ပျော်ရွှင်မှု

တခါတုန်းက ပိုက်ဆံ အရမ်းချမ်းသာတဲ့ သူဌေးကြီးတယောက် ရှိတယ်။ သူဘာလိုချင်လဲ၊ လိုချင်တဲ့ အရာမှန်သမျှ ဘာမှ မစဉ်းစားဘဲ ဝယ်လိုက်နိုင်တယ်။ ဒါပေမယ့် သူ့ကိုယ်သူ ဘာလိုအပ်နေလဲ မသိဘူး။ တခုခု လိုအပ်နေသလို ခံစားနေရတယ်။ ဘယ်လိုနေနေ လူ့ဘဝကြီးက ပျော်စရာ မကောင်းဘူး။ ဒါနဲ့ပဲ သူ အကြံတခု ရသွားတယ်။

အိမ်မှာရှိသမျှ အဖိုးတန် ရွှေငွေရတနာတွေ အားလုံးကို အထုပ်ကြီး တထုပ်နဲ့ ထုပ်ပြီး အရပ်လေးမျက်နှာကို စတင် ထွက်ခွာလာတယ်။ သူဆုံးဖြတ်ထားတာ သူ့ကို ပျော်ရွှင်စေနိုင်တဲ့ နည်းလမ်း ပြောပြနိုင်တဲ့ သူကို ဒီရတနာထုပ်ကြီး ပေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပေ့ါ။ ရွာရိုးကိုးပေါက် တွေ့သမျှ လူတိုင်းကို သူ လိုက်မေးခဲ့တယ်။ ဒါပေမယ့် ဘယ်သူမှ မဖြေနိုင်ဘူး။

တနေ့မှာတော့ လမ်းမှာတွေ့တဲ့ ရွာသားတဦးက သူ့ကို အကြံပေးလိုက်တယ်။ ရွာစပ်နားက ရသေ့အဘိုးအိုကြီးဆီမှာ သွားမေးကြည့် ဖို့ပေါ့။ တကယ်လို့ သူမှ မပြောပြနိုင်ရင် ခင်ဗျား ဒီ့ထက် ခြေတိုအောင် လျှောက်လည်း ဘယ်သူမှ ဖြေနိုင်မှာ မဟုတ်တော့ဘူး လို့ ရွာသားက ပြောလိုက်တယ်။

ဒီလိုနဲ့ သူဌေးကြီးဟာ ကွပ်ပျစ်အထက်မှာ မျက်လုံးမှိတ်ပြီး တရားကျင့်နေတဲ့ ရသေ့ကြီးရှေ့ကို ရောက်လာလေသည်။ ပြီးနောက် တည်ငြိမ်သော လေသံဖြင့် ရသေ့ကြီးကို တလုံးချင်းဆီ မေးလိုက်သည်။ "ကျနော် တသက်လုံး ရှာဖွေထားတဲ့ စည်းစိမ်ဥစ္စာတွေ ဒီအထုပ်ကြီးထဲမှာထည့်ထားပါတယ်။ တကယ်လို့ ကျနော့်ကို လူ့ဘဝရဲ့ ပျော်ရွှင်မှု အဓိပ္ပါယ်ကို ပြောပြနိုင်ရင် အသင်ရသေ့ကြီးကို ဒီရတနာထုပ်ကြီး လှူဒါန်းပါ့မယ်" လို့ ပြောလိုက်တယ်။

အပြင်မှာ မိုးလည်း အတော်ကြီးကို မှောင်နေပြီ။ ရသေ့ကြီးက ထိုင်ရာမှ ထလာပြီး သူဌေးကြီးအရှေ့မှာ ချထားတဲ့ ရတနာထုပ်ကြီးကို မ ကာ အလစ်သုတ် ပြေးလေသည်။ သူဌေးကြီးက စိတ်လည်းလော၊ အော်လည်းအော်၊ ငိုလည်းငိုပြီး ရသေ့ကြီးအနောက်မှ ထပ်ကြပ်မကွာ လိုက်လေသည်။

ပါးစပ်မှလည်း "သူခိုးဗျို့ သူခိုး၊ ကျနော့် ရတနာထုပ်ကြီးကို ယူပြေးသွားပြီ။ လုပ်ကြပါဦး" လို့ တတွတ်တွတ် အော်ကာ လိုက်လေသည်။ တခဏအတွင်း နယ်ခံလည်း ဖြစ်၊ လမ်းလည်း ပိုကျွမ်းသော ရသေ့ကြီးက သူဌေးကြီးကို မျက်ခြေ ဖြတ်လိုက်နိုင်သည်။

