ဟိုးရှေးရှေးတုန်းက ကြွက်တကောင်နဲ့ ဖားတကောင်ဟာ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်ကြသတဲ့။ ကြွက်နဲ့ ဖားကို မောင်ကြွက်နဲ့ မောင်ဖားလို့ ခေါ်ကြရအောင်။ မောင်ဖားက ရေကန် တကန်မှာ နေတာပေါ့။ မောင်ဖားရဲ့ သူငယ်ချင်း မောင်ကြွက်ကတော့ သစ်ပင်တပင်အောက်က တွင်းလေး တတွင်းထဲမှာ နေသတဲ့ကွယ်။
မောင်ဖားက မနက်တိုင်း မနက်တိုင်း သူ့သူငယ်ချင်း မောင်ကြွက်ဆီကို အလည် သွားလေ့ ရှိသတဲ့။ မောင်ကြွက်ကတော့ သူ့သူငယ်ချင်း မောင်ဖားက အဲဒီလို နေ့တိုင်း သူ့ဆီကို အလည်လာတဲ့ အတွက် ကျေနပ် ပျော်ရွှင်နေသတဲ့ကွယ်။ အဲလိုနဲ့ မောင်ဖားရဲ့ စိတ်ထဲမှာ တခု တွေးမိလာသတဲ့။
"ငါကပဲ အမြဲတမ်း မောင်ကြွက် ရှိတဲ့ဆီကို အလည် လာရတယ် မောက်ကြွက်ကတော့ ငါရှိတဲ့ ဆီကို တခါမှ မလာဖူးဘူး" လို့ တွေးမိသွားသတဲ့။ မောင်ဖားရဲ့ စိတ်ထဲမှာ ကသိကအောက် ဖြစ်နေတာပေါ့ကွယ်။
သူကပဲ ကြွက်ရှိတဲ့ ဆီကို အမြဲတမ်း အလည် လာနေရတော့ မောင်ဖားရဲ့ စိတ်ထဲမှာ အောက်ကျသလို အားမရသလို သိမ်ငယ်သလို ခံစားလာရပြီး မောင်ကြွက်အပေါ် မကျေမနပ် ဖြစ်လာတယ်။
ဒီလိုနဲ့ သူတို့နှစ်ဦးဟာ တဖြည်းဖြည်း စိမ်းကားလာပြီး မသိမသာနဲ့ ရန်သူတွေ အဖြစ်ကို ပြောင်းသွားကြတယ်ကွဲ့။
တနေ့မှာတော့ မောင်ဖားဟာ အခုလို သူကပဲ အမြဲ အလည်လာနေရလို့ မောင်ကြွက် ကိုလည်း သူ့နေတဲ့ သူ့ရဲ့ ရေကန်ကို မရ ရအောင် ခေါ်မယ် ဆိုပြီးတော့ ကြိုးတချောင်းနဲ့ မောင်ကြွက်ရဲ့ အမြှီးကို တိတ်တိတ်လေး ချည်လိုက်သတဲ့ကွယ်။ ကျန်တဲ့ ကြိုးတဖက်စွန်း ကိုတော့ သူ့ခြေထောက်မှာ ချည်လိုက်တယ်။
အဲဒီလို ချည်ပြီးတော့ ကဆုန်ပေါက်ပြီး ပြေးပါလေရော။ မောင်ဖားက ဖားဆိုတော့ ခုန်ဆွ ခုန်ဆွ ပြေးမှာပေါ့။ မောင်ကြွက်ဟာ မောင်ဖားရဲ့ နောက်ကနေ ဒရွတ်တိုက် ပြီး ပါသွားပါလေရော။ မောင်ဖားဟာ သူ့နေရာဖြစ်တဲ့ ရေကန်ထဲ ရောက်တော့ ရေရဲ့ ဟိုးအောက် နက်နက်ထဲထိ ဆင်းသွားသတဲ့ကွယ်။
ကြွက်ဆိုမျိုးက ရေထဲမှာ နေလို့ မရဘူးလေ။ မောင်ကြွက်ဟာ လွတ်မြောက်အောင် ကြိုးစားပေမဲ့ အရာ မရောက်ဖူးပေါ့ကွယ်။ မကြာခင်မှာဘဲ မောင်ကြွက်ဟာ ရေမွန်းပြီး သေသွားသတဲ့ကွယ်။ မောင်ကြွက်ရဲ့ ခန္ဓာကိုယ် ဖောင်းဖောင်းကြီးဟာ ရေပေါ်မှာ ပေါလော မျောနေသတဲ့ကွယ်။
