တောင်ဆိတ်လိုလူ

ဘဝမှာ သဘောအကျဆုံး အကောင်တွေ ထဲမှာ တောင်ဆိတ်တွေ ပါတယ်။ သူတို့ဟာ အန္တရာယ်နဲ့ နေသား ကျနေတယ်။

တကယ်တော့ သူတို့မှာ မျောက်တွေလို နီးရာကို ဖမ်းယူ ဆုပ်ကိုင်ဖို့ အမြီးနဲ့ လက်တွေ မပါ ပါဘူး။ သူတို့မှာ ခွာတွေပဲ ပါတယ်။

အဲ့ဒီ ခွာက အသက်ပဲ။ အဲ့ဒီ ခွာတွေနဲ့ နေသား ကျအောင် balancing ကို သုံးပြီး ကျောက်တောင် တွေကို ဖြတ်လျှောက် ကြတယ်။

နေ့စဉ် အခက်အခဲ တွေကို ဖြတ်လျှောက်ရတာ များတော့ အခက်အခဲတွေကို သူတို့ မမှုတော့ဘူး။ အဲ့ဒီမှာ အခက်အခဲက သူတို့ရဲ့ အားသာချက် ပြန်ဖြစ်သွားတယ်။

သူတို့ နယ်ပယ်မှာ သူတို့လို အခက်အခဲကို မဖြတ်ကျော် နိုင်တဲ့ မြေခွေးတွေ၊ ကျားသစ်တွေက သူတို့ကို ဖမ်းမစားနိုင်ဘူး။ နောက်ပြန်လှည့် လှည့်သွားရတယ်။

ကျားသစ်ဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံး သတ္တဝါထဲမှာ ပါတယ် ဆိုပေမယ့် မြေညီကွင်းပြင် ထဲမှာသာ သူက သားကောင်ကို လိုက်ဖမ်းတာ မြန်တာပါ။

တောင်ဆိတ်တွေကို ကြည့်လိုက်ရင် တောင်ဘယ်လောက် မြင့်မြင့်၊ ကမ်းပါး ဘယ်လောက် မတ်မတ်၊ လမ်းဘယ်လောက် ကြမ်းကြမ်း ရအောင် တက်မယ် ဆိုတဲ့ စိတ် ရှိတာ တွေ့ရတယ်။

တောင်စောင်း အစွန်းမှာ နေနေတဲ့ တောင်ဆိတ်မှာ confidence ကိုယ့်ကိုယ်ကို ယုံကြည်စိတ် အပြည့် ရှိတယ်။ ပြုတ်ကျမှာ စိုးရိမ်စိတ် တစိမှ ရှိတဲ့ပုံ မရဘူး။

ဒါတွေဟာ အလကားတော့ ရမလာဘူး။ နေ့စဉ် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေက တောင်ဆိတ်ကို ကမ်းပါးစွန်းကို မမှုစေတော့ဘူး။

ကျနော့်ခေါင်းရင်းမှာ တောင်ဆိတ် ရုပ်တုလေး တခု ရှိပါတယ်။ ဘဝမှာ အခက်အခဲတွေ ကြုံလာတိုင်း ကျနော် ကတော့ တောင်ဆိတ်ပုံကို ပြန်ပြန်ကြည့်ပြီး အားယူလေ့ ရှိပါတယ်။

ကိုယ် ရင်မဆိုင်ချင်လည်း ရင်ဆိုင်ရလာတဲ့ အခက်အခဲကို တောင်ဆိတ်လို used to အသားကျသွားဖို့ ကိုယ့်ဟာကိုယ် သတိပေးလေ့ ရှိပါတယ်။

MaungTharCho

Zawgyi

ေတာင္ဆိတ္လိုလူ

ဘဝမွာ သေဘာအက်ဆုံး အေကာင္ေတြ ထဲမွာ ေတာင္ဆိတ္ေတြ ပါတယ္။ သူတို႔ဟာ အႏၲရာယ္နဲ႔ ေနသား က်ေနတယ္။

