ကမ္ဘာကြီးကို အသက်ရှူဝစေဖို့ အစိမ်းရောင်မဟာတံတိုင်းကြီး တည်ဆောက်နေတဲ့ အာဖရိကတိုက်

ကမ္ဘာကြီး ပူနွေးလာမှုက တစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးလာနေပါတယ်။ အာဖရိကတိုက်မှာ နေထိုင်သူတွေက ရာသီဥတု ပြောင်းလဲမှုတွေကို ရပ်တန့်နိုင်ဖို့ အာဖရိကတိုက်တစ်လျှောက်မှာ မိုင်ပေါင်း ၅၀၀၀ ခန့် (8000 ကီလိုမီတာ) အပင်တွေ စတင်စိုက်ပျိုးနေကြပါပြီ။ သူတို့ရဲ့စီမံကိန်းကို အစိမ်းရောင် မဟာတံတိုင်းကြီးလို့ နာမည်ပေးထားပြီးတော့ ၁၅ ရာခိုင်နှုန်းနီးပါး ပြီးစီးသွားပါပြီ။

အစိမ်းရောင် မဟာတံတိုင်းကြီးကို ပြုလုပ်ဖို့ စိတ်ကူးရသူကတော့ အင်္ဂလိပ်လူမျိုးတောအုပ် Richard St.Barbe Baker ဖြစ်ပါတယ်။ သူက ၁၉၅၀ ခုနှစ်တွေကတည်းက အစိမ်းရောင် မဟာတံတိုင်းကြီး ဖြစ်အောင်စိုက်ဖို့ ရည်ရွယ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီစီမံကိန်းက ၂၀၀၇ ခုနှစ်ထိ ဖြစ်မလာခဲ့သေးပါဘူး။ ၂၀၀၇ ခုနှစ်နောက်ပိုင်း စတင်စိုက်ပျိုးလာတဲ့အခု အခုဆိုရင် ရလဒ်အစပိုင်းကို တွေ့မြင်နေရပါပြီ။

အခုဆိုရင် သဲကန္တာရမြေ ၄၀ မီလီလျံဟက်တာက အပင်တွေနဲ့ စိမ်းစိုလန်းဆန်း နေပါပြီ။ ပြီးတော့ အပိုထပ်ဆောင်းအဖြစ် တစ်နှစ်ကို စပါး တန်ချိန်ပေါင်း ၅၀၀,၀၀၀ တန်ထွက်အောင်လည်း စီမံစိုက်ပျိုး ထားပါသေးတယ်။

အဲဒီ စပါးတန်ချိန်က လူပေါင်း ၂.၅ သန်းကို ကျွေးနိုင်ဖို့ လုံလောက်ပါတယ်။ ဒီစီမံကိန်းက အရှိန်အဟုန်နဲ့ အောင်မြင်ရင် အာဖရိကတိုက်ရဲ့ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေအတွက် အသက်ကယ်ကြိုးသဖွယ် အထောက်အကူ ပြုနိုင်သွားမှာပါ။

အစိမ်းရောင် မဟာတံတိုင်းကြီးကို ဧကပေါင်း ဘီလျံပေါင်း ၁၉၂၇,၄၂၁,၉၇၅ အထိ တိုးချဲ့သွားမယ်လို့ ဖော်ပြထားပါတယ်။ လူပေါင်း ၂၃၂ သန်းအတွက် မှီခိုရာသဖွယ်လည်း ဖြစ်သွားမှာပါ။ အစိမ်းရောင် မဟာတံတိုင်းကြီးက အာဖရိကတိုက်က သဲကန္တရာတွေကို အသက်ဝင်စိမ်းစိုစေရုံမက နိုင်ငံပေါင်း ၁၁ နိုင်ငံရဲ့ စီးပွားရေးတွေကိုပါ တိုးတက်အောင် ကူညီပေးရာ ရောက်သွားမှာပါ။

လူပေါင်း ထောင်ချီက သစ်ပင်စိုက်ပျိူးတာကြောင့် အလုပ်အကိုင်တွေလည်း ရသွားကြပါတယ်။ ဒါက ရေရှည်စီမံကိန်း ဖြစ်တာကြောင့် စီမံကိန်းအောင်မြင်ဖို့ ဆယ်စုနှစ်တစ်ခုထက် ပိုကြာဦးမှာပါ။

စီမံကိန်းက အောင်မြင်သွားတာနဲ့ အာဖရိကတိုက်မှာ ကောင်းမွန်တဲ့ ပြောင်းလဲမှုကြီးတွေ ဖြစ်ပေါ်လာတော့မှာပါ။

- သဲကန္တရာကြောင့် ဖြစ်လာတဲ့ပြဿနာ၊ ဆင်းရဲမွဲတေမှု၊ မိုးခေါင်ရေရှားတာကို ဖြေရှင်းနိုင်ခြင်း

- စိုက်ပျိုးရေးအတွက် သဲကန္တာရ စတုရန်းမိုင်ပေါင်း ၈၆၈၇ ခန့်ကို ပြန်လည်ထူထောင်နိုင်ခြင်း

- ရေ၊ မြေ၊ သဘာဝတောကောင်တွေ ပိုပေါလာခြင်း

- ရာသီဥတုပြောင်းလဲမှုနဲ့ လေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့ ကာဘွန်တန်ပေါင်း ၂၅၀ သန်းကို လျှော့ချပေးနိုင်ခြင်း

- ချို့တဲ့တဲ့ ဒေသတွေက လူတွေကို အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၀ သန်း ဖန်တီးပေးနိုင်တာကြောင့် လူနေမှုစနစ် မြင့်မားလာခြင်း

- နှစ်စဉ် အစာရေစာ ငတ်ပြတ်မှုကို ခံစားရနေတဲ့ လူပေါင်း သန်း ၂၀ အတွက် အစာရေစာ ဖူလုံသွားခြင်းဆိုတဲ့ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ရရှိလာမှာပါ။

အစိမ်းရောင် မဟာတံတိုင်းစီမံကိန်းက ၂၀၃၀ ခုနှစ်မှာ ပြီးစီးသွားမှာပါ။ အဲဒီအခါ အစိမ်းရောင် မဟာတံတိုင်းကြီးက ကမ္ဘာအံ့ဖွယ် ၈ ခုမြောက် ဖြစ်လာတော့မှာပါ။

Zombie (lovemedia)

Post a Comment

0 Comments