သူဌေးကြီးက အနောက်မှာ အော်ငိုရင်း "သွားပြီ၊ ငါ အလိမ်ခံ သွားရပြီ၊ တသက်လုံး ရှာထားသမျှ ဖွေထားသမျှတွေ ဒီလိုနဲ့ အလကား လူယုတ်မာ လက်ထဲရောက်သွားရပြီ" လို့ ညည်းတွားရင်း ကျန်ခဲ့သည်။

သိပ်မကြာလိုက်ဘူး၊ ရသေ့ကြီးက ပြန်လှည့်လာပြီး ရတနာထုပ်ကြီးကို သူဌေးကြီးအရှေ့ကို ပစ်ချလိုက်သည်။ သူဌေးကြီးက ဝမ်းသာရင်း ရတနာထုပ်ကြီးကို ပွေ့ကာ "ဟာ ငါ့ရတနာလေးတွေ တော်သေးလို့ပေါ့ကွာ" ဟု ညည်းတွား လေသည်။ ထိုအခါ ရသေ့ကြီးက သူ့ကိုမေးသည်။ "မင်းအခု ပျော်ရွှင်မှုကို ခံစားမိလား"

"အင်း ခံစားမိတယ်၊ ကျနော် အခု အရမ်းပဲ ပျော်နေတယ်" လို့ သူဌေးကြီးက ပြန်ဖြေသည်။ ရသေ့ကြီးက တဟားဟား ရယ်ပြီး ဆက်ပြောတယ်။

"ဒါ ဘာအထူးအဆန်းကြီးမှ မဟုတ်ဘူး၊ လူတွေဟာ သူတို့ လက်ဝယ် ပိုင်ဆိုင်နေတဲ့ အရာကို စိတ်ထဲမှာ ဘာမှမဟုတ်ဘူးလို့ ထင်မှတ်ထားကြတယ်။ ဒါနဲ့ပဲ ပျော်ရွှင်တယ်လို့ မခံစားရဘူး၊ ဒါပေမယ့် တကြိမ်လေး ဆုံးရှုံးမိတာနဲ့ တပြိုင်နက် အရင်က ကိုယ်ပိုင်ဆိုင်ဖူးတဲ့ အရာဟာ ဘယ်လောက် တန်ဖိုးကြီးသလဲ ဆိုတာ အလိုလို နားလည်သွားကြတယ်။

တကယ်တော့ မင်း အစောက ငါ့ကိုပေးမယ်လို့ ပြောတဲ့အထုပ်နဲ့၊ မင်းခုနက ဆုံးရှုံးသွားတဲ့ အထုပ်နဲ့၊ အခု မင်းရင်ထဲမှာ ပွေ့ထားတဲ့အထုပ် သုံးထုပ်က တထုပ်ထဲ ပဲလေ။ မင်းငါ့ကို အဲဒီအထုပ်ပေးမယ်လို့ ပြောထားတာလေ။ ဆုံးရှုံးသွားတာနဲ့ စိတ်ထဲမှာ အကြိမ်ကြိမ် တမ်းတလို့ မဆုံးဘူး။ ကိုယ့်လက်ထဲ ရောက်သွားတာနဲ့ ဘာမှမဟုတ်ဘူးလို့ ပြန်မြင်သွားတယ်၊ ရှိတယ်လို့တောင် မထင်ဘူး။ ပိုင်ဆိုင်နေတာကို ပြန်မေ့သွားတယ်။

လူတွေဟာ ဆုံးရှုံးသွားတဲ့ ပစ္စည်းကို ဂရုစိုက်ပြီး ကိုယ်တကယ် ပိုင်ဆိုင်နေတဲ့ အရာကို တန်ဖိုးမထားကြဘူး။ ဒီ့အပြင် မပိုင်ဆိုင်သေး တာကို မျှော်တွေးပြီး မပိုင်ဆိုင်မိမှာ စိုးရိမ် ပူပန်နေကြ သေးတယ်။ အခုလက်ရှိ ကိုယ်ဟာ ဘယ်လောက်တောင် ကံကောင်းနေသလဲ ဆိုတာကို ကိုယ့်ကိုယ်ကို မသိတတ်ကြဘူး။ ဆုံးရှုံးသွားမှ နောင်တရတာကို တန်ဖိုးထားတတ်တယ် လို့ မခေါ်ပါဘူး။ မရသေးခင် လိုချင်တာဟာ တကယ် လိုအပ်တာ မဟုတ်ပါဘူး" ဟု ဆိုလေသည်။

