အရူးတွေကြားက အရူး

ဟိုးရှေးရှေးတုန်းက တိုင်းပြည်တပြည်မှာ မိုးခေါင်ရေရှား ဖြစ်ကာ ရေအလွန် ရှားပါးလေသည်။ ထိုအခါ ပညာရှိ သုခမိန်အမတ်ကြီးမှ ဘုရင်ကို လျှောက်တင်လေသည်။ "မှန်လှပါ အရှင်မင်းကြီးဘုရား တိုင်းပြည်မှာ မိုးခေါင်ရေရှား ဖြစ်နေပါသည်။ သို့ပါသော်လည်း မနက်ဖြန် နေမွန်းတည့်ချိန် မှစ၍ မိုးကြီးလေကြီး ရွာသွန်း ပါလိမ့်မယ်ဘုရား"

"အင်း ကြားရတာ ဝမ်းသာအားရ ရှိတော်မူ လိုက်တာကွယ်"

"ဒါပေမယ့်လည်း ထိုမိုးရေဟာ အချိန်အခါ မဟုတ် ရွာသွန်းသော မိုးရေ ဖြစ်ပါသဖြင့် သောက်သုံးသော သူကို အဆိပ်သင့် နိုင်ကြောင်းပါဘုရား"

"ဟေ၊ ဒါဆို ဘယ်လို လုပ်ကြမတုန်း အမတ်ကြီးရဲ့"

"မှန်လှပါ ထိုမိုးရေအား တိုင်းသူပြည်သားတို့ မသောက်သုံးစေရန် အမိန့် ထုတ်ပြန်သင့် ကြောင်းပါဘုရား"

"ကောင်းပြီ အခုချိန်မှ စ၍ ငါကိုယ်တော်မြတ် အမိန့်တော် မှတ်မယ်။ မနက်ဖြန် ရွာမည့်မိုးရေအား အဆိပ်သင့် နိုင်သည့်အတွက် မည်သူ တဦးတယောက်မျှ မသောက်သုံး စေရန် တတိုင်းပြည်လုံးအား ကြေညာ မောင်းခတ်စေ"

"မှန်လှပါ အမိန့်တော်မြတ် အတိုင်းပါဘုရား"

အမတ်ကြီးဦးဆောင်၍ တတိုင်းပြည်လုံးအား ကြေငြာ မောင်းခတ်လေတော့သည်။ သို့သော်လည်း တကယ်တမ်း မိုးရွာသွန်းသော်အခါ၌မူ "ဟာ မိုးရွာပြီဟ လာကြလာကြ သောက်ဖို့၊ သုံးဖို့အတွက် ရေခံထားမှ ဖြစ်မယ် ဆိုပြီး တတိုင်းပြည်လုံး ထိုမိုးရေအား သောက်သုံးမိသော အခါ အဆိပ်သင့်၍ အကုန် ရူးကုန်တော့သည်။ ထိုမိုးခါးရေ မသောက်တာ ဆိုလို့ ဘုရင်နှင့် အမတ်ကြီးသာ ရှိလေသည်။

"အမတ်ကြီး ဘယ်လိုဖြစ်ကုန်ကြတာလဲ"

"မှန်လှပါ မိုးခါးရေအား သောက်သုံးမိ၍ တတိုင်းပြည်လုံး ရူးကုန်ကြတာပါ ဘုရား"

အရူးတွေကြားမှာ ဘုရင်နှင့် အမတ်ကြီးအား တတိုင်းပြည်လုံးက အရူး အရူး ဟုသာ ခေါ်ကုန်ကြလေ တော့သည်။

"ကဲ အမတ်ကြီး ဘယ်လိုလုပ်ကြမလဲ၊ အခု အကုန်ရူးပြီး တို့နှစ်ယောက်သာ ကျန်တော့တယ်။ အရူးတွေက တို့ကိုပြန်ပြီး အရူးလို့ ခေါ်ကုန်ကြပြီ။ ဒီအတိုင်း နေလို့တော့ မဖြစ်တော့ဘူး။ အရူးတွေ ကြားမှာ တို့နှစ်ယောက်ထဲ ကောင်းနေလို့လည်း ဘာမှထူးလာမှာ မဟုတ်ဘူး။ ဒီတော့တို့လည်း အများနည်းတူ မိုးခါးရေ သောက်ပြီး ရူးလိုက်ကြရအောင် ဒါမှ တို့အတူနေလို့ အဆင်ပြေမှာ"

ထိုအခါ အမတ်ကြီးမှ "မှန်လှပါ၊ စဉ်းစားတော် မူပါဦးဘုရား။ ကျွန်တော်မျိုးတို့ဟာ ဒီအရူးတွေနဲ့ အခုချိန်မှာ အဆင်မပြေတာကို သည်းခံသင့်ပါတယ် ဘုရား၊ အခုလက်ရှိ ရူးသွပ်နေကြသူတွေကို ပြန်ကောင်းလာအောင် ကျွန်တော်မျိုးတို့ မတတ်စွမ်းပေမယ့် နောက်ထပ် မွေးဖွား လာမယ့် မျိုးဆက်သစ်လေးတွေကို သူတို့လို မရူးသွပ် ရလေအောင် ထိန်းသိမ်းလို့ ရပါတယ်ဘုရား။

