ကြက်မကြီးနှင့် ဂျုံစေ့

တခါတုန်းက ကြက်မတကောင် ရှိပါတယ်။ ကြက်မက အနီရောင်အဆင်း ရှိတဲ့ ကြက်မ ဖြစ်ပြီး ကြက်ကလေး ငါးကောင်လည်း မွေးထားပါတယ်။ သူမမှာ ဘဲ၊ ကြောင်နဲ့ ခွေးတကောင် စတဲ့ သူငယ်ချင်းတွေ ရှိပါတယ်။

တနေ့မှာတော့ ကြက်မက ဂျုံစေ့ တစေ့ကို ရှာတွေ့ပါတယ်။ ကြက်မက သူ့ သူငယ်ချင်းတွေကို မေးလိုက်ပါတယ်။ "ဟေး ဘယ်သူက ဒီဂျုံစေ့ကို စိုက်ပျိုးချင်သလဲ"

ဘဲက "ဘယ်သူမှ မစိုက်ပျိုးချင်ဘူး" လို့ ဖြေလိုက် ပါတယ်။ "ငါကောပဲ" လို့ ကြောင်က ငြင်းလိုက် ပြန်ပါတယ်။ "ငါ့ကိုလည်း ထည့်မတွက်နဲ့" လို့ ခွေးက လှည့်ပြော ပြန်ပါတယ်။

"ကောင်းပြီလေ၊ အဲဒါဆိုရင် ငါပဲ ဒီဂျုံစေ့ကို စိုက်ထား လိုက်တော့မယ်" လို့ ကြက်မက ပြောလိုက်ပါတယ်။ ကြက်မက ထိုဂျုံစေ့ကို သေချာစိုက်ပျိုးပြီး သေချာ ရေလောင်း ပေးပါတယ်။ ရက်အနည်းငယ် ကြာတဲ့ အခါမှာ ဂျုံစေ့က အပင်လေးတွေ ပေါက်လာပါတယ်။

တဖြေးဖြေးနဲ့ ဂျုံပင်တွေက ဝါညိုရောင် သန်းတဲ့ ဂျုံတွေ ပေါက်ရောက် ရှင်သန် လာတာပေါ့။ အဲဒီအခါ ကြက်မက မေးပြန်တယ်။ "ကဲ၊ ဒီဂျုံတွေကို ဘယ်သူက ရိတ်သိမ်းချင်သလဲ"

"ငါတော့ မပါ" ဘဲက ပျင်းရိနေတဲ့ အသံကြီးနဲ့ ပြန်ဖြေပါတယ်။ "ငါလည်း မပါဘူး" ကြောင်က ပခုံးတွန့်ရင်း ဖြေလိုက် ပြန်တယ်။ "ငါ့ကိုထည့်မတွက်ကြနဲ့" လို့ ခွေးက ငြင်းလိုက် ပြန်တယ်။

"ကောင်းပြီလေ၊ အဲဒီလို ဆိုရင်တော့ ငါ့ဟာငါပဲ ရိတ် သိမ်းလိုက်တာပေါ့" လို့ ကြက်မက ပြောလိုက်ပြီး တနေ့လုံး ဂျုံတွေ ရိတ်သိမ်းရတာနဲ့ အလုပ်ရှုပ် နေခဲ့တာပေါ့။ ညနေစောင်းတဲ့ အခါမှာတော့ ကြက်မမှာ ဂျုံတွေ အိတ်ကြီးနဲ့ နှစ်အိတ်တောင် ရလေရဲ့။

"ဟယ်လို အားလုံးပဲ၊ ဂျုံတွေကို ငါနဲ့ အတူ ဘယ်သူက ကြိတ်ပေးမလဲ" လို့ ကြက်မက သူ့ သူငယ်ချင်းတွေကို မေးပြန်တယ်။ အားလုံးက ငြင်းကြပြန်တယ်။ "အဲဒါဆိုလည်း ငါ့ဟာငါ့ပဲ ဂျုံတွေကြိတ်တာပေါ့။ ဂျုံမှုန့်တွေ ရလာတဲ့အခါ ငါ့ဟာ ငါပဲ ပေါင်မုန့် ဖုတ်တော့မယ်" လို့ ကြက်မက အသိပေးလိုက်ပါတယ်။

နောက်တနေ့မှာတော့ ကြက်မက အနံ့အရသာနဲ့ ပြည့်ဝတဲ့ ပေါင်မုန့်တွေ ဖုတ်လေတော့တယ်။ "ကဲ ဘယ်လိုလဲ၊ ဒီပေါင်မုန့်တွေ ဘယ်သူများ စားချင်ကြမလဲ" လို့ သူ့သူငယ်ချင်းတွေကို မေးလိုက် ပြန်တယ်။

