ဆံပင်ထိန်းသိမ်းတာနဲ့ ပတ်သက်ပြီး လူအများစု လွဲမှားနေတဲ့ အချက် (၆) ချက်

ခေါင်းလျှော်တာနဲ့ ဆံပင်လေမှုတ်တာက ဘာနည်းစနစ်မှ မလိုဘူးလို့ လူအများက ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် ဆံပင်ထိန်းသိမ်းနည်းအချို့က ဆံပင်ပို ပိုမကောင်းလာစေတဲ့အပြင် ပိုပြီးဆိုးရွား သွားစေမှာပါ။ အဲဒါကြောင့် ဆံပင်ထိန်းသိမ်းတာနဲ့ ပတ်သက်ပြီး လူအများစု လုပ်မိတဲ့အမှားတချို့ကို ဖော်ပြပေးပါမယ်နော်။

၁။ ခေါင်းလျှော်နည်း မမှန်ခြင်း

ခေါင်းလျှော်တဲ့အခါ ခေါင်းကို ငုံ့ပြီးလျှော်တာက ပိုပြီးထိရောက်မှု ရှိပါတယ်။ သင်က ဆံပင်ရှည်သူဆိုရင် ခေါင်းငုံ့လျှော်တဲ့အခါ ပိုအဆင်ပြေပြီး ဆံပင်အတွင်းဘက်အထိ ခေါင်းလျှော်ရည်တွေ ပိုဝင်ပါတယ်။ ပြီးတော့ ခေါင်းလျှော်ရည်မှာပါတဲ့ ဓါတုပစ္စည်းတွေက ကျောနဲ့ လည်ပင်းကို မထိတော့တာကြောင့် အသားအရေပွန်းတာကိုလည်း ကာကွယ်ပြီး ဖြစ်သွားပါတယ်။

၂။ Dry Shampoo ကို ခေါင်းမလျှော်ဖြစ်တဲ့အခါမှသာ သုံးခြင်း

Dry shampoo က ခေါင်းလျှော်ဖို့ အချိန်မရတဲ့အခါ အရမ်းအဆင်ပြေ ပါတယ်။ ဒါပေမယ့် dry shampoo ကို ခေါင်းလျှော်ဖို့ အချိန်ရတဲ့အခါမှာလည်း သုံးလို့ရပါတယ်။ Dry shampoo က ဆီပင်အဆီထွက်တာကို နည်းပါးသွားစေလို့ပါ။

၃။ Conditioner ကို အချိန်အကြာကြီး ထားထားခြင်း

ဆံပင်ထိန်းသိမ်းတဲ့အခါ conditioner က အရေးကြီးတဲ့အရာပါပဲ။ Conditioner က ဆံသားတွေကို ပိုပြီးပျော့ပျောင်း စေပါတယ်။ ဒါပေမယ့် conditioner ကို ဆံပင်မှာ အကြာကြီး ပေါင်းထားရင် သင့်ရဲ့ဆံသားတွေ ပိုပျက်လာပြီး အဆီတွေ ပိုထွက်မှာပါ။ ဆံပင်မှာ conditioner ကို ၃ မိနစ်လောက် ပေါင်းထားရင် လုံလောက်ပါပြီ။

၄။ ခေါင်းလျှော်ရည် တစ်မျိုးတည်းကိုသာသုံးခြင်း

ခေါင်းလျှော်ရည် တစ်မျိုးတည်းကိုသာ သုံးနေရင် သင့်ဆံပင်က ထင်သလောက် လှပတော့မှာ မဟုတ်ပါဘူး။ ရာသီဥတု၊ ရေအရည်အသွေး၊ ဆံပင်အထူအပါးပေါ်မူတည်ပြီး ခေါင်းလျှော် ၂ မျိုး၊ ၃ မျိုးကို လှည့်ပြီးသုံးပါ။

၅။ ဆံပင်စိုနေတုန်း ဆံထုံးထုံးခြင်း

ခေါင်းလျှော်ပြီးပြီးချင်း ဆံပင်ကို ထုံးထားတာ၊ စည်းထားတာ တစ်ခါတလေမှာတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် အမြဲတမ်း ဆိုရင်တော့ ဆံသားတွေ ကျိုးပြီး ငြိလာမှာပါ။ ဆံပင်စိုနေချိန်က ဆံသားတွေက အားအနည်းဆုံး အချိန်ပါပဲ။

၆။ ခေါင်းမလျှော်ခင် ခေါင်းမဖြီးခြင်း

ခေါင်းလျှော်ပြီး ဆံပင်စိုနေတုန်း ခေါင်းဖြီးတာက ဆံပင်ပိုကျွတ်ပါတယ်။ ပြီးတော့ ဆံသားခွတာလည်း ဖြစ်စေပါတယ်။ အဲဒါကြောင့် ခေါင်းမလျှော်ခင် ခေါင်းဖြီးထားရင် ဆံပင်ငြိတာ၊ အဖုအထုံး ဖြစ်သွားတာတွေ မဖြစ်တော့ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments