နတ်ပြည်မှာ တယောက်နဲ့ တယောက် အလွန်ခင်မင်ကြတဲ့ နတ်သားနှစ်ပါး ရှိတယ်။ အဲ့ဒီနတ်သား နှစ်ပါးမှာ တပါးက ဒီဘဝ လွန်ရင် နောက်ဘဝ ကျီးကန်း ဖြစ်မှာ ဖြစ်ပြီး နောက်တပါးကတော့ မစင်တွင်းထဲက လောက် အဖြစ် ရောက်မှာ ဖြစ်ပါတယ်။
ကျီးကန်းဖြစ်မယ့် နတ်သားက ခံသာပေမယ့် လောက် ဖြစ်ရမယ့် နတ်သားကတော့ တော်တော်ပဲ စိတ်ဆင်းရဲ သွားရှာတယ်။ ကျီးကန်းဘဝ ရောက်မည့် နတ်သား သူငယ်ချင်းကလည်း စိတ်မကောင်းဘူးပေါ့။
အဲဒီအခါ လောက်ဖြစ်ရမယ့် သူငယ်ချင်း နတ်သားက ကျန်တဲ့ သူငယ်ချင်း နတ်သားကို တောင်းပန်စကား ဆိုတယ်။ "သူငယ်ချင်းရယ်၊ နောက်ဘဝမှာ မင်းက ကျီးကန်း ဖြစ်တဲ့အခါ ငါ့ကို မတွေ့ တွေ့အောင်ရှာပြီး မင်းနှုတ်သီးနဲ့ ငါ့ကို ထိုးဆိတ်ပြီး တခါတည်း ဘဝပြောင်းသွားအောင် လုပ်ပေးပါကွာ။ အဲဒီ ဘဝကြီးကို ငါ ရွံရှာလို့ပါ" လို့ ကတိစကား တောင်းတယ်။
ကျီးကန်းဖြစ်မယ့် သူငယ်ချင်း နတ်သားကလည်း ကူညီမယ့် အကြောင်း အထပ်ထပ် အခါခါ ကတိပေးပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် နတ်ပြည်ကနေ စုတေပြီးနောက် တပါးက ကျီးကန်းဖြစ်ပြီး တပါးက လောက်ဖြစ်သွားသတဲ့။
ကျီးကန်းက ပေးထားတဲ့ ကတိအတိုင်း သူငယ်ချင်းကို မတွေ့ တွေ့အောင် လိုက်ရှာတာပေါ့။ တော်တော်ကြီး ကြိုးစားရှာမှပဲ တောရွာတခုက မစင်တွင်း တခုထဲမှာ လောက်ဖြစ်နေတဲ့ သူငယ်ချင်းကို တွေ့တာပေါ့။
ကျီးကန်းက မစင်တွင်းနားမှာ အကြိမ်များစွာ ဝဲပျံပြီး သူ့ကိုမြင်အောင် ကြိုးစားတယ်။ သတိမထားမိဘူးလို့ ယူဆတော့ တအားအားနဲ့ အော်ပြီး အသံပါ ပြုတော့တာပဲ။ "သူငယ်ချင်းရေ တက်ခဲ့တော့။ မင်းကို ငါ့နှုတ်သီးနဲ့ တခါတည်း ထိုးဆိတ်ပေးမယ်" လို့ တကြော်ကြော် အော်ခေါ်တော့တာပဲ။
ဒါပေမယ့် လောက်ဖြစ်တဲ့ သူငယ်ချင်းက ကျီးကန်းသံ ကြားလေ အတွင်းထဲကို ဝင်တိုး ပြေးလေပဲတဲ့ဗျာ။ နောက်ဆုံးမှာတော့ ကျီးကန်းသူငယ်ချင်းက မစင်တွင်းနားမှာ နားပြီး လောက်ဖြစ်နေတဲ့ သူငယ်ချင်းကို ပြောသတဲ့။
"သူငယ်ချင်း အပေါ် တက်ခဲ့လေ။ တို့ ကတိ ထားခဲ့ကြတဲ့အတိုင်း မင်းကို ဒီဘဝက လွတ်အောင် ငါ နှုတ်သီးနဲ့ ဆိတ်ပေးမလို့ ငါလာခဲ့တာ။ ဒီဘဝဆိုးကြီးက မင်းကို လွတ်မြောက်အောင်လို့ ငါလုပ်ပေးမလို့" ဟု ပြောတဲ့အခါ လောက်က