အဲဒီအခါမှာတော့ ဘဲက "ငါ စားမယ်ဟေ့" လို့ ထဖြေပါတယ်။ "ငါလည်း စားမယ်" လို့ ကြောင်က သွားရည်တွေ သပ်ရင်း ဖြေပြန်တယ်။ "အရသာ ရှိမယ့် ပုံပဲ၊ အနံလေးက မွှေးနေတာပဲ" လို့ ခွေးက ပြောပြန်တယ်။

"နင်တို့ ဘယ်သူမှ စားဖို့ မစဉ်းစားနဲ့။ ငါပဲ ဂျုံတွေကို ရိတ်သိမ်းပြီး ကြိတ်လာရတယ်။ အိမ်မှာ ပေါင်မုန့် ဖုတ်လာ ရတာ။ ငါနဲ့ ငါ့ကလေးတွေပဲ ဒီပေါင်မုန့်ကို စားခွင့် ရှိတယ်" လို့ ကြက်မက ပြောလိုက်ပြီး သူမနဲ့ သူမရဲ့ ကြက်ကလေးတွေက ပေါင်မုန့်ကို မြိန်ရေရှက်ရေ စားလိုက်ပါသတဲ့။

ဒီပုံပြင်လေးကတော့ အနာမခံ အသာမစံရ ဆိုတဲ့ စာသားလို ပါပဲ။ ကိုယ်တိုင်ဘာမှ မကြိုးစားချင်ရင် ဘာကိုမှ ခံစားခွင့် ရမှာ မဟုတ်ပါဘူးဆိုတဲ့ သင်ခန်းစာလေး ပေးထားတာ ဖြစ်ပါတယ်။

Crd

Zawgyi

ၾကက္မၾကီးႏွင့္ ဂ်ံုေစ့

တခါတုန္းက ၾကက္မတေကာင္ ရွိပါတယ္။ ၾကက္မက အနီေရာင္အဆင္း ရွိတဲ့ ၾကက္မ ျဖစ္ၿပီး ၾကက္ကေလး ငါးေကာင္လည္း ေမြးထားပါတယ္။ သူမမွာ ဘဲ၊ ေၾကာင္နဲ႔ ေခြးတေကာင္ စတဲ့ သူငယ္ခ်င္းေတြ ရွိပါတယ္။

တေန႔မွာေတာ့ ၾကက္မက ဂ်ဳံေစ့ တေစ့ကို ရွာေတြ႕ပါတယ္။ ၾကက္မက သူ႔ သူငယ္ခ်င္းေတြကို ေမးလိုက္ပါတယ္။ "ေဟး ဘယ္သူက ဒီဂ်ဳံေစ့ကို စိုက္ပ်ိဳးခ်င္သလဲ"

ဘဲက "ဘယ္သူမွ မစိုက္ပ်ိဳးခ်င္ဘူး" လို႔ ေျဖလိုက္ ပါတယ္။ "ငါေကာပဲ" လို႔ ေၾကာင္က ျငင္းလိုက္ ျပန္ပါတယ္။ "ငါ့ကိုလည္း ထည့္မတြက္နဲ႔" လို႔ ေခြးက လွည့္ေျပာ ျပန္ပါတယ္။

"ေကာင္းၿပီေလ၊ အဲဒါဆိုရင္ ငါပဲ ဒီဂ်ဳံေစ့ကို စိုက္ထား လိုက္ေတာ့မယ္" လို႔ ၾကက္မက ေျပာလိုက္ပါတယ္။ ၾကက္မက ထိုဂ်ဳံေစ့ကို ေသခ်ာစိုက္ပ်ိဳးၿပီး ေသခ်ာ ေရေလာင္း ေပးပါတယ္။ ရက္အနည္းငယ္ ၾကာတဲ့ အခါမွာ ဂ်ဳံေစ့က အပင္ေလးေတြ ေပါက္လာပါတယ္။

တေျဖးေျဖးနဲ႔ ဂ်ဳံပင္ေတြက ဝါညိဳေရာင္ သန္းတဲ့ ဂ်ဳံေတြ ေပါက္ေရာက္ ရွင္သန္ လာတာေပါ့။ အဲဒီအခါ ၾကက္မက ေမးျပန္တယ္။ "ကဲ၊ ဒီဂ်ဳံေတြကို ဘယ္သူက ရိတ္သိမ္းခ်င္သလဲ"

