အကောင်း မြင်တတ်သူ

ဟိုးရှေးရှေး တုန်းက မျက်လုံးတဖက် ကန်းပြီး ခြေတချောင်း မရှိတဲ့ သူဋ္ဌေးကြီးတယောက် ရှိတယ်။

တနေ့မှာ သူဋ္ဌေးကြီးဟာ တိုင်းပြည်ထဲက အတော်ဆုံး ပန်းချီဆရာတွေကို ဖိတ်ခေါ်ပြီး သူ့ရဲ့ပုံတူ ပန်းချီကားကို အလှဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် ရေးဆွဲဖို့ ပြောသတဲ့။

ပန်းချီဆရာတွေလည်း မျက်စိတဖက်လပ်၊ ခြေတချောင်း မရှိတဲ့ သူရဲ့ ပုံတူကို အလှဆုံး ဖြစ်အောင် ရွေးဆွဲဖို့ ဆိုတော့ လက်တွန့် နှုတ်ဆိတ်နေကြတာပေါ့။

အဲဒီမှာပဲ ပန်းချီဆရာ တယောက်ဟာ သူဋ္ဌေးကြီးရဲ့ ပုံတူ ပန်းချီကားကို အလှဆုံး၊ အကောင်းဆုံး ဖြစ်အောင် ရွေးဆွဲဖို့ ကတိပြုလိုက် ပါသတဲ့။ ပန်းချီဆရာဟာ ပုံတူပန်းချီကားကို စတင် ရေးဆွဲ ပါတော့တယ်။

ပန်းချီကား ရေးဆွဲပြီးတဲ့ အခါမှာတော့ မြင်ရသူ အားလုံး တအံ့တသြနဲ့ ပန်းချီဆရာကို ငေးမော ချီးကြူး ကြပါသတဲ့။ တကယ့်ကို သူဋ္ဌေးကြီးရဲ့ ပုံတူက အလှဆုံးနဲ့ အကောင်းဆုံး ပန်းချီကားပဲ လို့ မှတ်ချက် ပြုလိုက် ကြပါတယ်။

ပန်းချီကားထဲမှာ သူဋ္ဌေးကြီးဟာ မျက်လုံးတဖက်ကို ပိတ်ထားပြီး မြင်းကို ခွစီးကာ သားကောင်ကို လေးမြားတို့ဖြင့် ချိန်ရွယ်လို့ အမဲလိုက်နေတဲ့ ပုံပဲ ဖြစ်ပါတယ်။

ဒီပုံပြင်ကို ဖတ်ပြီး တွေးကြည့်မိတယ်။ ပန်းချီဆရာချင်း တူပါလျက် တခြား ပန်းချီဆရာတွေ ကရော သူ့လို ဘာကြောင့်များ မတွေးမိပါလိမ့်။

အတတ်ပညာချင်း တူလျှင် အသိပညာချင်း ကွာခြားပါလိမ့်မယ်။ အသိပညာချင်း တူလျှင် အလှကို ခံစားတတ်တဲ့ နှလုံးသားချင်း ကွာခြားပါလိမ့်မယ်။

တခြားသူတွေရဲ့ အားနည်းချက်ကို မြင်ဖို့က လွယ်ကူပြီး၊ အကောင်းမြင်စိတ် မွေးတတ်ဖို့က ခက်ခဲနေကြလို့ပဲ ဖြစ်ပါတယ်။

Crd

Zawgyi

အေကာင္း ျမင္တတ္သူ

ဟိုးေရွးေရွး တုန္းက မ်က္လုံးတဖက္ ကန္းၿပီး ေျခတေခ်ာင္း မရွိတဲ့ သူေ႒းႀကီးတေယာက္ ရွိတယ္။

တေန႔မွာ သူေ႒းႀကီးဟာ တိုင္းျပည္ထဲက အေတာ္ဆုံး ပန္းခ်ီဆရာေတြကို ဖိတ္ေခၚၿပီး သူ႔ရဲ႕ပုံတူ ပန္းခ်ီကားကို အလွဆုံးနဲ႔ အေကာင္းဆုံး ျဖစ္ေအာင္ ေရးဆြဲဖို႔ ေျပာသတဲ့။

ပန္းခ်ီဆရာေတြလည္း မ်က္စိတဖက္လပ္၊ ေျခတေခ်ာင္း မရွိတဲ့ သူရဲ႕ ပုံတူကို အလွဆုံး ျဖစ္ေအာင္ ေ႐ြးဆြဲဖို႔ ဆိုေတာ့ လက္တြန႔္ ႏႈတ္ဆိတ္ေနၾကတာေပါ့။

အဲဒီမွာပဲ ပန္းခ်ီဆရာ တေယာက္ဟာ သူေ႒းႀကီးရဲ႕ ပုံတူ ပန္းခ်ီကားကို အလွဆုံး၊ အေကာင္းဆုံး ျဖစ္ေအာင္ ေ႐ြးဆြဲဖို႔ ကတိျပဳလိုက္ ပါသတဲ့။ ပန္းခ်ီဆရာဟာ ပုံတူပန္းခ်ီကားကို စတင္ ေရးဆြဲ ပါေတာ့တယ္။

ပန္းခ်ီကား ေရးဆြဲၿပီးတဲ့ အခါမွာေတာ့ ျမင္ရသူ အားလုံး တအံ့တၾသနဲ႔ ပန္းခ်ီဆရာကို ေငးေမာ ခ်ီးၾကဴး ၾကပါသတဲ့။ တကယ့္ကို သူေ႒းႀကီးရဲ႕ ပုံတူက အလွဆုံးနဲ႔ အေကာင္းဆုံး ပန္းခ်ီကားပဲ လို႔ မွတ္ခ်က္ ျပဳလိုက္ ၾကပါတယ္။

ပန္းခ်ီကားထဲမွာ သူေ႒းႀကီးဟာ မ်က္လုံးတဖက္ကို ပိတ္ထားၿပီး ျမင္းကို ခြစီးကာ သားေကာင္ကို ေလးျမားတို႔ျဖင့္ ခ်ိန္႐ြယ္လို႔ အမဲလိုက္ေနတဲ့ ပုံပဲ ျဖစ္ပါတယ္။

ဒီပုံျပင္ကို ဖတ္ၿပီး ေတြးၾကည့္မိတယ္။ ပန္းခ်ီဆရာခ်င္း တူပါလ်က္ တျခား ပန္းခ်ီဆရာေတြ ကေရာ သူ႔လို ဘာေၾကာင့္မ်ား မေတြးမိပါလိမ့္။

အတတ္ပညာခ်င္း တူလွ်င္ အသိပညာခ်င္း ကြာျခားပါလိမ့္မယ္။ အသိပညာခ်င္း တူလွ်င္ အလွကို ခံစားတတ္တဲ့ ႏွလုံးသားခ်င္း ကြာျခားပါလိမ့္မယ္။

တျခားသူေတြရဲ႕ အားနည္းခ်က္ကို ျမင္ဖို႔က လြယ္ကူၿပီး၊ အေကာင္းျမင္စိတ္ ေမြးတတ္ဖို႔က ခက္ခဲေနၾကလို႔ပဲ ျဖစ္ပါတယ္။

Crd

Post a Comment

0 Comments