ကံကြမ္မာကို ချီးကျူးပါ

တခါတုန်းက လယ်သမားလေး တယောက်ဟာ သူ့ရဲ့ လယ်မြေကို ထယ်ထိုးနေတုန်း မမျှော်လင့်ဘဲ ရတနာတွေကို တွေ့သွားခဲ့တယ်။

လယ်သမားလေးဟာ ဝမ်းသာမှုကြောင့် မြူးထူး ပျော်ရွှင်သွားပြီး မြေကြီးပေါ်သို့ လဲချ လိုက်တယ်။ ပြီးတော့ လယ်သမားလေးက မြေကြီးရဲ့ ကြင်နာမှုနဲ့ ရက်ရောမှု အတွက် ကျေးဇူး အထူး တင်ရှိကြောင်း ပြောကြား လိုက်ပါတယ်။

အဲဒီ အချိန်မှာ ကံကြမ္မာက ပေါ်လာပြီး "မင်းက မြေကြီးကို ကျေးဇူး တင်နေတယ်။ ငါ့ကို ကျတော့ ကျေးဇူးတင်ဖို့ ထည့် မစဉ်းစားဘူး။

တကယ်လို့ ဒီရတနာတွေဟာ တွေ့တာ မဟုတ်ဘဲနဲ့ ပျောက်ဆုံးသွားတာ ဆိုရင်တော့ မင်း အပြစ်တင်မည့် သူက ငါသာ ပထမ ဦးဆုံး ဖြစ်ပေလိမ့်မယ်" လို့ လယ်သမားလေးကို ပြောကြား လိုက်ပါတော့တယ်။

ဒီပုံပြင်လေး ထဲကလိုပဲ ကျွန်တော်တို့ရဲ့ ကုသိုလ်ကံ ကောင်းတာကို ချီးကျူး ရတာထက် မကောင်းတဲ့ ကုသိုလ်ကံကို အပြစ်တင် ရတာက ပိုပြီးလွယ်ကူ ကြပါတယ်။

ကျွန်တော်တို့ဟာ ကံကောင်းတဲ့ အချိန်မှာ ကံကြမ္မာကို ကျေးဇူးတင်ဖို့ မေ့နေတတ်ပြီး ကံဆိုးတဲ့ အချိန်မှာတော့ ကံကြမ္မာကို အပြစ်တင်ဖို့ သတိရတာက ပိုများ ကြပါတယ်။

ထို့အတူ ကြိုးစားတဲ့ အခါမှာလည်း အောင်မြင်တဲ့ အချိန်အခါမှာ ငါ တော်လို့၊ ငါတတ်လို့ စသည်ဖြင့် ချီးကျူးစကားများ ပြောတတ် ကြပြီး ကျရှုံးတဲ့ အခါကျတော့ ကံကြမ္မာကို အပြစ်တင် တတ်ကြပါတယ်။

ကျရှုံးတဲ့အခါ "ကံမကောင်းလို့ ကျရှုံးတာ" လို့ ကံကြမ္မာကိုပဲ အပြစ်တင် မနေပါနဲ့။ မိမိရဲ့ ကြိုးစားမှု ရာခိုင်နှုန်း အားနည်းတာ ကိုလည်း အပြစ်တင်ဖို့ သတိရကြပါ။ ဒီလို မိမိရဲ့ ကြိုးစားမှု ရာခိုင်နှုန်း အားနည်းတာ တွေကို မြင်သာအောင် ကြည့်ရှုတတ် လာတဲ့အခါ မိမိရဲ့ ကြိုးစားမှုတွေ တဖြည်းဖြည်း တိုးတက်လာမှာ ဖြစ်ပါတယ်။

ကျရှုံးမှုနဲ့ ကြုံတွေ့လာတဲ့ အခါ ဘယ်သူ ဘယ်ဝါကြောင့် ဖြစ်သွားတာ၊ ကံကြမ္မာကြောင့် ဖြစ်သွားတာ စသည်ဖြင့် အပြစ်တင်နေမယ့် အစား ကိုယ့်ရဲ့ အားနည်းချက်၊ လိုအပ်ချက် တွေကိုသာ အကောင်းမွန်ဆုံး ဖြစ်အောင် ပြုပြင် ကြိုးစားလိုက်တာက ပိုပြီး သဘာဝကျ ပါတယ်။

အောင်မြင်မှုအတွက် မိမိရဲ့ လိုအပ်ချက်၊ အားနည်းချက်တွေကို ပြုပြင် ကြိုးစားပြီး ပိုမိုကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင် ကြပါစေ။

Ashin Sanda Thiri YeOo

Zawgyi

ကံၾကမၼာကို ခ်ီးက်ဴးပါ

တခါတုန္းက လယ္သမားေလး တေယာက္ဟာ သူ႔ရဲ႕ လယ္ေျမကို ထယ္ထိုးေနတုန္း မေမွ်ာ္လင့္ဘဲ ရတနာေတြကို ေတြ႕သြားခဲ့တယ္။

