မေတ္တာပေးမှ မေတ္တာရတယ်

တခါတုန်းက ဗြဟ္မဒတ်မင်းကြီးဟာ ရုပ်ဖျက်ပြီး တိုင်းခန်း လှည့်တယ်။ သူ့ကို ပြည်သူတွေက ဘယ်လို တုံ့ပြန်ကြသလဲ ဆိုတာ သိချင်လို့ပါ။ ဈေးတနေရာမှာ သူတောင်းစား တယောက်ကို ရုပ်ဖျက်လာတဲ့ ဘုရင်က "ဟယ်၊ သင်တို့ တိုင်းပြည်ကို မင်းလုပ်ပြီး အုပ်ချုပ်တဲ့ ဘုရင် ညံ့ဖျင်းလှ ပါလား။ တောင်းစားသူများ ရှိရသလားကွဲ့" လို့ ပြောလိုက်တယ်။

ဒီတော့ သူတောင်းစားက "အလို၊ သင် ဘယ်တိုင်းဌာနီက ပါလိမ့်။ ငါတို့နိုင်ငံမှာ မျိုးရိုးအရ တောင်းစားသူသာ ရှိသကွဲ့။ မရှိလို့ တောင်းစားသူ မရှိပါဘူး။ ဒါကို သင် မသိရော့သလား။ ငါတို့ ဘုရင် သိက္ခာကျအောင် ပြောတဲ့ကောင် သေပေတော့" ဆိုပြီး တောင်ဝှေးနဲ့ လိုက်ရိုက်လို့ ဘုရင်ထွက်ပြေးရတယ်။ ဗြဟ္မဒတ်မင်းလည်း ကျေနပ် နေတာပေါ့။

အဲဒါနဲ့ တနေ့တော့ ဗြဟ္မဒတ်မင်းကြီးဟာ ကျေးလက်ဘက်ကို စနည်းနာ ထွက်မယ် ဆိုပြီး ရထားထိန်းနဲ့ နှစ်ယောက်တည်း ထွက်ခဲ့တယ်။ ကျေးလက်က ပြည်သူတွေကလည်း "ငါတို့ မင်းကြီး သီလပြည့်စုံ၊ စပါးတွေ တောင်လိုပုံ" ဆိုပြီး သီချင်းတွေ သီဆိုကာ ပျော်ရွှင်နေ ကြတာကို ကြည့်ပြီး ပီတိ ဖြစ်ကာ ပြန်ခဲ့ကြတယ်။

သူတို့ အပြန်လမ်းမှာ တောင်ကြားလမ်းလေး တခု ရောက်တော့ ရှေ့ကလာတဲ့ လှည်းတစီးနဲ့ မျက်နှာချင်းဆိုင် တိုးမိတယ်။ အဲဒီမှာ ရထားထိန်း နှစ်ယောက် စကား ပြိုင်ကြတယ်။ "ဟယ်၊ ကောသလမင်းကြီး ကြွချီလာတာ မသိသလော" လို့ တဘက်က ပြောလိုက်တော့ တဘက်ကလည်း "ဟဲ့၊ ငါတို့ ဘုရင် ဗြဟ္မဒတ် ကြွချီလာတာ မသိသလော" လို့ ပြန်ပြောတယ်။

ဘယ်သူမှ လမ်းဘေး မဆင်းပေး ကြဘူး။ ဘုရင် အချင်းချင်း ဖြစ်နေကြတာကိုး။ ဒါနဲ့ ကောသလ ရထားထိန်းက "အသက်ကြီးသူ ဖယ်ပေးရမယ်" လို့ ပြောပြီး အသက်ပြိုင်တော့ အသက်ချင်း တူနေတယ်။

နယ်မြေ ပိုင်ဆိုင်မှု ပြိုင်တော့လည်း အတူတူပဲ။ တန်ခိုးအာဏာ ပြိုင်တော့လည်းတူ။ စည်းစိမ်ဥစ္စာ ပြိုင်တော့လည်း တူ၊ ဆွေမျိုး အသိုင်းအဝိုင်း ပြိုင်တော့လည်း တူနေကြတယ်။ နောက်ဆုံး စိတ်ထား ပြိုင်ဖို့ ဆုံးဖြတ် ကြတယ်။

ကောသလမင်းရဲ့ ရထားထိန်းက စ ပြောတယ်။ "ငါတို့ဘုရင် ကောသလဟာ အင်အားကို အင်အားနဲ့ နှိမ်တယ်။ သူကောင်းရင် ငါမဆိုး ဆိုတဲ့ မူကို လက်ကိုင် ထားတယ်။ အကြမ်းကို အကြမ်းနဲ့သာ တုံ့ပြန်တယ်။ တရားရှင် ဖြစ်လို့ ဘာလုပ်လုပ် တရားမျှတစွာ လုပ်တယ်။ အဆိုးကို အဆိုးနဲ့ပဲ ရင်ဆိုင်တယ်" လို့ ပြောလိုက်ပါတယ်။

အဲဒီအချိန်မှာ ဗြဟ္မဒတ်မင်းကြီးရဲ့ ရထားထိန်းက "ငါတို့ မင်းကြီးသည် တဘက်က အင်အား သုံးလာလျှင် မေတ္တာဖြင့် အနိုင်ယူတယ်။ သူကောင်းကောင်း၊ မကောင်းကောင်း ကိုယ်တော်တိုင်က အမြဲ ကောင်းနေအောင် ကြိုးစားတယ်။

အကြမ်းကို အနု ဖြင့်သာ တုံ့ပြန်တယ်။ တရားရှင်ပေမယ့် မတရားရင် ဝေဖန်လို့ ရတယ်။ အဆိုးကို အကောင်းနဲ့ ရင်ဆိုင်တယ်။ ပြည်သူတွေကို မေတ္တာပေးပြီး မေတ္တာ ပြန်ယူနိုင်အောင် အမြဲကြိုး စားတယ်" လို့ ပြောလိုက်တယ်။

အဲဒီအချိန်မှာ ကောသလမင်းက ရထားပေါ်က ဆင်းလာပြီး ဗြဟ္မဒတ်မင်းကြီးကို လက်အုပ် ချီတယ်။ ကောသလရဲ့ ရထားထိန်းလည်း လမ်းဘေးကို ချပေးလိုက်တယ်။ ဗြဟ္မဒတ်မင်းရဲ့ ရထားထိန်းက ဆက်မောင်း သွားတယ်။

ဗြဟ္မဒတ်မင်းကြီးက ကောသလကို "မင်းကြီး ပြည်သူတွေကို မေတ္တာပေးပြီး မေတ္တာ ပြန်ရအောင် ကြိုးစားပါ" လို့ ပြောလိုက်တယ်။ ကောသလက "အသင်မင်းကြီး ကျွန်ုပ်၏ မေတ္တာကိုပါ ရသွားပါပြီ" လို့ ပြောလိုက် ပါတော့တယ်။

TinNyunt

Zawgyi

ေမတၱာေပးမွ ေမတၱာရတယ္

တခါတုန္းက ျဗဟၼဒတ္မင္းႀကီးဟာ ႐ုပ္ဖ်က္ၿပီး တိုင္းခန္း လွည့္တယ္။ သူ႔ကို ျပည္သူေတြက ဘယ္လို တုံ႔ျပန္ၾကသလဲ ဆိုတာ သိခ်င္လို႔ပါ။ ေဈးတေနရာမွာ သူေတာင္းစား တေယာက္ကို ႐ုပ္ဖ်က္လာတဲ့ ဘုရင္က "ဟယ္၊ သင္တို႔ တိုင္းျပည္ကို မင္းလုပ္ၿပီး အုပ္ခ်ဳပ္တဲ့ ဘုရင္ ညံ့ဖ်င္းလွ ပါလား။ ေတာင္းစားသူမ်ား ရွိရသလားကြဲ႕" လို႔ ေျပာလိုက္တယ္။

ဒီေတာ့ သူေတာင္းစားက "အလို၊ သင္ ဘယ္တိုင္းဌာနီက ပါလိမ့္။ ငါတို႔ႏိုင္ငံမွာ မ်ိဳး႐ိုးအရ ေတာင္းစားသူသာ ရွိသကြဲ႕။ မရွိလို႔ ေတာင္းစားသူ မရွိပါဘူး။ ဒါကို သင္ မသိေရာ့သလား။ ငါတို႔ ဘုရင္ သိကၡာက်ေအာင္ ေျပာတဲ့ေကာင္ ေသေပေတာ့" ဆိုၿပီး ေတာင္ေဝွးနဲ႔ လိုက္႐ိုက္လို႔ ဘုရင္ထြက္ေျပးရတယ္။ ျဗဟၼဒတ္မင္းလည္း ေက်နပ္ ေနတာေပါ့။

အဲဒါနဲ႔ တေန႔ေတာ့ ျဗဟၼဒတ္မင္းႀကီးဟာ ေက်းလက္ဘက္ကို စနည္းနာ ထြက္မယ္ ဆိုၿပီး ရထားထိန္းနဲ႔ ႏွစ္ေယာက္တည္း ထြက္ခဲ့တယ္။ ေက်းလက္က ျပည္သူေတြကလည္း "ငါတို႔ မင္းႀကီး သီလျပည့္စုံ၊ စပါးေတြ ေတာင္လိုပုံ" ဆိုၿပီး သီခ်င္းေတြ သီဆိုကာ ေပ်ာ္႐ႊင္ေန ၾကတာကို ၾကည့္ၿပီး ပီတိ ျဖစ္ကာ ျပန္ခဲ့ၾကတယ္။

သူတို႔ အျပန္လမ္းမွာ ေတာင္ၾကားလမ္းေလး တခု ေရာက္ေတာ့ ေရွ႕ကလာတဲ့ လွည္းတစီးနဲ႔ မ်က္ႏွာခ်င္းဆိုင္ တိုးမိတယ္။ အဲဒီမွာ ရထားထိန္း ႏွစ္ေယာက္ စကား ၿပိဳင္ၾကတယ္။ "ဟယ္၊ ေကာသလမင္းႀကီး ႂကြခ်ီလာတာ မသိသေလာ" လို႔ တဘက္က ေျပာလိုက္ေတာ့ တဘက္ကလည္း "ဟဲ့၊ ငါတို႔ ဘုရင္ ျဗဟၼဒတ္ ႂကြခ်ီလာတာ မသိသေလာ" လို႔ ျပန္ေျပာတယ္။

ဘယ္သူမွ လမ္းေဘး မဆင္းေပး ၾကဘူး။ ဘုရင္ အခ်င္းခ်င္း ျဖစ္ေနၾကတာကိုး။ ဒါနဲ႔ ေကာသလ ရထားထိန္းက "အသက္ႀကီးသူ ဖယ္ေပးရမယ္" လို႔ ေျပာၿပီး အသက္ၿပိဳင္ေတာ့ အသက္ခ်င္း တူေနတယ္။

နယ္ေျမ ပိုင္ဆိုင္မႈ ၿပိဳင္ေတာ့လည္း အတူတူပဲ။ တန္ခိုးအာဏာ ၿပိဳင္ေတာ့လည္းတူ။ စည္းစိမ္ဥစၥာ ၿပိဳင္ေတာ့လည္း တူ၊ ေဆြမ်ိဳး အသိုင္းအဝိုင္း ၿပိဳင္ေတာ့လည္း တူေနၾကတယ္။ ေနာက္ဆုံး စိတ္ထား ၿပိဳင္ဖို႔ ဆုံးျဖတ္ ၾကတယ္။

ေကာသလမင္းရဲ႕ ရထားထိန္းက စ ေျပာတယ္။ "ငါတို႔ဘုရင္ ေကာသလဟာ အင္အားကို အင္အားနဲ႔ ႏွိမ္တယ္။ သူေကာင္းရင္ ငါမဆိုး ဆိုတဲ့ မူကို လက္ကိုင္ ထားတယ္။ အၾကမ္းကို အၾကမ္းနဲ႔သာ တုံ႔ျပန္တယ္။ တရားရွင္ ျဖစ္လို႔ ဘာလုပ္လုပ္ တရားမွ်တစြာ လုပ္တယ္။ အဆိုးကို အဆိုးနဲ႔ပဲ ရင္ဆိုင္တယ္" လို႔ ေျပာလိုက္ပါတယ္။

အဲဒီအခ်ိန္မွာ ျဗဟၼဒတ္မင္းႀကီးရဲ႕ ရထားထိန္းက "ငါတို႔ မင္းႀကီးသည္ တဘက္က အင္အား သုံးလာလွ်င္ ေမတၱာျဖင့္ အႏိုင္ယူတယ္။ သူေကာင္းေကာင္း၊ မေကာင္းေကာင္း ကိုယ္ေတာ္တိုင္က အၿမဲ ေကာင္းေနေအာင္ ႀကိဳးစားတယ္။ အၾကမ္းကို အႏု ျဖင့္သာ တုံ႔ျပန္တယ္။ တရားရွင္ေပမယ့္ မတရားရင္ ေဝဖန္လို႔ ရတယ္။ အဆိုးကို အေကာင္းနဲ႔ ရင္ဆိုင္တယ္။ ျပည္သူေတြကို ေမတၱာေပးၿပီး ေမတၱာ ျပန္ယူႏိုင္ေအာင္ အၿမဲႀကိဳး စားတယ္" လို႔ ေျပာလိုက္တယ္။

အဲဒီအခ်ိန္မွာ ေကာသလမင္းက ရထားေပၚက ဆင္းလာၿပီး ျဗဟၼဒတ္မင္းႀကီးကို လက္အုပ္ ခ်ီတယ္။ ေကာသလရဲ႕ ရထားထိန္းလည္း လမ္းေဘးကို ခ်ေပးလိုက္တယ္။ ျဗဟၼဒတ္မင္းရဲ႕ ရထားထိန္းက ဆက္ေမာင္း သြားတယ္။

ျဗဟၼဒတ္မင္းႀကီးက ေကာသလကို "မင္းႀကီး ျပည္သူေတြကို ေမတၱာေပးၿပီး ေမတၱာ ျပန္ရေအာင္ ႀကိဳးစားပါ" လို႔ ေျပာလိုက္တယ္။ ေကာသလက "အသင္မင္းႀကီး ကြၽႏ္ုပ္၏ ေမတၱာကိုပါ ရသြားပါၿပီ" လို႔ ေျပာလိုက္ ပါေတာ့တယ္။

TinNyunt

Post a Comment

0 Comments