"ငါေတာ့ မပါ" ဘဲက ပ်င္းရိေနတဲ့ အသံႀကီးနဲ႔ ျပန္ေျဖပါတယ္။ "ငါလည္း မပါဘူး" ေၾကာင္က ပခုံးတြန႔္ရင္း ေျဖလိုက္ ျပန္တယ္။ "ငါ့ကိုထည့္မတြက္ၾကနဲ႔" လို႔ ေခြးက ျငင္းလိုက္ ျပန္တယ္။

"ေကာင္းၿပီေလ၊ အဲဒီလို ဆိုရင္ေတာ့ ငါ့ဟာငါပဲ ရိတ္ သိမ္းလိုက္တာေပါ့" လို႔ ၾကက္မက ေျပာလိုက္ၿပီး တေန႔လုံး ဂ်ဳံေတြ ရိတ္သိမ္းရတာနဲ႔ အလုပ္ရႈပ္ ေနခဲ့တာေပါ့။ ညေနေစာင္းတဲ့ အခါမွာေတာ့ ၾကက္မမွာ ဂ်ဳံေတြ အိတ္ႀကီးနဲ႔ ႏွစ္အိတ္ေတာင္ ရေလရဲ႕။

"ဟယ္လို အားလုံးပဲ၊ ဂ်ဳံေတြကို ငါနဲ႔ အတူ ဘယ္သူက ႀကိတ္ေပးမလဲ" လို႔ ၾကက္မက သူ႔ သူငယ္ခ်င္းေတြကို ေမးျပန္တယ္။ အားလုံးက ျငင္းၾကျပန္တယ္။ "အဲဒါဆိုလည္း ငါ့ဟာငါ့ပဲ ဂ်ဳံေတြႀကိတ္တာေပါ့။ ဂ်ဳံမႈန႔္ေတြ ရလာတဲ့အခါ ငါ့ဟာ ငါပဲ ေပါင္မုန႔္ ဖုတ္ေတာ့မယ္" လို႔ ၾကက္မက အသိေပးလိုက္ပါတယ္။

ေနာက္တေန႔မွာေတာ့ ၾကက္မက အနံ႔အရသာနဲ႔ ျပည့္ဝတဲ့ ေပါင္မုန႔္ေတြ ဖုတ္ေလေတာ့တယ္။ "ကဲ ဘယ္လိုလဲ၊ ဒီေပါင္မုန႔္ေတြ ဘယ္သူမ်ား စားခ်င္ၾကမလဲ" လို႔ သူ႔သူငယ္ခ်င္းေတြကို ေမးလိုက္ ျပန္တယ္။

အဲဒီအခါမွာေတာ့ ဘဲက "ငါ စားမယ္ေဟ့" လို႔ ထေျဖပါတယ္။ "ငါလည္း စားမယ္" လို႔ ေၾကာင္က သြားရည္ေတြ သပ္ရင္း ေျဖျပန္တယ္။ "အရသာ ရွိမယ့္ ပုံပဲ၊ အနံေလးက ေမႊးေနတာပဲ" လို႔ ေခြးက ေျပာျပန္တယ္။

"နင္တို႔ ဘယ္သူမွ စားဖို႔ မစဥ္းစားနဲ႔။ ငါပဲ ဂ်ဳံေတြကို ရိတ္သိမ္းၿပီး ႀကိတ္လာရတယ္။ အိမ္မွာ ေပါင္မုန႔္ ဖုတ္လာ ရတာ။ ငါနဲ႔ ငါ့ကေလးေတြပဲ ဒီေပါင္မုန႔္ကို စားခြင့္ ရွိတယ္" လို႔ ၾကက္မက ေျပာလိုက္ၿပီး သူမနဲ႔ သူမရဲ႕ ၾကက္ကေလးေတြက ေပါင္မုန႔္ကို ၿမိန္ေရရွက္ေရ စားလိုက္ပါသတဲ့။

ဒီပုံျပင္ေလးကေတာ့ အနာမခံ အသာမစံရ ဆိုတဲ့ စာသားလို ပါပဲ။ ကိုယ္တိုင္ဘာမွ မႀကိဳးစားခ်င္ရင္ ဘာကိုမွ ခံစားခြင့္ ရမွာ မဟုတ္ပါဘူးဆိုတဲ့ သင္ခန္းစာေလး ေပးထားတာ ျဖစ္ပါတယ္။

Crd

Post a Comment

0 Comments