အဲဒီအချိန်မှာ သိန်းငှက်တကောင်က ရေပေါ်မှာ ပေါလော မျောနေတဲ့ မောင်ကြွက်ကို မြင်သွားသတဲ့ကွယ်။ သိန်းငှက်ကြီးဟာ ရေထဲကို ထိုးဆင်းသွားပြီး မောင်ကြွက်ကို ထိုးချည်လိုက်တယ်။ မောင်ကြွက်ကို ထိုးချီလာပြီး ရေကန်ရဲ့ အနီးနားက သစ်ပင်တပင်ဆီ ဦးတည် ပျံသန်းသွားတာပေါ့။
သိန်းငှက်ကြီးက မောင်ကြွက်ကို ထိုးချီလာတယ် ဆိုပေမဲ့လည်း မောင်ကြွက်ရဲ့ အမြှီးနဲ့ တွဲချည်ထားထားတဲ့ မောင်ဖားလည်း တခါတည်း ပါလာတာ ပေါ့ကွယ်။ မောင်ဖားဟာလည်း သိန်းငှက်ကြီးရဲ့ ရန်က လွတ်မြောက်အောင် ကြိုးစားတာပေါ့။ ဒါပေမဲ့ ဘယ်လိုမှ ရုံးထွက်လို့ မရဘူးတဲ့ကွယ်။
သိန်းငှက်ကြီးဟာ မောင်ကြွက်ရော မောင်ဖားရော နှစ်ကောင်လုံးကို ထိုးသုတ်ပြီး စားပစ်လိုက် သတဲ့ကွယ်။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ အာဖရိကမှာ စကားပုံလေး တခုရှိတယ်။ စာကားပုံလေးက "ရန်သူကို တွန်းချဖို့ တွင်းအနက်ကြီး မတူးပါနဲ့။ အဲဒီ တွင်းနက်ကြီးထဲကို သင်ကိုယ်တိုင် ချော်ကျသွားလိမ့်မယ်" တဲ့။
Crd
phoomyatchal
Zawgyi
မိုက္မဲေသာဖား
ဟိုးေရွးေရွးတုန္းက ႂကြက္တေကာင္နဲ႔ ဖားတေကာင္ဟာ အရမ္းခ်စ္ၾကတဲ့ သူငယ္ခ်င္းေတြ ျဖစ္ၾကသတဲ့။ ႂကြက္နဲ႔ ဖားကို ေမာင္ႂကြက္နဲ႔ ေမာင္ဖားလို႔ ေခၚၾကရေအာင္။ ေမာင္ဖားက ေရကန္ တကန္မွာ ေနတာေပါ့။ ေမာင္ဖားရဲ႕ သူငယ္ခ်င္း ေမာင္ႂကြက္ကေတာ့ သစ္ပင္တပင္ေအာက္က တြင္းေလး တတြင္းထဲမွာ ေနသတဲ့ကြယ္။
ေမာင္ဖားက မနက္တိုင္း မနက္တိုင္း သူ႔သူငယ္ခ်င္း ေမာင္ႂကြက္ဆီကို အလည္ သြားေလ့ ရွိသတဲ့။ ေမာင္ႂကြက္ကေတာ့ သူ႔သူငယ္ခ်င္း ေမာင္ဖားက အဲဒီလို ေန႔တိုင္း သူ႔ဆီကို အလည္လာတဲ့ အတြက္ ေက်နပ္ ေပ်ာ္႐ႊင္ေနသတဲ့ကြယ္။ အဲလိုနဲ႔ ေမာင္ဖားရဲ႕ စိတ္ထဲမွာ တခု ေတြးမိလာသတဲ့။
"ငါကပဲ အၿမဲတမ္း ေမာင္ႂကြက္ ရွိတဲ့ဆီကို အလည္ လာရတယ္ ေမာက္ႂကြက္ကေတာ့ ငါရွိတဲ့ ဆီကို တခါမွ မလာဖူးဘူး" လို႔ ေတြးမိသြားသတဲ့။ ေမာင္ဖားရဲ႕ စိတ္ထဲမွာ ကသိကေအာက္ ျဖစ္ေနတာေပါ့ကြယ္။ သူကပဲ ႂကြက္ရွိတဲ့ ဆီကို အၿမဲတမ္း အလည္ လာေနရေတာ့ ေမာင္ဖားရဲ႕ စိတ္ထဲမွာ ေအာက္က်သလို အားမရသလို သိမ္ငယ္သလို ခံစားလာရၿပီး ေမာင္ႂကြက္အေပၚ မေက်မနပ္ ျဖစ္လာတယ္။
