေကြပါတယ်။


ရုပ်သံ

Zombie (lovemedia)