Crd

Zawgyi

ေပ်ာ္ရြွင္မႈ

တခါတုန္းက ပိုက္ဆံ အရမ္းခ်မ္းသာတဲ့ သူေဌးႀကီးတေယာက္ ရွိတယ္။ သူဘာလိုခ်င္လဲ၊ လိုခ်င္တဲ့ အရာမွန္သမွ် ဘာမွ မစဥ္းစားဘဲ ဝယ္လိုက္ႏိုင္တယ္။ ဒါေပမယ့္ သူ႔ကိုယ္သူ ဘာလိုအပ္ေနလဲ မသိဘူး။ တခုခု လိုအပ္ေနသလို ခံစားေနရတယ္။ ဘယ္လိုေနေန လူ႔ဘဝႀကီးက ေပ်ာ္စရာ မေကာင္းဘူး။ ဒါနဲ႔ပဲ သူ အႀကံတခု ရသြားတယ္။

အိမ္မွာရွိသမွ် အဖိုးတန္ ေ႐ႊေငြရတနာေတြ အားလုံးကို အထုပ္ႀကီး တထုပ္နဲ႔ ထုပ္ၿပီး အရပ္ေလးမ်က္ႏွာကို စတင္ ထြက္ခြာလာတယ္။ သူဆုံးျဖတ္ထားတာ သူ႔ကို ေပ်ာ္႐ႊင္ေစႏိုင္တဲ့ နည္းလမ္း ေျပာျပႏိုင္တဲ့ သူကို ဒီရတနာထုပ္ႀကီး ေပးမယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္ နဲ႔ေပ့ါ။ ႐ြာ႐ိုးကိုးေပါက္ ေတြ႕သမွ် လူတိုင္းကို သူ လိုက္ေမးခဲ့တယ္။ ဒါေပမယ့္ ဘယ္သူမွ မေျဖႏိုင္ဘူး။

တေန႔မွာေတာ့ လမ္းမွာေတြ႕တဲ့ ႐ြာသားတဦးက သူ႔ကို အႀကံေပးလိုက္တယ္။ ႐ြာစပ္နားက ရေသ့အဘိုးအိုႀကီးဆီမွာ သြားေမးၾကည့္ ဖို႔ေပါ့။ တကယ္လို႔ သူမွ မေျပာျပႏိုင္ရင္ ခင္ဗ်ား ဒီ့ထက္ ေျခတိုေအာင္ ေလွ်ာက္လည္း ဘယ္သူမွ ေျဖႏိုင္မွာ မဟုတ္ေတာ့ဘူး လို႔ ႐ြာသားက ေျပာလိုက္တယ္။

ဒီလိုနဲ႔ သူေဌးႀကီးဟာ ကြပ္ပ်စ္အထက္မွာ မ်က္လုံးမွိတ္ၿပီး တရားက်င့္ေနတဲ့ ရေသ့ႀကီးေရွ႕ကို ေရာက္လာေလသည္။ ၿပီးေနာက္ တည္ၿငိမ္ေသာ ေလသံျဖင့္ ရေသ့ႀကီးကို တလုံးခ်င္းဆီ ေမးလိုက္သည္။ "က်ေနာ္ တသက္လုံး ရွာေဖြထားတဲ့ စည္းစိမ္ဥစၥာေတြ ဒီအထုပ္ႀကီးထဲမွာထည့္ထားပါတယ္။ တကယ္လို႔ က်ေနာ့္ကို လူ႔ဘဝရဲ႕ ေပ်ာ္႐ႊင္မႈ အဓိပၸါယ္ကို ေျပာျပႏိုင္ရင္ အသင္ရေသ့ႀကီးကို ဒီရတနာထုပ္ႀကီး လႉဒါန္းပါ့မယ္" လို႔ ေျပာလိုက္တယ္။

အျပင္မွာ မိုးလည္း အေတာ္ႀကီးကို ေမွာင္ေနၿပီ။ ရေသ့ႀကီးက ထိုင္ရာမွ ထလာၿပီး သူေဌးႀကီးအေရွ႕မွာ ခ်ထားတဲ့ ရတနာထုပ္ႀကီးကို မ ကာ အလစ္သုတ္ ေျပးေလသည္။ သူေဌးႀကီးက စိတ္လည္းေလာ၊ ေအာ္လည္းေအာ္၊ ငိုလည္းငိုၿပီး ရေသ့ႀကီးအေနာက္မွ ထပ္ၾကပ္မကြာ လိုက္ေလသည္။ ပါးစပ္မွလည္း "သူခိုးဗ်ိဳ႕ သူခိုး၊ က်ေနာ့္ ရတနာထုပ္ႀကီးကို ယူေျပးသြားၿပီ။ လုပ္ၾကပါဦး" လို႔ တတြတ္တြတ္ ေအာ္ကာ လိုက္ေလသည္။

တခဏအတြင္း နယ္ခံလည္း ျဖစ္၊ လမ္းလည္း ပိုကြၽမ္းေသာ ရေသ့ႀကီးက သူေဌးႀကီးကို မ်က္ေျခ ျဖတ္လိုက္ႏိုင္သည္။ သူေဌးႀကီးက အေနာက္မွာ ေအာ္ငိုရင္း "သြားၿပီ၊ ငါ အလိမ္ခံ သြားရၿပီ၊ တသက္လုံး ရွာထားသမွ် ေဖြထားသမွ်ေတြ ဒီလိုနဲ႔ အလကား လူယုတ္မာ လက္ထဲေရာက္သြားရၿပီ" လို႔ ညည္းတြားရင္း က်န္ခဲ့သည္။