တကယ္ေတာ့ သူတို႔မွာ ေမ်ာက္ေတြလို နီးရာကို ဖမ္းယူ ဆုပ္ကိုင္ဖို႔ အၿမီးနဲ႔ လက္ေတြ မပါ ပါဘူး။ သူတို႔မွာ ခြာေတြပဲ ပါတယ္။

အဲ့ဒီ ခြာက အသက္ပဲ။ အဲ့ဒီ ခြာေတြနဲ႔ ေနသား က်ေအာင္ balancing ကို သုံးၿပီး ေက်ာက္ေတာင္ ေတြကို ျဖတ္ေလွ်ာက္ ၾကတယ္။

ေန႔စဥ္ အခက္အခဲ ေတြကို ျဖတ္ေလွ်ာက္ရတာ မ်ားေတာ့ အခက္အခဲေတြကို သူတို႔ မမႈေတာ့ဘူး။ အဲ့ဒီမွာ အခက္အခဲက သူတို႔ရဲ႕ အားသာခ်က္ ျပန္ျဖစ္သြားတယ္။

သူတို႔ နယ္ပယ္မွာ သူတို႔လို အခက္အခဲကို မျဖတ္ေက်ာ္ ႏိုင္တဲ့ ေျမေခြးေတြ၊ က်ားသစ္ေတြက သူတို႔ကို ဖမ္းမစားႏိုင္ဘူး။ ေနာက္ျပန္လွည့္ လွည့္သြားရတယ္။

က်ားသစ္ဟာ ကမာၻေပၚမွာ အျမန္ဆုံး သတၱဝါထဲမွာ ပါတယ္ ဆိုေပမယ့္ ေျမညီကြင္းျပင္ ထဲမွာသာ သူက သားေကာင္ကို လိုက္ဖမ္းတာ ျမန္တာပါ။

ေတာင္ဆိတ္ေတြကို ၾကည့္လိုက္ရင္ ေတာင္ဘယ္ေလာက္ ျမင့္ျမင့္၊ ကမ္းပါး ဘယ္ေလာက္ မတ္မတ္၊ လမ္းဘယ္ေလာက္ ၾကမ္းၾကမ္း ရေအာင္ တက္မယ္ ဆိုတဲ့ စိတ္ ရွိတာ ေတြ႕ရတယ္။

ေတာင္ေစာင္း အစြန္းမွာ ေနေနတဲ့ ေတာင္ဆိတ္မွာ confidence ကိုယ့္ကိုယ္ကို ယုံၾကည္စိတ္ အျပည့္ ရွိတယ္။ ျပဳတ္က်မွာ စိုးရိမ္စိတ္ တစိမွ ရွိတဲ့ပုံ မရဘူး။

ဒါေတြဟာ အလကားေတာ့ ရမလာဘူး။ ေန႔စဥ္ ျဖတ္သန္းခဲ့တဲ့ အေတြ႕အႀကဳံေတြက ေတာင္ဆိတ္ကို ကမ္းပါးစြန္းကို မမႈေစေတာ့ဘူး။

က်ေနာ့္ေခါင္းရင္းမွာ ေတာင္ဆိတ္ ႐ုပ္တုေလး တခု ရွိပါတယ္။ ဘဝမွာ အခက္အခဲေတြ ႀကဳံလာတိုင္း က်ေနာ္ ကေတာ့ ေတာင္ဆိတ္ပုံကို ျပန္ျပန္ၾကည့္ၿပီး အားယူေလ့ ရွိပါတယ္။

ကိုယ္ ရင္မဆိုင္ခ်င္လည္း ရင္ဆိုင္ရလာတဲ့ အခက္အခဲကို ေတာင္ဆိတ္လို used to အသားက်သြားဖို႔ ကိုယ့္ဟာကိုယ္ သတိေပးေလ့ ရွိပါတယ္။

MaungTharCho

Post a Comment

0 Comments