လွှတ်ချထားခဲ့လိုက်ပါ

တခါတုန်းက ဘုန်းကြီးနှစ်ပါးဟာ တောထဲကို တရား အားထုတ်ဖို့ သွားပါသတဲ့။

လမ်းခရီးမှာ ချောင်းတခု တွေ့ပြီး ချောင်းကမ်းစပ်မှာ အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ထားတဲ့ မိန်းကလေး တယောက် ကိုလည်း တွေ့သတဲ့။

ရေက မတိမ်တဲ့ အတွက် ချောင်းကူးရင် သူ့အဝတ်အစားတွေ စိုကုန်မှာ စိုးလို့ မိန်းကလေးက စိတ်ညစ်နေ သတဲ့။

ဘုန်းကြီးတပါးဟာ မပြောမဆို မိန်းကလေးကို ထမ်းပြီး ချောင်းကို ကူးခဲ့တယ်။

တဖက်ကမ်း ရောက်တော့ မိန်းကလေးကို ချောင်းစပ်မှာ ချပြီး ခရီးဆက် ပြန်သတဲ့။

ခရီးဆက်ပြီး တနာရီ အကြာမှာ နောက်ဘုန်းကြီး တပါးက မအောင့်နိုင်ဘဲ မေးသတဲ့။

"ဘုန်းကြီး ဆိုတာ ဒကာမ တွေနဲ့ နီးနီးကပ်ကပ် မနေသင့်ဘူး။ အခု ကိုယ်တော်ရဲ့ အပြုအမူဟာ အပြစ်ကြီး တခုကို ကျူးလွန်လိုက် သလိုပဲ"

အမေးခံရတဲ့ ဘုန်းကြီးက "ကျွန်ုပ်က လွန်ခဲ့တဲ့ တနာရီ ကတည်းက သူ့ကို ကမ်းစပ်မှာ ချပေးခဲ့ ပြီးပါပြီ။

ကိုယ်တော်က ဘာဖြစ်လို့ သူ့ကို အခုထက်ထိ ထမ်းထားရသေးလဲ" လို့ ပြန်ပြော လိုက်သတဲ့။

တခြားသူက ပေးတဲ့ စိတ်ဆင်းရဲ စရာ၊ ဝမ်းနည်း ဒေါသတွေကို ထမ်းထားတုန်းလား။ ဒါမှမဟုတ် စိုးရိမ်ကြောင့်ကျ မှုတွေကို လွယ်ပိုးထားတုန်းလား။

လွှတ်ချခဲ့ လိုက်ပါ။ ဒါမှ ရှေ့ကို လွတ်လွတ် လပ်လပ် ပေါ့ပေါ့ ပါးပါး ခရီးဆက်နိုင် ပါလိမ့်မယ်။

99Snay

Zawgyi

လႊတ္ခ်ထားခဲ့လိုက္ပါ

တခါတုန္းက ဘုန္းႀကီးႏွစ္ပါးဟာ ေတာထဲကို တရား အားထုတ္ဖို႔ သြားပါသတဲ့။

လမ္းခရီးမွာ ေခ်ာင္းတခု ေတြ႕ၿပီး ေခ်ာင္းကမ္းစပ္မွာ အဝတ္အစား သပ္သပ္ရပ္ရပ္ ဝတ္ထားတဲ့ မိန္းကေလး တေယာက္ ကိုလည္း ေတြ႕သတဲ့။

ေရက မတိမ္တဲ့ အတြက္ ေခ်ာင္းကူးရင္ သူ႔အဝတ္အစားေတြ စိုကုန္မွာ စိုးလို႔ မိန္းကေလးက စိတ္ညစ္ေန သတဲ့။

ဘုန္းႀကီးတပါးဟာ မေျပာမဆို မိန္းကေလးကို ထမ္းၿပီး ေခ်ာင္းကို ကူးခဲ့တယ္။

တဖက္ကမ္း ေရာက္ေတာ့ မိန္းကေလးကို ေခ်ာင္းစပ္မွာ ခ်ၿပီး ခရီးဆက္ ျပန္သတဲ့။

ခရီးဆက္ၿပီး တနာရီ အၾကာမွာ ေနာက္ဘုန္းႀကီး တပါးက မေအာင့္ႏိုင္ဘဲ ေမးသတဲ့။

"ဘုန္းႀကီး ဆိုတာ ဒကာမ ေတြနဲ႔ နီးနီးကပ္ကပ္ မေနသင့္ဘူး။ အခု ကိုယ္ေတာ္ရဲ႕ အျပဳအမူဟာ အျပစ္ႀကီး တခုကို က်ဴးလြန္လိုက္ သလိုပဲ"

အေမးခံရတဲ့ ဘုန္းႀကီးက "ကြၽႏ္ုပ္က လြန္ခဲ့တဲ့ တနာရီ ကတည္းက သူ႔ကို ကမ္းစပ္မွာ ခ်ေပးခဲ့ ၿပီးပါၿပီ။

ကိုယ္ေတာ္က ဘာျဖစ္လို႔ သူ႔ကို အခုထက္ထိ ထမ္းထားရေသးလဲ" လို႔ ျပန္ေျပာ လိုက္သတဲ့။

တျခားသူက ေပးတဲ့ စိတ္ဆင္းရဲ စရာ၊ ဝမ္းနည္း ေဒါသေတြကို ထမ္းထားတုန္းလား။ ဒါမွမဟုတ္ စိုးရိမ္ေၾကာင့္က် မႈေတြကို လြယ္ပိုးထားတုန္းလား။

လႊတ္ခ်ခဲ့ လိုက္ပါ။ ဒါမွ ေရွ႕ကို လြတ္လြတ္ လပ္လပ္ ေပါ့ေပါ့ ပါးပါး ခရီးဆက္ႏိုင္ ပါလိမ့္မယ္။

99Snay

Post a Comment

0 Comments