သိပ္မၾကာလိုက္ဘူး၊ ရေသ့ႀကီးက ျပန္လွည့္လာၿပီး ရတနာထုပ္ႀကီးကို သူေဌးႀကီးအေရွ႕ကို ပစ္ခ်လိုက္သည္။ သူေဌးႀကီးက ဝမ္းသာရင္း ရတနာထုပ္ႀကီးကို ေပြ႕ကာ "ဟာ ငါ့ရတနာေလးေတြ ေတာ္ေသးလို႔ေပါ့ကြာ" ဟု ညည္းတြား ေလသည္။ ထိုအခါ ရေသ့ႀကီးက သူ႔ကိုေမးသည္။ "မင္းအခု ေပ်ာ္႐ႊင္မႈကို ခံစားမိလား"

"အင္း ခံစားမိတယ္၊ က်ေနာ္ အခု အရမ္းပဲ ေပ်ာ္ေနတယ္" လို႔ သူေဌးႀကီးက ျပန္ေျဖသည္။ ရေသ့ႀကီးက တဟားဟား ရယ္ၿပီး ဆက္ေျပာတယ္။ "ဒါ ဘာအထူးအဆန္းႀကီးမွ မဟုတ္ဘူး၊ လူေတြဟာ သူတို႔ လက္ဝယ္ ပိုင္ဆိုင္ေနတဲ့ အရာကို စိတ္ထဲမွာ ဘာမွမဟုတ္ဘူးလို႔ ထင္မွတ္ထားၾကတယ္။ ဒါနဲ႔ပဲ ေပ်ာ္႐ႊင္တယ္လို႔ မခံစားရဘူး၊ ဒါေပမယ့္ တႀကိမ္ေလး ဆုံးရႈံးမိတာနဲ႔ တၿပိဳင္နက္ အရင္က ကိုယ္ပိုင္ဆိုင္ဖူးတဲ့ အရာဟာ ဘယ္ေလာက္ တန္ဖိုးႀကီးသလဲ ဆိုတာ အလိုလို နားလည္သြားၾကတယ္။

တကယ္ေတာ့ မင္း အေစာက ငါ့ကိုေပးမယ္လို႔ ေျပာတဲ့အထုပ္နဲ႔၊ မင္းခုနက ဆုံးရႈံးသြားတဲ့ အထုပ္နဲ႔၊ အခု မင္းရင္ထဲမွာ ေပြ႕ထားတဲ့အထုပ္ သုံးထုပ္က တထုပ္ထဲ ပဲေလ။ မင္းငါ့ကို အဲဒီအထုပ္ေပးမယ္လို႔ ေျပာထားတာေလ။ ဆုံးရႈံးသြားတာနဲ႔ စိတ္ထဲမွာ အႀကိမ္ႀကိမ္ တမ္းတလို႔ မဆုံးဘူး။ ကိုယ့္လက္ထဲ ေရာက္သြားတာနဲ႔ ဘာမွမဟုတ္ဘူးလို႔ ျပန္ျမင္သြားတယ္၊ ရွိတယ္လို႔ေတာင္ မထင္ဘူး။ ပိုင္ဆိုင္ေနတာကို ျပန္ေမ့သြားတယ္။

လူေတြဟာ ဆုံးရႈံးသြားတဲ့ ပစၥည္းကို ဂ႐ုစိုက္ၿပီး ကိုယ္တကယ္ ပိုင္ဆိုင္ေနတဲ့ အရာကို တန္ဖိုးမထားၾကဘူး။ ဒီ့အျပင္ မပိုင္ဆိုင္ေသး တာကို ေမွ်ာ္ေတြးၿပီး မပိုင္ဆိုင္မိမွာ စိုးရိမ္ ပူပန္ေနၾက ေသးတယ္။ အခုလက္ရွိ ကိုယ္ဟာ ဘယ္ေလာက္ေတာင္ ကံေကာင္းေနသလဲ ဆိုတာကို ကိုယ့္ကိုယ္ကို မသိတတ္ၾကဘူး။ ဆုံးရႈံးသြားမွ ေနာင္တရတာကို တန္ဖိုးထားတတ္တယ္ လို႔ မေခၚပါဘူး။ မရေသးခင္ လိုခ်င္တာဟာ တကယ္ လိုအပ္တာ မဟုတ္ပါဘူး" ဟု ဆိုေလသည္။

Crd

Post a Comment

0 Comments