လောဘကြီးသော မြေပိုင်ရှင်

တခါတုန်းက ရွာတရွာမှာ မြေပိုင်ရှင် တဦးဟာ သူ့ဇနီး၊ ကလေး နှစ်ယောက်နဲ့ နေထိုင်လျက် ရှိတယ်။ သူတို့ဟာ တကယ့်ကို ယဉ်ကျေးပြီး ဆက်ဆံရေး ကောင်းမွန်တဲ့ သူတွေပါ။

သူတို့မှာ နေ့စဉ် ရွှေဥ တလုံး ဥပေးတဲ့ ကြက်မ လှလှ‌လေး တကောင် ရှိတယ်။ ဒါပေမယ့် မြေပိုင်ရှင်ဟာ သူနေ့စဉ် ရရှိခဲ့တဲ့ ရွှေဥ တလုံးနဲ့ မရောင့်ရဲ မကျေနပ်နိုင်ဘူး ဖြစ်နေတယ်။

သူဟာ ရွာမှာ လူချမ်းသာ တဦး ဖြစ်ပေမယ့် တမြို့လုံး တနိုင်ငံလုံးမှာ ကြော်ကြားတဲ့ သူဌေးကြီး ဖြစ်ချင် လာတယ်။ သူဟာ အဲ့ဒီ လောဘကပဲ တနေ့ တလုံးပဲ ဥပေးတဲ့ ကြက်မလေးရဲ့ ဗိုက်ထဲမှာ မရေမတွက် နိုင်လောက်တဲ့ ရွှေတွေ ရှိနေမယ်လို့ ယုံကြည် လာတယ်။

သူဟာ ကြက်မရဲ့ ဗိုက်ထဲက ရွှေအားလုံးကို တပြိုင်နက်တည်း ရယူ လိုလာတယ်။ ဒါ့ကြောင့် သူဟာ သူ့ရဲ့ အစီအစဉ် အတိုင်း ဆောင်ရွက်ဖို့ ဆုံးဖြတ် လိုက်တယ်။

နောက်တနေ့ မှာတော့ ကြက်မက ရွှေဥတလုံး ဥပြီးစဉ်မှာ သူဟာ ကြက်မလေးကို ဖမ်းလိုက်ပြီး ဓားထက်ထက် တလက်နဲ့ ကြက်မရဲ့ လည်ပင်းကို လှီးဖြတ်ပြီး ကြက်မရဲ့ ဗိုက်ကို ခွဲလို့ ရွှေတွေကို ရှာလိုက်တယ်။

ဗိုက်ထဲမှာ ကလီစာတွေနဲ့ သွေးတွေက လွဲပြီး ဘာမှ မရှိတဲ့အခါ အလွန် စိုးရိမ်သွားပြီး ကြက်မရဲ့ တကိုယ်လုံးကို အစိတ်စိတ် အမွှာမွှာ တုံးတစ်ပြီး သေချာအောင် အထပ်ထပ် ရှာပါတော့တယ်။

ဒါပေမယ့် ရွှေနဲ့တူတာ ဘာမှ ရှာမရ တော့ပါဘူး။ သူနဲ့ သူ့မိသားစုဟာ အလွန်ကိုမှ နောင်တ ရသွားတယ်။ နောက်နေ့က စလို့ ‌ရွှေဥ မရနိုင်တော့ ပါဘူး။

သူတို့ရဲ့ ဘဝဟာ တနေ့ ရွှေဥတလုံးနဲ့ အဆင်ပြေ ချောမွေ့စွာ နေထိုင်ခဲ့ရ သော်လည်း လောဘ ကြီးမှုကြောင့် ယခုတော့ ကိုယ့်ဘဝကိုယ် ပျက်အောင် လုပ်ခဲ့မိတယ်။

သူဟာ တနေ့ထက် တနေ့ စိတ်ဆင်းရဲ လာပြီး နောက်ဆုံးမှာ ရူးသွားခဲ့ ပါတော့တယ်။

ဒီပုံပြင်က အလိုကြီး အရနည်း တတ်တာကို ဖော်ပြပေး ထားတာ ဖြစ်ပြီး နေ့စဉ် ရွှေဥ ဥပေးနေတဲ့ ကြက်ကို မသတ်ဘဲ တခြား နည်းလမ်းနဲ့ ဝင်ငွေ တိုးအောင်သာ ဆောင်ရွက်သင့် ပါတယ်။

Crd

Zawgyi

ေလာဘႀကီးေသာ ေျမပိုင္ရွင္

တခါတုန္းက ႐ြာတ႐ြာမွာ ေျမပိုင္ရွင္ တဦးဟာ သူ႔ဇနီး၊ ကေလး ႏွစ္ေယာက္နဲ႔ ေနထိုင္လ်က္ ရွိတယ္။ သူတို႔ဟာ တကယ့္ကို ယဥ္ေက်းၿပီး ဆက္ဆံေရး ေကာင္းမြန္တဲ့ သူေတြပါ။

