တခြားခွေးတွေနဲ့ အရောင်ကွဲထွက်ပြီး မွေးဖွားလာတဲ့ အစိမ်းရောင်ခွေးလေး

အီတလီနိုင်ငံက သိုးမွေးမြူရေးသမား Cristian Mallocci ဟာ သူမြင်ခဲ့ရတဲ့အရာကို မယုံနိုင် ဖြစ်ခဲ့ရပါတယ်။ သူ့မှာ ခွေး ၈ ကောင်ရှိပြီးတော့ Spelacchia လို့ခေါ်တဲ့ ခွေးကနေ ဒီခွေးအစိမ်းရောင်လေးကို မွေးခဲ့တာပဲ ဖြစ်ပါတယ်။ ခွေးငယ်လေးကို Pistachio လို့ ချက်ချင်းပဲ အမည်ပေးခဲ့ပါတယ်။

လွန်ခဲ့သော နှစ်ပတ်ခန့်အချိန်ကထိ အီတလီ သိုးမွေးမြူရေးသမား Cristian Mallocci ဟာ လက်ရှိ သတင်းလောကမှာ နာမည်ကြီးလာမယ် ဆိုတာကို မသိခဲ့ပါဘူး။ မြေထဲပင်လယ်ရှိ Sardinia ကျွန်းမှာရှိတဲ့ သူ့ရဲ့ခြံထဲမှာ ခွေး ၈ ကောင် မွေးထားပါတယ်။ အဲဒီထဲကမှ တစ်ကောင်ဖြစ်တဲ့ Spelacchia ဟာ ခွေးပေါက်လေး ၅ ကောင်ကို မွေးဖွားခဲ့ပါတယ်။


Pistachio ရဲ့ ညီအကို မောင်နှမ (၄) ကောင်စလုံးဟာ အဖြူရောင် အမွေးတွေနဲ့ မွေးဖွားခဲ့ပြီး မိခင်နှင့် အရောင်တူညီပါတယ်။ ဒါပေမယ့်လည်း ဒီထူးထူးခြားခြား ခွေးကလေးမှာတော့ အစိမ်းရောင် အမွေးတွေ ပါလာပါတယ်။

ခွေးတစ်ကောင်အတွက် အစိမ်းရောင် အမွေးတွေနဲ့ မွေးဖွားလာတဲ့အတွက် ထူးဆန်းနေပါတယ်။ ဒီလိုဖြစ်စဉ်ဟာ အရမ်းကို ရှားပါးပါတယ်။ ဘာကြောင့် အစိမ်းရောင်ဖြစ်ရလဲဆိုတဲ့ အဖြေကတော့ ရိုးရှင်းပါတယ်။


အမွေးဖျော့ဖျော့ရှိတဲ့ ခွေးလေးတွေဟာ မိခင်ဝမ်းတွင်းမှာရှိတဲ့ biliverdin လို့ခေါ်တဲ့ အစိမ်းရောင်ရောင်ခြယ်ပစ္စည်းနှင့် ထိတွေ့မိလို့ ဒီလို ပြောင်းလဲသွားတာလို့ ယူဆနေကြပါတယ်။ အစိမ်း တစ်မျိုးတည်းတင်မကပဲ အစိမ်းရင့်ရောင် အမဲစက်တွေပါ ပါဝင်နေပါတယ်။

စိတ်မကောင်းစရာတစ်ခုက ခွေးလေးရဲ့ အစိမ်းရောင် အမွေးလေးတွေဟာ ထာဝရတည်တံ့နိုင်မှာ မဟုတ်ပါဘူး။ Pistachio ရဲ့ ခန္ဒာကိုယ်က အရောင်တွေဟာ တစ်နေ့ထက်တစ်နေ့ မှိန်လာပါပြီ။


တိရစ္ဆာန် ဆေးကုဆရာဝန်ကတော့ ခွေးရဲ့ကိုယ်ဝန်အတွင်းမှာ သည်းခြေရည်မှာပါရှိတဲ့ biliverdin ဟာ အချင်းမှာရှိတဲ့ amniotic အရည်ထဲကို ရောနှောသွားတာကြောင့် ဒီလိုဖြစ်သွားရတာလို့ ရှင်းပြခဲ့ပါတယ်။ ဒါကြောင့်လည်း ခွေးလေးရဲ့ အမွေးတွေကို အစိမ်းရောင်တွေ ဖြစ်စေခဲ့တာပါ။

ဒီလို ခွေးစိမ်းလေးတွေဟာ အရမ်းကို ရှားပါးပါတယ်။ 2017 မှာ စကော့တလန်မှာရှိတဲ့ golden retriever အမျိုးအစား ခွေးလေးဟာလည်း ဒီလိုဖြစ်ရပ်မျိုးနဲ့ မွေးဖွားခဲ့ဖူးပါတယ်။ အခုနှစ် ဇန်နဝါရီလမှာလည်း မြောက်ကာရိုလိုင်းနားမှာ Hulk လို့ခေါ်တဲ့ ခွေးစိမ်းလေးတစ်ကောင်ကို ထပ်မွေးဖွားခဲ့ပြန်ပါပြီ။


Mallocci ကတော့ Pistachio လေးကို သူ့ခြံမှာ သေချာလေးမွေးထားပြီး သိုးတွေကို ပြုစုစောင့်ရှောက်ဖို့ လေ့ကျင့်ပေးမယ်လို့ ဆိုပါတယ်။ Pistachio ရဲ့ ညီအကိုမောင်နှမတွေကို အိမ်အသစ်တွေ ဆောက်ပေးဦးမယ်လို့ လယ်သမားက ပြောပါတယ်။

ဒီအစိမ်းရောင် ခွေးလေးကိုတော့ သူ့ခြံမှာပဲ ထားပြီးတော့ သူ့မိခင် Spelacchia ကတော့ နွားတွေကို စောင့်ရှောက်ဖို့ ကူညီမှာပဲ ဖြစ်ပါတယ်။ ဒီအစိမ်းရောင်ခွေးလေးဟာ မျှော်လင့်မထားတဲ့ လက်ဆောင်တစ်ခု ဖြစ်ကြောင်း Mallocci က ပြောပြခဲ့ပါတယ်။


အစိမ်းရင့်ရောင်ဟာ မျှော်လင့်ချက်နှင့် ကံကောင်းခြင်းရဲ့ လက္ခဏာဖြစ်တာကြောင့် လူအများရဲ့ မျက်နှာပေါ်မှာ အပြုံးတွေ ဝေစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကမ္ဘာကို ရောက်လာခြင်း ဖြစ်နိုင်တယ်လို့ ယုံကြည်နေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments