မာန်မာနတွေကို ဖယ်ထုတ်လိုက်ပါ

တခါတုန်းက လူငယ်တဦးသည် ကုမ္ပဏီ တခုတွင် အလုပ် စဝင်လေသည်။ လုပ်ဖော်ကိုင်ဖက် ထဲတွင် သူသည် ပညာ အရည်အချင်း အမြင့်ဆုံး ဖြစ်သည်။ တနေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါး သွားမျှားလေသည်။

သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင် ဖက်နှစ်ဦးက သူ့ထက် အရင် ရောက်နှင့် နေသည်။ သူတို့နှစ်ဦးကို ခေါင်းညိတ် ပြုံးပြပြီး စိတ်ထဲတွင် "ရိုးရိုးဘွဲ့ ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာ အကြောင်းမရှိ" ဟု စဉ်းစား မိသည်။

တအောင့် ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ ရေပေါ် လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုး ခြားထားသော နားနေဆောင်သို့ အပေါ့အပါး သွားလေသည်။

ထိုလူ ရေပေါ် လျှောက်သွားသည်ကို ကြည့်ပြီး လူငယ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။ အပြန်တွင် သူသည် ထိုနည်းအတိုင်း ရေပေါ် လမ်းလျှောက်ပြီး ပြန်လာသည်။

လူငယ်မှာ ဘာကြောင့် ရေပေါ် လမ်းလျှောက် နိုင်သည်ကို မေးချင်သော်လည်း "ငါက သူတို့ထက် ပညာတတ်တယ်" ဆိုပြီး ပညာမာန်နှင့် သွားမမေးခဲ့ချေ။ တအောင့်အကြာတွင် လက်ဝဲဘက်က လူကလည်း ထိုနည်းအတိုင်း ရေပေါ် လမ်းလျှောက်ပြီး အပေါ့အပါး သွားလေသည်။

လူငယ်မှာ ထိုသူတို့ကို ကြည့်ပြီး မူးမေ့မတတ် အံ့သြမိသည်။ ခဏအကြာတွင် လူငယ်မှာ အပေါ့အပါး သွားချင်လာသည်။ ငါးကန်ကို ပတ်ပြီး နားနေဆောင်သို့ ၁၀ မိနစ်ခန့် လမ်းလျှောက်ရ ဦးမည်။ ထိုသူနှစ်ဦးကိုလည်း မမေးချင်။

အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့် အဆုံး လူငယ်သည် "သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ" ဟု တွေးပြီး ရေပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်။ လှမ်းလိုက်သည်နှင့် ရေထဲသို့ ပြုတ်ကျ သွားလေသည်။

ဘေးက လူနှစ်ယောက်က သူ့ကို အမြန် ဆယ်ယူပြီး ဘယ်လို့ ရေထဲ ခုန်ချရသလဲဟု မေးလေသည်။ ထိုအခါ လူငယ်က "ခင်ဗျားတို့ ကျတော့ ရေပေါ် လမ်းလျှောက်နိုင်တယ်။ ဘာလို့လဲဟင်"

လူငယ်နှစ်ဦးမှာ ရယ်ရင်း "ငါးကန်ထဲမှာ တံတားတခု ရှိတယ်။ ရှေ့နှစ်ရက်က မိုးရွာလို့ တံတား မြုပ်သွားခဲ့တယ်။ ကျွန်တော်တို့က တံတားနေရာကို သိလို့ အခုလို လျှောက်သွားနိုင်တာပါ။ ဘာဖြစ်လို့ ကျွန်တော်တို့ကို မမေးတာလဲဗျာ" ဟု ပြောလိုက် ပါတော့တယ်။

လောကမှာ မလိုအပ်တဲ့ မာန်မာနတွေ မထားသင့်တဲ့ အကြောင်းကို ဒီအကြောင်းအရာလေးက အသိပေးထားတာ ဖြစ်ပါတယ်။

Crd

Zawgyi

မာန္မာနေတြကို ဖယ္ထုတ္လိုက္ပါ

တခါတုန္းက လူငယ္တဦးသည္ ကုမၸဏီ တခုတြင္ အလုပ္ စဝင္ေလသည္။ လုပ္ေဖာ္ကိုင္ဖက္ ထဲတြင္ သူသည္ ပညာ အရည္အခ်င္း အျမင့္ဆုံး ျဖစ္သည္။ တေန႔တြင္ သူသည္ နားခိုရာ အေဆာင္ေနာက္ရွိ ငါးကန္တြင္ ငါး သြားမွ်ားေလသည္။

သူ၏ လက္ယာႏွင့္ လက္ဝဲဘက္တြင္ လုပ္ေဖာ္ကိုင္ ဖက္ႏွစ္ဦးက သူ႔ထက္ အရင္ ေရာက္ႏွင့္ ေနသည္။ သူတို႔ႏွစ္ဦးကို ေခါင္းညိတ္ ၿပဳံးျပၿပီး စိတ္ထဲတြင္ "႐ိုး႐ိုးဘြဲ႕ ရထားတဲ့ လူေတြနဲ႔ ငါ့မွာ ေဆြးေႏြးစရာ အေၾကာင္းမရွိ" ဟု စဥ္းစား မိသည္။

တေအာင့္ ၾကာေသာ္ လက္ယာဖက္လူက ခါးေၾကာဆန႔္ရင္း ငါးမွ်ားတံကို ခ်ကာ ေရေပၚ လမ္းေလွ်ာက္ၿပီး မ်က္ႏွာခ်င္းဆိုင္ရွိ စည္း႐ိုး ျခားထားေသာ နားေနေဆာင္သို႔ အေပါ့အပါး သြားေလသည္။

ထိုလူ ေရေပၚ ေလွ်ာက္သြားသည္ကို ၾကည့္ၿပီး လူငယ္မွာ ကိုယ့္မ်က္စိကိုယ္ မယုံႏိုင္ေအာင္ ျဖစ္မိသည္။ အျပန္တြင္ သူသည္ ထိုနည္းအတိုင္း ေရေပၚ လမ္းေလွ်ာက္ၿပီး ျပန္လာသည္။

လူငယ္မွာ ဘာေၾကာင့္ ေရေပၚ လမ္းေလွ်ာက္ ႏိုင္သည္ကို ေမးခ်င္ေသာ္လည္း "ငါက သူတို႔ထက္ ပညာတတ္တယ္" ဆိုၿပီး ပညာမာန္ႏွင့္ သြားမေမးခဲ့ေခ်။ တေအာင့္အၾကာတြင္ လက္ဝဲဘက္က လူကလည္း ထိုနည္းအတိုင္း ေရေပၚ လမ္းေလွ်ာက္ၿပီး အေပါ့အပါး သြားေလသည္။

လူငယ္မွာ ထိုသူတို႔ကို ၾကည့္ၿပီး မူးေမ့မတတ္ အံ့ၾသမိသည္။ ခဏအၾကာတြင္ လူငယ္မွာ အေပါ့အပါး သြားခ်င္လာသည္။ ငါးကန္ကို ပတ္ၿပီး နားေနေဆာင္သို႔ ၁၀ မိနစ္ခန႔္ လမ္းေလွ်ာက္ရ ဦးမည္။ ထိုသူႏွစ္ဦးကိုလည္း မေမးခ်င္။

ေအာင့္ႏိုင္သမွ် ေအာင့္ၿပီး မေအာင့္ႏိုင္သည့္ အဆုံး လူငယ္သည္ "သူတို႔ေတာင္ လုပ္ႏိုင္ေသးရင္ ငါက ဘာလို႔ မလုပ္ႏိုင္ရမလဲ" ဟု ေတြးၿပီး ေရေပၚသို႔ ေျခလွမ္း လွမ္းလိုက္သည္။ လွမ္းလိုက္သည္ႏွင့္ ေရထဲသို႔ ျပဳတ္က် သြားေလသည္။

ေဘးက လူႏွစ္ေယာက္က သူ႔ကို အျမန္ ဆယ္ယူၿပီး ဘယ္လို႔ ေရထဲ ခုန္ခ်ရသလဲဟု ေမးေလသည္။ ထိုအခါ လူငယ္က "ခင္ဗ်ားတို႔ က်ေတာ့ ေရေပၚ လမ္းေလွ်ာက္ႏိုင္တယ္။ ဘာလို႔လဲဟင္"

လူငယ္ႏွစ္ဦးမွာ ရယ္ရင္း "ငါးကန္ထဲမွာ တံတားတခု ရွိတယ္။ ေရွ႕ႏွစ္ရက္က မိုး႐ြာလို႔ တံတား ျမဳပ္သြားခဲ့တယ္။ ကြၽန္ေတာ္တို႔က တံတားေနရာကို သိလို႔ အခုလို ေလွ်ာက္သြားႏိုင္တာပါ။ ဘာျဖစ္လို႔ ကြၽန္ေတာ္တို႔ကို မေမးတာလဲဗ်ာ" ဟု ေျပာလိုက္ ပါေတာ့တယ္။

ေလာကမွာ မလိုအပ္တဲ့ မာန္မာနေတြ မထားသင့္တဲ့ အေၾကာင္းကို ဒီအေၾကာင္းအရာေလးက အသိေပးထားတာ ျဖစ္ပါတယ္။

Crd

Post a Comment

0 Comments