ကြီးရင် သေမယ်

တနေ့သောအခါ ကိုရင်ကြီးတပါးက ကိုရင်လေးကို စ လိုက်လို့ ကိုရင်လေးက ငိုပြီး ကျောင်းထိုင် ဆရာတော်ကြီးကို သွားတိုင်ပါတယ်။

ဆရာတော်ကြီးက ကိုရင်လေးကို နှစ်သိမ့် ပေးပါတယ်။

"ကိုရင်လေး မငိုနဲ့၊ တိတ် တိတ်။ အဲဒီ ကိုရင်ကြီးက အသက်ကြီးရင် သေမှာ။ ဘာမှ သွားလုပ်စရာ မလိုဘူး တိတ် တိတ်" လို့ ပြောလိုက်တော့ ကိုရင်လေးက ကျေနပ်သွား သတဲ့။

အသက်ကြီးရင် သေရတယ် ဆိုတဲ့ သဘာဝ တရားကို နားမလည် သေးတော့ ကိုရင်လေးက ကျေနပ် သွားတာပေါ့။

ကြီးရင် သေတတ်တယ် ဆိုတဲ့ သဘောတရားနဲ့ ဆက်စပ်ပြီး တွေးလိုက် မိတယ်။

လူတွေမှာ တခုခု ကြီးလာရင် တခုက သေသွား တတ်တယ် ဆိုတာ ကိုပါ။

ဥပမာ စိုးရိမ်စိတ်တွေ ကြီးလာရင် ပျော်ရွှင်မှုတွေ သေဆုံး တတ်တယ်။

သံသယစိတ်တွေ ကြီးလာရင် ယုံကြည်မှုတွေ သေဆုံးတတ်တယ်။

ပြိုင်ဆိုင်မှုတွေ ကြီးလာရင် ငြိမ်းချမ်းမှုတွေ သေဆုံး တတ်တယ်။

မညီမျှမှုတွေ ကြီးလာရင် လေးစားမှုတွေ သေဆုံးတတ်တယ်။

အတ္တစိတ်တွေ ကြီးလာရင် ရိုသားခြင်းတွေ သေဆုံးတတ်တယ် ။

အပျင်းတွေ ကြီးလာရင် အခွင့်လမ်းတွေ သေဆုံးတတ်တယ် ။

crd

Zawgyi

ႀကီးရင္ ေသမယ္

တေန႔ေသာအခါ ကိုရင္ႀကီးတပါးက ကိုရင္ေလးကို စ လိုက္လို႔ ကိုရင္ေလးက ငိုၿပီး ေက်ာင္းထိုင္ ဆရာေတာ္ႀကီးကို သြားတိုင္ပါတယ္။

ဆရာေတာ္ႀကီးက ကိုရင္ေလးကို ႏွစ္သိမ့္ ေပးပါတယ္။

"ကိုရင္ေလး မငိုနဲ႔၊ တိတ္ တိတ္။ အဲဒီ ကိုရင္ႀကီးက အသက္ႀကီးရင္ ေသမွာ။ ဘာမွ သြားလုပ္စရာ မလိုဘူး တိတ္ တိတ္" လို႔ ေျပာလိုက္ေတာ့ ကိုရင္ေလးက ေက်နပ္သြား သတဲ့။

အသက္ႀကီးရင္ ေသရတယ္ ဆိုတဲ့ သဘာဝ တရားကို နားမလည္ ေသးေတာ့ ကိုရင္ေလးက ေက်နပ္ သြားတာေပါ့။

ႀကီးရင္ ေသတတ္တယ္ ဆိုတဲ့ သေဘာတရားနဲ႔ ဆက္စပ္ၿပီး ေတြးလိုက္ မိတယ္။

လူေတြမွာ တခုခု ႀကီးလာရင္ တခုက ေသသြား တတ္တယ္ ဆိုတာ ကိုပါ။

ဥပမာ စိုးရိမ္စိတ္ေတြ ႀကီးလာရင္ ေပ်ာ္႐ႊင္မႈေတြ ေသဆုံး တတ္တယ္။

သံသယစိတ္ေတြ ႀကီးလာရင္ ယုံၾကည္မႈေတြ ေသဆုံးတတ္တယ္။

ၿပိဳင္ဆိုင္မႈေတြ ႀကီးလာရင္ ၿငိမ္းခ်မ္းမႈေတြ ေသဆုံး တတ္တယ္။

မညီမွ်မႈေတြ ႀကီးလာရင္ ေလးစားမႈေတြ ေသဆုံးတတ္တယ္။

အတၱစိတ္ေတြ ႀကီးလာရင္ ႐ိုသားျခင္းေတြ ေသဆုံးတတ္တယ္ ။

အပ်င္းေတြ ႀကီးလာရင္ အခြင့္လမ္းေတြ ေသဆုံးတတ္တယ္ ။

crd

Post a Comment

0 Comments