စိတ်ထားမြင့်မြတ်သူ

တခါတုန်းက ဘုရင်ကြီး တပါးဟာ သူရဲ့ မြေးတော်နဲ့ အတူ လမ်းလျှောက် ထွက်လာ ခဲ့တယ်။

လမ်းမှာ သူတောင်းစား တဦးက ဘုရင်ကြီးကို တွေ့တော့ ခါးညွှတ် အလေး ပြုတယ်။

ဘုရင်ကြီး ကလည်း ချက်ချင်း ပြန် ခါးညွှတ် အလေးပြု လိုက်တယ်။

ဘုရင်ကြီး ညွှတ်တဲ့ခါး သူတောင်းစား ထက်တောင် ပိုနိမ့် နေသေးလို့ မြေးဖြစ်သူက နားမလည် ဖြစ်ပြီး

"ဘိုးဘိုး၊ သူက သူတောင်းစား တဦးပဲ။ ဘာလို့ ခါးကို ဒီလောက် ညွှတ်ပြီး ပြန် အလေးပြု ရတာလဲ" လို့ မေးတဲ့ အခါ ဘုရင်ကြီးက

"သူတောင်းစား တဦးက ဘုရင်တပါး ထက်တောင် ပိုယဉ်ကျေး တာကို ငါလက်မခံ နိုင်ဘူး" လို့ သူရဲ့ မြေးတော်ကို ပြန်ပြော လိုက်ပါတယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ တခြားသူ တယောက်က သင့်ကို လေးစားတာဟာ သင်တော်လို့ ထူးကဲလို့ မဟုတ်ဘူး။

တခြားသူ သင့်ကို လေးစား တာဟာ သူတို့ တော်လို့ ထူးကဲ လို့ပဲ ဖြစ်ပါတယ်။

ထူးချွန် ထက်မြက်တဲ့ သူတွေက လူတိုင်းကို လေးစားတတ် ပါတယ်။

ယဉ်ကျေးခြင်း၊ လေးစားခြင်း ဆိုတာ အဆင့်အတန်း၊ အသိဉာဏ် အနိမ့်အမြင့်ရဲ့ သင်္ကေတ ဖြစ်ပါတယ်။

Crd

Zawgyi

စိတ်ထားမြင့်မြတ်သူ











Crd

Post a Comment

0 Comments