"တော်ပြီ၊ ငါမသေချင်တော့ဘူး။ ဒီဘဝကို ငါပျော်တယ်။ ငါ့မှာ လောက်မိန်းမလည်း ရနေပြီ။ လောက် ကလေးတွေလည်း အများကြီး မွေးထားပြီးပြီ။ လောက် သူငယ်ချင်းတွေလည်း အများကြီး ရှိနေပြီ။ စားစရာလည်း မပူရဘူး။ နေစရာလည်း ပူစရာ မလိုတော့ဘူး။
အဲ့ဒါကြောင့် ငါ့ မိသားစု ငါ့ပတ်ဝန်းကျင်မှာ ငါပျော်နေပြီ။ ငါလည်း မသေချင်တော့ဘူး။ အဲ့ဒါကြောင့် ငါတို့ ကတိကို ဖျက်တယ်။ မင်းလည်း မင်းလိုရာ ခရီးကိုသာ သွားပါတော့" ဟု ပြောလိုက်ပါလေ တော့သတည်း။
ဒီမှာ စဉ်းစားစရာ ပေါ်လာတာကတော့ လောကမှာ မစင်ထဲမှာ ပျော်နေတဲ့ လောက်လို ဖြစ်နေရင် မစင်တွင်းထဲမှာသာ ကျင်လည် နေကြရမှာပါ။ ဒါ့ကြောင့် မိမိက ဘယ်ဘဝက လာလို့ ဘယ်ဘဝကို ဆက်သွားမှာလဲလို့ ကြိုတင် စီစဉ် ဆောင်ရွက်သင့်ချိန် ရောက်ပါပြီ။ မစင်တွင်းထဲမှာပဲ ပျော်နေတဲ့ လောက်ဘဝကနေ ရုန်းထွက်ကြပါစို့။
U Myint Khaing
Zawgyi
မစင္တြင္းထဲမွာ ေပ်ာ္ေနၾကၿပီလား
နတ္ျပည္မွာ တေယာက္နဲ႔ တေယာက္ အလြန္ခင္မင္ၾကတဲ့ နတ္သားႏွစ္ပါး ရွိတယ္။ အဲ့ဒီနတ္သား ႏွစ္ပါးမွာ တပါးက ဒီဘဝ လြန္ရင္ ေနာက္ဘဝ က်ီးကန္း ျဖစ္မွာ ျဖစ္ၿပီး ေနာက္တပါးကေတာ့ မစင္တြင္းထဲက ေလာက္ အျဖစ္ ေရာက္မွာ ျဖစ္ပါတယ္။
က်ီးကန္းျဖစ္မယ့္ နတ္သားက ခံသာေပမယ့္ ေလာက္ ျဖစ္ရမယ့္ နတ္သားကေတာ့ ေတာ္ေတာ္ပဲ စိတ္ဆင္းရဲ သြားရွာတယ္။ က်ီးကန္းဘဝ ေရာက္မည့္ နတ္သား သူငယ္ခ်င္းကလည္း စိတ္မေကာင္းဘူးေပါ့။
အဲဒီအခါ ေလာက္ျဖစ္ရမယ့္ သူငယ္ခ်င္း နတ္သားက က်န္တဲ့ သူငယ္ခ်င္း နတ္သားကို ေတာင္းပန္စကား ဆိုတယ္။ "သူငယ္ခ်င္းရယ္၊ ေနာက္ဘဝမွာ မင္းက က်ီးကန္း ျဖစ္တဲ့အခါ ငါ့ကို မေတြ႕ ေတြ႕ေအာင္ရွာၿပီး မင္းႏႈတ္သီးနဲ႔ ငါ့ကို ထိုးဆိတ္ၿပီး တခါတည္း ဘဝေျပာင္းသြားေအာင္ လုပ္ေပးပါကြာ။ အဲဒီ ဘဝႀကီးကို ငါ ႐ြံရွာလို႔ပါ" လို႔ ကတိစကား ေတာင္းတယ္။
က်ီးကန္းျဖစ္မယ့္ သူငယ္ခ်င္း နတ္သားကလည္း ကူညီမယ့္ အေၾကာင္း အထပ္ထပ္ အခါခါ ကတိေပးပါတယ္။ ဒီလိုနဲ႔ သူတို႔ႏွစ္ေယာက္ နတ္ျပည္ကေန စုေတၿပီးေနာက္ တပါးက က်ီးကန္းျဖစ္ၿပီး တပါးက ေလာက္ျဖစ္သြားသတဲ့။