မျိုးဆက်သစ်တွေ များလာပြီး အရူးတွေ တဖြည်းဖြည်း ကုန်လာရင် အရူးမျိုးဆက်လည်း ရှိလာမှာ မဟုတ်တော့ပါဘူး ဘုရား။ ဒီလိုမှ မဟုတ်ပဲ အရှင်မင်းကြီး ပြောသလို ကျွန်တော်မျိုးတို့ပါ မိုးခါးရေ သောက်လိုက်မယ်ဆိုရင် အကုန်ရူးပြီး အရူးမျိုးဆက်သာ ကျန်ရစ်နေတော့မှာပါဘုရား"

"အင်း မှန်ပေသားပဲ အမတ်ကြီး၊ ယနေ့မှ စ၍ လက်ရှိ ရူးနေကြသူများအား ရှိစေတော့ နောက်မျိုးဆက်သစ်လေးတွေ အရူးမျိုး မဖြစ်ရလေအောင် ထိန်းသိမ်းကြပါစို့ အမတ်ကြီးရေ"

ဒီပုံပြင်ကို ကြားဖူးကြမှာပါ။ မကောင်းတဲ့ သူတွေကြားမှာ ငါတယောက်တည်း ကောင်းနေလို့ ဘာထူးမှာလဲ ဆိုပြီး မတွေးလိုက်ပါနဲ့။ လက်ရှိ မိုက်နေတဲ့ သူတွေကို ပြုပြင်ပေးဖို့ မလွယ်ကူပေမယ့် နောင်လာမယ့် မျိုးဆက်သစ် လူငယ်တွေအတွက် လူကောင်းသူကောင်း လေးတွေ ဖြစ်အောင် လမ်းပြပေးနိုင်ပါတယ်။

Crd to origin

Zawgyi

အ႐ူးေတြၾကားက အ႐ူး

ဟိုးေရွးေရွးတုန္းက တိုင္းျပည္တျပည္မွာ မိုးေခါင္ေရရွား ျဖစ္ကာ ေရအလြန္ ရွားပါးေလသည္။ ထိုအခါ ပညာရွိ သုခမိန္အမတ္ႀကီးမွ ဘုရင္ကို ေလွ်ာက္တင္ေလသည္။ "မွန္လွပါ အရွင္မင္းႀကီးဘုရား တိုင္းျပည္မွာ မိုးေခါင္ေရရွား ျဖစ္ေနပါသည္။ သို႔ပါေသာ္လည္း မနက္ျဖန္ ေနမြန္းတည့္ခ်ိန္ မွစ၍ မိုးႀကီးေလႀကီး႐ြာသြန္း ပါလိမ့္မယ္ဘုရား"

"အင္း ၾကားရတာ ဝမ္းသာအားရ ရွိေတာ္မူ လိုက္တာကြယ္"

"ဒါေပမယ့္လည္း ထိုမိုးေရဟာ အခ်ိန္အခါ မဟုတ္ ႐ြာသြန္းေသာ မိုးေရ ျဖစ္ပါသျဖင့္ ေသာက္သုံးေသာ သူကို အဆိပ္သင့္ ႏိုင္ေၾကာင္းပါဘုရား"

"ေဟ၊ ဒါဆို ဘယ္လို လုပ္ၾကမတုန္း အမတ္ႀကီးရဲ႕"

"မွန္လွပါ ထိုမိုးေရအား တိုင္းသူျပည္သားတို႔ မေသာက္သုံးေစရန္ အမိန႔္ ထုတ္ျပန္သင့္ ေၾကာင္းပါဘုရား"

"ေကာင္းၿပီ အခုခ်ိန္မွ စ၍ ငါကိုယ္ေတာ္ျမတ္ အမိန႔္ေတာ္ မွတ္မယ္။ မနက္ျဖန္ ႐ြာမည့္မိုးေရအား အဆိပ္သင့္ ႏိုင္သည့္အတြက္ မည္သူ တဦးတေယာက္မွ် မေသာက္သုံး ေစရန္ တတိုင္းျပည္လုံးအား ေၾကညာ ေမာင္းခတ္ေစ"

"မွန္လွပါ အမိန႔္ေတာ္ျမတ္ အတိုင္းပါဘုရား"

အမတ္ႀကီးဦးေဆာင္၍ တတိုင္းျပည္လုံးအား ေၾကျငာ ေမာင္းခတ္ေလေတာ့သည္။ သို႔ေသာ္လည္း တကယ္တမ္း မိုး႐ြာသြန္းေသာ္အခါ၌မူ "ဟာ မိုး႐ြာၿပီဟ လာၾကလာၾက ေသာက္ဖို႔၊ သုံးဖို႔အတြက္ ေရခံထားမွ ျဖစ္မယ္ ဆိုၿပီး တတိုင္းျပည္လုံး ထိုမိုးေရအား ေသာက္သုံးမိေသာ အခါ အဆိပ္သင့္၍ အကုန္ ႐ူးကုန္ေတာ့သည္။ ထိုမိုးခါးေရ မေသာက္တာ ဆိုလို႔ ဘုရင္ႏွင့္ အမတ္ႀကီးသာ ရွိေလသည္။

"အမတ္ႀကီး ဘယ္လိုျဖစ္ကုန္ၾကတာလဲ"

"မွန္လွပါ မိုးခါးေရအား ေသာက္သုံးမိ၍ တတိုင္းျပည္လုံး ႐ူးကုန္ၾကတာပါ ဘုရား"

အ႐ူးေတြၾကားမွာ ဘုရင္ႏွင့္ အမတ္ႀကီးအား တတိုင္းျပည္လုံးက အ႐ူး အ႐ူး ဟုသာ ေခၚကုန္ၾကေလ ေတာ့သည္။

"ကဲ အမတ္ႀကီး ဘယ္လိုလုပ္ၾကမလဲ၊ အခု အကုန္႐ူးၿပီး တို႔ႏွစ္ေယာက္သာ က်န္ေတာ့တယ္။ အ႐ူးေတြက တို႔ကိုျပန္ၿပီး အ႐ူးလို႔ ေခၚကုန္ၾကၿပီ။ ဒီအတိုင္း ေနလို႔ေတာ့ မျဖစ္ေတာ့ဘူး။ အ႐ူးေတြ ၾကားမွာ တို႔ႏွစ္ေယာက္ထဲ ေကာင္းေနလို႔လည္း ဘာမွထူးလာမွာ မဟုတ္ဘူး။ ဒီေတာ့တို႔လည္း အမ်ားနည္းတူ မိုးခါးေရ ေသာက္ၿပီး ႐ူးလိုက္ၾကရေအာင္ ဒါမွ တို႔အတူေနလို႔ အဆင္ေျပမွာ"

ထိုအခါ အမတ္ႀကီးမွ "မွန္လွပါ၊ စဥ္းစားေတာ္ မူပါဦးဘုရား။ ကြၽန္ေတာ္မ်ိဳးတို႔ဟာ ဒီအ႐ူးေတြနဲ႔ အခုခ်ိန္မွာ အဆင္မေျပတာကို သည္းခံသင့္ပါတယ္ ဘုရား၊ အခုလက္ရွိ ႐ူးသြပ္ေနၾကသူေတြကို ျပန္ေကာင္းလာေအာင္ ကြၽန္ေတာ္မ်ိဳးတို႔ မတတ္စြမ္းေပမယ့္ ေနာက္ထပ္ ေမြးဖြား လာမယ့္ မ်ိဳးဆက္သစ္ေလးေတြကို သူတို႔လို မ႐ူးသြပ္ ရေလေအာင္ ထိန္းသိမ္းလို႔ ရပါတယ္ဘုရား။

မ်ိဳးဆက္သစ္ေတြ မ်ားလာၿပီး အ႐ူးေတြ တျဖည္းျဖည္း ကုန္လာရင္ အ႐ူးမ်ိဳးဆက္လည္း ရွိလာမွာ မဟုတ္ေတာ့ပါဘူး ဘုရား။ ဒီလိုမွ မဟုတ္ပဲ အရွင္မင္းႀကီး ေျပာသလို ကြၽန္ေတာ္မ်ိဳးတို႔ပါ မိုးခါးေရ ေသာက္လိုက္မယ္ဆိုရင္ အကုန္႐ူးၿပီး အ႐ူးမ်ိဳးဆက္သာ က်န္ရစ္ေနေတာ့မွာပါဘုရား"

"အင္း မွန္ေပသားပဲ အမတ္ႀကီး၊ ယေန႔မွ စ၍ လက္ရွိ ႐ူးေနၾကသူမ်ားအား ရွိေစေတာ့ ေနာက္မ်ိဳးဆက္သစ္ေလးေတြ အ႐ူးမ်ိဳး မျဖစ္ရေလေအာင္ ထိန္းသိမ္းၾကပါစို႔ အမတ္ႀကီးေရ"

ဒီပုံျပင္ကို ၾကားဖူးၾကမွာပါ။ မေကာင္းတဲ့ သူေတြၾကားမွာ ငါတေယာက္တည္း ေကာင္းေနလို႔ ဘာထူးမွာလဲ ဆိုၿပီး မေတြးလိုက္ပါနဲ႔။ လက္ရွိ မိုက္ေနတဲ့ သူေတြကို ျပဳျပင္ေပးဖို႔ မလြယ္ကူေပမယ့္ ေနာင္လာမယ့္ မ်ိဳးဆက္သစ္ လူငယ္ေတြအတြက္ လူေကာင္းသူေကာင္း ေလးေတြ ျဖစ္ေအာင္ လမ္းျပေပးႏိုင္ပါတယ္။

Crd to origin

Post a Comment

0 Comments