လယ္သမားေလးဟာ ဝမ္းသာမႈေၾကာင့္ ျမဴးထူး ေပ်ာ္႐ႊင္သြားၿပီး ေျမႀကီးေပၚသို႔ လဲခ် လိုက္တယ္။ ၿပီးေတာ့ လယ္သမားေလးက ေျမႀကီးရဲ႕ ၾကင္နာမႈနဲ႔ ရက္ေရာမႈ အတြက္ ေက်းဇူး အထူး တင္ရွိေၾကာင္း ေျပာၾကား လိုက္ပါတယ္။

အဲဒီ အခ်ိန္မွာ ကံၾကမၼာက ေပၚလာၿပီး "မင္းက ေျမႀကီးကို ေက်းဇူး တင္ေနတယ္။ ငါ့ကို က်ေတာ့ ေက်းဇူးတင္ဖို႔ ထည့္ မစဥ္းစားဘူး။

တကယ္လို႔ ဒီရတနာေတြဟာ ေတြ႕တာ မဟုတ္ဘဲနဲ႔ ေပ်ာက္ဆုံးသြားတာ ဆိုရင္ေတာ့ မင္း အျပစ္တင္မည့္ သူက ငါသာ ပထမ ဦးဆုံး ျဖစ္ေပလိမ့္မယ္" လို႔ လယ္သမားေလးကို ေျပာၾကား လိုက္ပါေတာ့တယ္။

ဒီပုံျပင္ေလး ထဲကလိုပဲ ကြၽန္ေတာ္တို႔ရဲ႕ ကုသိုလ္ကံ ေကာင္းတာကို ခ်ီးက်ဴး ရတာထက္ မေကာင္းတဲ့ ကုသိုလ္ကံကို အျပစ္တင္ ရတာက ပိုၿပီးလြယ္ကူ ၾကပါတယ္။

ကြၽန္ေတာ္တို႔ဟာ ကံေကာင္းတဲ့ အခ်ိန္မွာ ကံၾကမၼာကို ေက်းဇူးတင္ဖို႔ ေမ့ေနတတ္ၿပီး ကံဆိုးတဲ့ အခ်ိန္မွာေတာ့ ကံၾကမၼာကို အျပစ္တင္ဖို႔ သတိရတာက ပိုမ်ား ၾကပါတယ္။

ထို႔အတူ ႀကိဳးစားတဲ့ အခါမွာလည္း ေအာင္ျမင္တဲ့ အခ်ိန္အခါမွာ ငါ ေတာ္လို႔၊ ငါတတ္လို႔ စသည္ျဖင့္ ခ်ီးက်ဴးစကားမ်ား ေျပာတတ္ ၾကၿပီး က်ရႈံးတဲ့ အခါက်ေတာ့ ကံၾကမၼာကို အျပစ္တင္ တတ္ၾကပါတယ္။

က်ရႈံးတဲ့အခါ "ကံမေကာင္းလို႔ က်ရႈံးတာ" လို႔ ကံၾကမၼာကိုပဲ အျပစ္တင္ မေနပါနဲ႔။ မိမိရဲ႕ ႀကိဳးစားမႈ ရာခိုင္ႏႈန္း အားနည္းတာ ကိုလည္း အျပစ္တင္ဖို႔ သတိရၾကပါ။ ဒီလို မိမိရဲ႕ ႀကိဳးစားမႈ ရာခိုင္ႏႈန္း အားနည္းတာ ေတြကို ျမင္သာေအာင္ ၾကည့္ရႈတတ္ လာတဲ့အခါ မိမိရဲ႕ ႀကိဳးစားမႈေတြ တျဖည္းျဖည္း တိုးတက္လာမွာ ျဖစ္ပါတယ္။

က်ရႈံးမႈနဲ႔ ႀကဳံေတြ႕လာတဲ့ အခါ ဘယ္သူ ဘယ္ဝါေၾကာင့္ ျဖစ္သြားတာ၊ ကံၾကမၼာေၾကာင့္ ျဖစ္သြားတာ စသည္ျဖင့္ အျပစ္တင္ေနမယ့္ အစား ကိုယ့္ရဲ႕ အားနည္းခ်က္၊ လိုအပ္ခ်က္ ေတြကိုသာ အေကာင္းမြန္ဆုံး ျဖစ္ေအာင္ ျပဳျပင္ ႀကိဳးစားလိုက္တာက ပိုၿပီး သဘာဝက် ပါတယ္။

ေအာင္ျမင္မႈအတြက္ မိမိရဲ႕ လိုအပ္ခ်က္၊ အားနည္းခ်က္ေတြကို ျပဳျပင္ ႀကိဳးစားၿပီး ပိုမိုေကာင္းမြန္ေသာ ဘဝကို ပိုင္ဆိုင္ႏိုင္ ၾကပါေစ။

Ashin Sanda Thiri YeOo

Post a Comment

0 Comments