လူသားတွေကြောင့် မဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး စိမ်းပြာရောင်အဖြစ် ပြောင်းလဲသွားတဲ့ လေလွင့်ကြောင်လေး

စိမ်းပြာရောင်ရှိတဲ့ ဒီလေလွင့်ကြောင်လေးမှာ နာမည်တော့ မရှိပါဘူး။ စိမ်းပြာရောင် အမွေးတွေ ရှိနေတာကြောင့် သူ့ပုံစံက အရမ်းကို ထူးခြားနေပါတယ်၊ သူက Bulgaria နိုင်ငံ၊ Varna မြို့က လမ်းတွေပေါ်မှာ လျှောက်သွားနေတတ်ပါတယ်။

ကြောင်လေးကို ဒေသခံတွေက စတွေ့တော့ တစ်ယောက်ယောက်က အကြင်နာကင်းမဲ့ပြီး ကြောင်လေးကို ဆေးခြယ်ပေးသွားတယ် လို့ပဲ ထင်လိုက်ကြတာပါ။ ကြောင်လေးအပေါ် ရက်စက်သွားတယ်လို့ ထင်ပြီး facebook page တစ်ခုမှာတောင် ရှာဖွေလိုက်ကြ ပါသေးတယ်။

ကြောင်လေးရဲ့ ခန္ဓာကိုယ်က စိမ်းပြာရောင် ပြောင်းပေမယ့် ကျန်းမာရေး ကောင်းမွန်နေပြီး လမ်းတွေမှာလည်း လျှောက်သွားနေခဲ့ပါတယ်။ အဲဒါကြောင့် ကြောင်လေးက အမှိုက်ပုံတွေနား လျှောက်သွားပြီး အရောင်တွေ စွန်းလာတာ ဖြစ်မယ်လို့ တချို့က ထင်ကြပါတယ်။

တကယ်တော့ ကြောင်လေးကို ဘယ်သူကမှ ဆေးခြယ်ပေးခဲ့တာ မဟုတ်ပါဘူး။ ဒေသခံတွေက ကြောင်လေးကိုယ်ပေါ်က စိမ်းပြာရောင်တွေ ပျောက်သွားအောင်လို့ ရေချိုးပေးဖို့ ကြိုးစားကြပါသေးတယ်။

ဒါပေမယ့် ကြောင်ကို ဖမ်းလို့ မရခဲ့ပါဘူး။ ကြောင်လေးက လမ်းတွေပေါ်မှာ တစ်နှစ်လောက် ကျန်းကျန်းမာမာနဲ့ လျှောက်သွားနေခဲ့တာပါ။ အရောင်ကလည်း ပျက်မသွားခဲ့ပါဘူး။

ကြောင်လေးက ပျော်ရွှင်ကျန်းမာတဲ့ပုံပေါ်ပြီး တခြားကြောင်တွေနဲ့လည်း ကစားပါတယ်။ ဒေသခံတွေက အဲဒီစိမ်းပြာရောင် လေလွင့်ကြောင်လေးကို တွေ့ရင် တခြားကြောင်တွေနဲ့ တန်းတူ အစာကျွေးပါတယ်။

သူနေကောင်းရဲ့လား ဆိုတာကိုလည်း စောင့်ကြည့်ပေးကြပါတယ်။ စိမ်းပြာရောင် ကြောင်လေးက social media တစ်ခွင်မှာတော့ နာမည်ကြီးနေပါပြီ။

ရုပ်သံ

Zombie (lovemedia)

Post a Comment

0 Comments