က်ီးကန္းက ေပးထားတဲ့ ကတိအတိုင္း သူငယ္ခ်င္းကို မေတြ႕ ေတြ႕ေအာင္ လိုက္ရွာတာေပါ့။ ေတာ္ေတာ္ႀကီး ႀကိဳးစားရွာမွပဲ ေတာ႐ြာတခုက မစင္တြင္း တခုထဲမွာ ေလာက္ျဖစ္ေနတဲ့ သူငယ္ခ်င္းကို ေတြ႕တာေပါ့။
က်ီးကန္းက မစင္တြင္းနားမွာ အႀကိမ္မ်ားစြာ ဝဲပ်ံၿပီး သူ႔ကိုျမင္ေအာင္ ႀကိဳးစားတယ္။ သတိမထားမိဘူးလို႔ ယူဆေတာ့ တအားအားနဲ႔ ေအာ္ၿပီး အသံပါ ျပဳေတာ့တာပဲ။ "သူငယ္ခ်င္းေရ တက္ခဲ့ေတာ့။ မင္းကို ငါ့ႏႈတ္သီးနဲ႔ တခါတည္း ထိုးဆိတ္ေပးမယ္" လို႔ တေၾကာ္ေၾကာ္ ေအာ္ေခၚေတာ့တာပဲ။
ဒါေပမယ့္ ေလာက္ျဖစ္တဲ့ သူငယ္ခ်င္းက က်ီးကန္းသံ ၾကားေလ အတြင္းထဲကို ဝင္တိုး ေျပးေလပဲတဲ့ဗ်ာ။ ေနာက္ဆုံးမွာေတာ့ က်ီးကန္းသူငယ္ခ်င္းက မစင္တြင္းနားမွာ နားၿပီး ေလာက္ျဖစ္ေနတဲ့ သူငယ္ခ်င္းကို ေျပာသတဲ့။
"သူငယ္ခ်င္း အေပၚ တက္ခဲ့ေလ။ တို႔ ကတိ ထားခဲ့ၾကတဲ့အတိုင္း မင္းကို ဒီဘဝက လြတ္ေအာင္ ငါ ႏႈတ္သီးနဲ႔ ဆိတ္ေပးမလို႔ ငါလာခဲ့တာ။ ဒီဘဝဆိုးႀကီးက မင္းကို လြတ္ေျမာက္ေအာင္လို႔ ငါလုပ္ေပးမလို႔" ဟု ေျပာတဲ့အခါ ေလာက္က
"ေတာ္ၿပီ၊ ငါမေသခ်င္ေတာ့ဘူး။ ဒီဘဝကို ငါေပ်ာ္တယ္။ ငါ့မွာ ေလာက္မိန္းမလည္း ရေနၿပီ။ ေလာက္ ကေလးေတြလည္း အမ်ားႀကီး ေမြးထားၿပီးၿပီ။ ေလာက္ သူငယ္ခ်င္းေတြလည္း အမ်ားႀကီး ရွိေနၿပီ။ စားစရာလည္း မပူရဘူး။ ေနစရာလည္း ပူစရာ မလိုေတာ့ဘူး။
အဲ့ဒါေၾကာင့္ ငါ့ မိသားစု ငါ့ပတ္ဝန္းက်င္မွာ ငါေပ်ာ္ေနၿပီ။ ငါလည္း မေသခ်င္ေတာ့ဘူး။ အဲ့ဒါေၾကာင့္ ငါတို႔ ကတိကို ဖ်က္တယ္။ မင္းလည္း မင္းလိုရာ ခရီးကိုသာ သြားပါေတာ့" ဟု ေျပာလိုက္ပါေလ ေတာ့သတည္း။
ဒီမွာ စဥ္းစားစရာ ေပၚလာတာကေတာ့ ေလာကမွာ မစင္ထဲမွာ ေပ်ာ္ေနတဲ့ ေလာက္လို ျဖစ္ေနရင္ မစင္တြင္းထဲမွာသာ က်င္လည္ ေနၾကရမွာပါ။ ဒါ့ေၾကာင့္ မိမိက ဘယ္ဘဝက လာလို႔ ဘယ္ဘဝကို ဆက္သြားမွာလဲလို႔ ႀကိဳတင္ စီစဥ္ ေဆာင္႐ြက္သင့္ခ်ိန္ ေရာက္ပါၿပီ။ မစင္တြင္းထဲမွာပဲ ေပ်ာ္ေနတဲ့ ေလာက္ဘဝကေန ႐ုန္းထြက္ၾကပါစို႔။
UMyintKhaing
0 Comments