သူတို႔မွာ ေန႔စဥ္ ေ႐ႊဥ တလုံး ဥေပးတဲ့ ၾကက္မ လွလွ‌ေလး တေကာင္ ရွိတယ္။ ဒါေပမယ့္ ေျမပိုင္ရွင္ဟာ သူေန႔စဥ္ ရရွိခဲ့တဲ့ ေ႐ႊဥ တလုံးနဲ႔ မေရာင့္ရဲ မေက်နပ္ႏိုင္ဘူး ျဖစ္ေနတယ္။

သူဟာ ႐ြာမွာ လူခ်မ္းသာ တဦး ျဖစ္ေပမယ့္ တၿမိဳ႕လုံး တႏိုင္ငံလုံးမွာ ေၾကာ္ၾကားတဲ့ သူေဌးႀကီး ျဖစ္ခ်င္ လာတယ္။ သူဟာ အဲ့ဒီ ေလာဘကပဲ တေန႔ တလုံးပဲ ဥေပးတဲ့ ၾကက္မေလးရဲ႕ ဗိုက္ထဲမွာ မေရမတြက္ ႏိုင္ေလာက္တဲ့ ေ႐ႊေတြ ရွိေနမယ္လို႔ ယုံၾကည္ လာတယ္။

သူဟာ ၾကက္မရဲ႕ ဗိုက္ထဲက ေ႐ႊအားလုံးကို တၿပိဳင္နက္တည္း ရယူ လိုလာတယ္။ ဒါ့ေၾကာင့္ သူဟာ သူ႔ရဲ႕ အစီအစဥ္ အတိုင္း ေဆာင္႐ြက္ဖို႔ ဆုံးျဖတ္ လိုက္တယ္။

ေနာက္တေန႔ မွာေတာ့ ၾကက္မက ေ႐ႊဥတလုံး ဥၿပီးစဥ္မွာ သူဟာ ၾကက္မေလးကို ဖမ္းလိုက္ၿပီး ဓားထက္ထက္ တလက္နဲ႔ ၾကက္မရဲ႕ လည္ပင္းကို လွီးျဖတ္ၿပီး ၾကက္မရဲ႕ ဗိုက္ကို ခြဲလို႔ ေ႐ႊေတြကို ရွာလိုက္တယ္။

ဗိုက္ထဲမွာ ကလီစာေတြနဲ႔ ေသြးေတြက လြဲၿပီး ဘာမွ မရွိတဲ့အခါ အလြန္ စိုးရိမ္သြားၿပီး ၾကက္မရဲ႕ တကိုယ္လုံးကို အစိတ္စိတ္ အမႊာမႊာ တုံးတစ္ၿပီး ေသခ်ာေအာင္ အထပ္ထပ္ ရွာပါေတာ့တယ္။

ဒါေပမယ့္ ေ႐ႊနဲ႔တူတာ ဘာမွ ရွာမရ ေတာ့ပါဘူး။ သူနဲ႔ သူ႔မိသားစုဟာ အလြန္ကိုမွ ေနာင္တ ရသြားတယ္။ ေနာက္ေန႔က စလို႔ ‌ေ႐ႊဥ မရႏိုင္ေတာ့ ပါဘူး။

သူတို႔ရဲ႕ ဘဝဟာ တေန႔ ေ႐ႊဥတလုံးနဲ႔ အဆင္ေျပ ေခ်ာေမြ႕စြာ ေနထိုင္ခဲ့ရ ေသာ္လည္း ေလာဘႀကီးမႈေၾကာင့္ ယခုေတာ့ ကိုယ့္ဘဝကိုယ္ ပ်က္ေအာင္ လုပ္ခဲ့မိတယ္။

သူဟာ တေန႔ထက္ တေန႔ စိတ္ဆင္းရဲ လာၿပီး ေနာက္ဆုံးမွာ ႐ူးသြားခဲ့ ပါေတာ့တယ္။

ဒီပုံျပင္က အလိုႀကီး အရနည္း တတ္တာကို ေဖာ္ျပေပး ထားတာ ျဖစ္ၿပီး ေန႔စဥ္ ေ႐ႊဥ ဥေပးေနတဲ့ ၾကက္ကို မသတ္ဘဲ တျခား နည္းလမ္းနဲ႔ ဝင္ေငြ တိုးေအာင္သာ ေဆာင္႐ြက္သင့္ ပါတယ္။

Crd

Post a Comment

0 Comments