ဒီလိုနဲ႔ သူတို႔ႏွစ္ဦးဟာ တျဖည္းျဖည္း စိမ္းကားလာၿပီး မသိမသာနဲ႔ ရန္သူေတြ အျဖစ္ကို ေျပာင္းသြားၾကတယ္ကြဲ႕။
တေန႔မွာေတာ့ ေမာင္ဖားဟာ အခုလို သူကပဲ အၿမဲ အလည္လာေနရလို႔ ေမာင္ႂကြက္ ကိုလည္း သူ႔ေနတဲ့ သူ႔ရဲ႕ ေရကန္ကို မရ ရေအာင္ ေခၚမယ္ ဆိုၿပီးေတာ့ ႀကိဳးတေခ်ာင္းနဲ႔ ေမာင္ႂကြက္ရဲ႕ အျမႇီးကို တိတ္တိတ္ေလး ခ်ည္လိုက္သတဲ့ကြယ္။ က်န္တဲ့ ႀကိဳးတဖက္စြန္း ကိုေတာ့ သူ႔ေျခေထာက္မွာ ခ်ည္လိုက္တယ္။
အဲဒီလို ခ်ည္ၿပီးေတာ့ ကဆုန္ေပါက္ၿပီး ေျပးပါေလေရာ။ ေမာင္ဖားက ဖားဆိုေတာ့ ခုန္ဆြ ခုန္ဆြ ေျပးမွာေပါ့။ ေမာင္ႂကြက္ဟာ ေမာင္ဖားရဲ႕ ေနာက္ကေန ဒ႐ြတ္တိုက္ ၿပီး ပါသြားပါေလေရာ။ ေမာင္ဖားဟာ သူ႔ေနရာျဖစ္တဲ့ ေရကန္ထဲ ေရာက္ေတာ့ ေရရဲ႕ ဟိုးေအာက္ နက္နက္ထဲထိ ဆင္းသြားသတဲ့ကြယ္။
ႂကြက္ဆိုမ်ိဳးက ေရထဲမွာ ေနလို႔ မရဘူးေလ။ ေမာင္ႂကြက္ဟာ လြတ္ေျမာက္ေအာင္ ႀကိဳးစားေပမဲ့ အရာ မေရာက္ဖူးေပါ့ကြယ္။ မၾကာခင္မွာဘဲ ေမာင္ႂကြက္ဟာ ေရမြန္းၿပီး ေသသြားသတဲ့ကြယ္။ ေမာင္ႂကြက္ရဲ႕ ခႏၶာကိုယ္ ေဖာင္းေဖာင္းႀကီးဟာ ေရေပၚမွာ ေပါေလာ ေမ်ာေနသတဲ့ကြယ္။
အဲဒီအခ်ိန္မွာ သိန္းငွက္တေကာင္က ေရေပၚမွာ ေပါေလာ ေမ်ာေနတဲ့ ေမာင္ႂကြက္ကို ျမင္သြားသတဲ့ကြယ္။ သိန္းငွက္ႀကီးဟာ ေရထဲကို ထိုးဆင္းသြားၿပီး ေမာင္ႂကြက္ကို ထိုးခ်ည္လိုက္တယ္။ ေမာင္ႂကြက္ကို ထိုးခ်ီလာၿပီး ေရကန္ရဲ႕ အနီးနားက သစ္ပင္တပင္ဆီ ဦးတည္ ပ်ံသန္းသြားတာေပါ့။
သိန္းငွက္ႀကီးက ေမာင္ႂကြက္ကို ထိုးခ်ီလာတယ္ ဆိုေပမဲ့လည္း ေမာင္ႂကြက္ရဲ႕ အျမႇီးနဲ႔ တြဲခ်ည္ထားထားတဲ့ ေမာင္ဖားလည္း တခါတည္း ပါလာတာ ေပါ့ကြယ္။ ေမာင္ဖားဟာလည္း သိန္းငွက္ႀကီးရဲ႕ ရန္က လြတ္ေျမာက္ေအာင္ ႀကိဳးစားတာေပါ့။ ဒါေပမဲ့ ဘယ္လိုမွ ႐ုံးထြက္လို႔ မရဘူးတဲ့ကြယ္။
သိန္းငွက္ႀကီးဟာ ေမာင္ႂကြက္ေရာ ေမာင္ဖားေရာ ႏွစ္ေကာင္လုံးကို ထိုးသုတ္ၿပီး စားပစ္လိုက္ သတဲ့ကြယ္။
ပုံျပင္ေလးကေတာ့ ဒါပါပဲကြယ္။ အာဖရိကမွာ စကားပုံေလး တခုရွိတယ္။ စာကားပုံေလးက "ရန္သူကို တြန္းခ်ဖို႔ တြင္းအနက္ႀကီး မတူးပါနဲ႔။ အဲဒီ တြင္းနက္ႀကီးထဲကို သင္ကိုယ္တိုင္ ေခ်ာ္က်သြားလိမ့္မယ္" တဲ့။
Crd
phoomyatchal
0 Comments