သူငယ်ချင်းဆိုတာ မျှဝေခံစားတတ်ရတယ်

တခါတုန်းက သူငယ်ချင်း နှစ်ယောက်ဟာ ခရီးတခုကို အတူ လမ်းလျှောက်ပြီး သွားနေကြတယ်။ တယောက်က လမ်းပေါ်မှာ ကျနေတဲ့ အဝတ်အိတ် တလုံးကို တွေ့လိုက်တယ်။

အိတ်ကို ကောက်ယူပြီး ဖွင့်ကြည့်လိုက်တော့ အထဲမှာ အဖိုးတန် လက်ဝတ် ရတနာတွေကို တွေ့လိုက်တယ်။ သူက သူငယ်ချင်းကို ပြောလိုက်တဲ့။ "ကံကောင်းတယ်ကွာ။ လက်ဝတ်ရတနာတွေ ပါတဲ့ အိတ်ဟာ ငါနဲ့ထိုက်လို့ ငါ တွေ့လိုက်တာပဲ"

"မင်းတွေ့တယ်လို့ မပြောပါနဲ့လား။ ငါတို့နှစ်ယောက် အတူ လာကြရင်း တွေ့ကြတာမို့ ငါတို့ ကံကောင်းတယ်ကွာ လို့ ပြောပါကွာ။ နောက်ပြီး ခရီးသွားရင်း ပစ္စည်းကောက်ရရင် အတူ ခရီးသွားကြသူတွေ အညီအမျှ ခွဲဝေရတဲ့ ထုံးစံလည်း ရှိတယ်လေကွာ"

"အိုကွာ။ ငါအရင် တွေ့တာမို့ ဒီအထုတ်ဟာ ငါနဲ့ပဲ ဆိုင်တယ်။ ငါပဲ ပိုင်တယ်။ မင်းကို ခွဲမပေး နိုင်ပါဘူး"

သူတို့နှစ်ယောက်ဟာ အိတ်ထဲက ပစ္စည်းတွေကို အညီအမျှ ခွဲဝေဖို့ကို ငြင်းခုန် နေကြတုန်းမှာ နောက်ဖက်ကနေ အော်သံတခု ကြားလိုက်ရတယ်။

"ဟေ့ မပြေးကြနဲ့။ မင်းတို့ဟာ ရတနာအိတ်ကို ခိုးသွားတဲ့ သူခိုးတွေပဲ"

သူတို့နှစ်ယောက် နောက်ဖက်ကို လှည့်ကြည့်လိုက်တော့ တုတ်တွေ၊ ဓားတွေ ကိုင်ထားကြတဲ့ လူအုပ်တအုပ်ဟာ သူတို့ဆီ ပြေးလာတာကို မြင်တွေ့လိုက် ကြရတယ်။

ရတနာအိတ်ကို ကောက်ရထားသူဟာ အခုတော့ အရမ်းကြောက်လန့် နေပြီး "သူငယ်ချင်း၊ သူတို့ ငါတို့ဆီမှာ ရတနာအိတ်ကို တွေ့သွားရင် ငါတို့တော့ အကြီးအကျယ် ဒုက္ခရောက်ကြ တော့မယ်ကွာ"

"မင်း စောစောက ရတနာအိတ်ကို တွေ့တော့ "ငါတို့" လို့ မပြောပါဘူး။ မင်းပဲ တွေ့တယ်လို့ ပြောခဲ့တယ် မဟုတ်လား။ အခုလည်း အဲဒီအတိုင်းပဲ ပြောပါကွာ။

မင်းဟာ ချမ်းသာမှုကိုတော့ ခွဲဝေ မပေးချင်ဘဲ ဒုက္ခဆင်းရဲ ကျတော့ ခွဲဝေပေးချင်လို့ ဘယ်ရမလဲကွ။ မင်းတယောက်ထဲ အဲဒီဒုက္ခကို ခံလိုက်ပေတော့" လို့ ပြောပြီး သူ့ငယ်ချင်းကို ထားပြီး နေရာက ထွက်သွားပါတယ်။

သူငယ်ချင်းဆိုတာ အကောင်းရော အဆိုးပါ မျှဝေခံစားသင့်တယ် ဆိုတာကို နာလည်စေချင်လို့ပါ။

BamawTheinPhay

Zawgyi

သူငယ္ခ်င္းဆိုတာ မွ်ေဝခံစားတတ္ရတယ္

တခါတုန္းက သူငယ္ခ်င္း ႏွစ္ေယာက္ဟာ ခရီးတခုကို အတူ လမ္းေလွ်ာက္ၿပီး သြားေနၾကတယ္။ တေယာက္က လမ္းေပၚမွာ က်ေနတဲ့ အဝတ္အိတ္ တလုံးကို ေတြ႕လိုက္တယ္။

အိတ္ကို ေကာက္ယူၿပီး ဖြင့္ၾကည့္လိုက္ေတာ့ အထဲမွာ အဖိုးတန္ လက္ဝတ္ ရတနာေတြကို ေတြ႕လိုက္တယ္။ သူက သူငယ္ခ်င္းကို ေျပာလိုက္တဲ့။ "ကံေကာင္းတယ္ကြာ။ လက္ဝတ္ရတနာေတြ ပါတဲ့ အိတ္ဟာ ငါနဲ႔ထိုက္လို႔ ငါ ေတြ႕လိုက္တာပဲ"

"မင္းေတြ႕တယ္လို႔ မေျပာပါနဲ႔လား။ ငါတို႔ႏွစ္ေယာက္ အတူ လာၾကရင္း ေတြ႕ၾကတာမို႔ ငါတို႔ ကံေကာင္းတယ္ကြာ လို႔ ေျပာပါကြာ။ ေနာက္ၿပီး ခရီးသြားရင္း ပစၥည္းေကာက္ရရင္ အတူ ခရီးသြားၾကသူေတြ အညီအမွ် ခြဲေဝရတဲ့ ထုံးစံလည္း ရွိတယ္ေလကြာ"

"အိုကြာ။ ငါအရင္ ေတြ႕တာမို႔ ဒီအထုတ္ဟာ ငါနဲ႔ပဲ ဆိုင္တယ္။ ငါပဲ ပိုင္တယ္။ မင္းကို ခြဲမေပး ႏိုင္ပါဘူး"

သူတို႔ႏွစ္ေယာက္ဟာ အိတ္ထဲက ပစၥည္းေတြကို အညီအမွ် ခြဲေဝဖို႔ကို ျငင္းခုန္ ေနၾကတုန္းမွာ ေနာက္ဖက္ကေန ေအာ္သံတခု ၾကားလိုက္ရတယ္။

"ေဟ့ မေျပးၾကနဲ႔။ မင္းတို႔ဟာ ရတနာအိတ္ကို ခိုးသြားတဲ့ သူခိုးေတြပဲ"

သူတို႔ႏွစ္ေယာက္ ေနာက္ဖက္ကို လွည့္ၾကည့္လိုက္ေတာ့ တုတ္ေတြ၊ ဓားေတြ ကိုင္ထားၾကတဲ့ လူအုပ္တအုပ္ဟာ သူတို႔ဆီ ေျပးလာတာကို ျမင္ေတြ႕လိုက္ ၾကရတယ္။

ရတနာအိတ္ကို ေကာက္ရထားသူဟာ အခုေတာ့ အရမ္းေၾကာက္လန႔္ ေနၿပီး "သူငယ္ခ်င္း၊ သူတို႔ ငါတို႔ဆီမွာ ရတနာအိတ္ကို ေတြ႕သြားရင္ ငါတို႔ေတာ့ အႀကီးအက်ယ္ ဒုကၡေရာက္ၾက ေတာ့မယ္ကြာ"

"မင္း ေစာေစာက ရတနာအိတ္ကို ေတြ႕ေတာ့ "ငါတို႔" လို႔ မေျပာပါဘူး။ မင္းပဲ ေတြ႕တယ္လို႔ ေျပာခဲ့တယ္ မဟုတ္လား။ အခုလည္း အဲဒီအတိုင္းပဲ ေျပာပါကြာ။

မင္းဟာ ခ်မ္းသာမႈကိုေတာ့ ခြဲေဝ မေပးခ်င္ဘဲ ဒုကၡဆင္းရဲ က်ေတာ့ ခြဲေဝေပးခ်င္လို႔ ဘယ္ရမလဲကြ။ မင္းတေယာက္ထဲ အဲဒီဒုကၡကို ခံလိုက္ေပေတာ့" လို႔ ေျပာၿပီး သူ႔ငယ္ခ်င္းကို ထားၿပီး ေနရာက ထြက္သြားပါတယ္။

သူငယ္ခ်င္းဆိုတာ အေကာင္းေရာ အဆိုးပါ မွ်ေဝခံစားသင့္တယ္ ဆိုတာကို နာလည္ေစခ်င္လို႔ပါ။

BamawTheinPhay

Post a Comment

0 Comments