ဇွဲမလျှော့တဲ့ အမျိုးသမီး

"ပြဿနာတွေ ကြားထဲမှာ အခွင့်အလမ်း ဆိုတာ ပေါ်လာ စမြဲပါ" လို့ ဆိုတဲ့ အမျိုးသမီး မီလျံနာ ပက်ထရစ်ရှားနာရာယန်။

သူမထက် အသက် ၁၃ နှစ် ကြီးတဲ့ ဘာသာမတူတဲ့ အမျိုးသား တယောက်ကို မိဘတွေ မသိအောင် တိတ်တိတ်လေး ယူခဲ့လို့ နှစ်ဘက်မိဘ စွန့်ပြစ်တာ ခံလိုက်ရတယ်။

နောက်ပိုင်း အမျိုးသားက အလုပ် မလုပ်တဲ့ အပြင် အရက်စွဲပြီး ကိုယ်ထိ လက်ရောက် စော်ကားတာတွေပါ ရှိလာတယ်။

ကျောင်းနေအရွယ် ရောက်နေတဲ့ ကလေးနှစ်ယောက်ကို ကျောင်းမထားနိုင်တဲ့ အပြင် ထမင်းပါ နပ်မမှန် နိုင်တော့လို့ သူမ မိဘတွေက ပြန်ခေါ်ထားပြီး ကျွေးမွေးခဲ့တယ်။ မိဘတွေကို အားနာတဲ့ သူမဟာ အလုပ်တခု လုပ်ဖို့ ကြိုးစားတယ်။

ဟင်းချက်တာက လွဲရင် ကျန်တာ မတတ်တဲ့ သူမဟာ သူမ လုပ်တတ်တဲ့ အဆာပြေ မုန့်လေးတွေကို လုပ်ပြီး လက်တွန်းလှည်းနဲ့ လှည့်လည်ပြီး စတင်ရောင်းခဲ့တယ်။

လက်တွန်းလှည်းနဲ့ လှည့်လည် ရောင်းရာ ကနေ မရီးနား ကမ်းခြေမှာ ညဈေး ရောင်းတယ်။ စေတနာ ထားတတ်ပြီး လက်ရာ ကောင်းတဲ့ သူမကို ဝန်ထမ်းကန်တင်းမှာ ရောင်းချပေးဖို့ ကန်းလှန်း ခံရတယ်။

အရမ်းရောင်းရပြီး မနက် ၅ နာရီက စပြီး ထတဲ့ သူမဟာ ည ၁၁ နာရီ အထိ မနားမနေ အလုပ် လုပ်ခဲ့တယ်။ သူမ ကြိုးစားမှုကြောင့် အောင်မြင်နေဆဲ မှာပဲ လက်ထပ် ထားတာ တလပဲ ရှိသေးတဲ့ သူ့သမီးနဲ့ သူ့သမက်ဟာ ကားအက်စီးဒန့်နဲ့ ဆုံးပါးခဲ့တယ်။

လပေါင်းများစွာ စိတ်ဆင်းရဲမှုဒဏ် ခံစားခဲ့ပြီးနောက် သူမရဲ့ သမီး နာမည်နဲ့ ကိုယ်ပိုင် စားသောက်ဆိုင် စဖွင့်ခဲ့တယ်။ စားသောက်ဆိုင် ကနေ စားသောက်ဆိုင် လုပ်ငန်းစုအထိ တိုးချဲ့နိုင် ခဲ့ပြီး သူမဟာ အိန္ဒိယ နိုင်ငံရဲ့ စီးပွားရေး ထူးချွန်ဆုနဲ့ အတူ မီလျီယံနာ တယောက် ဖြစ်နေခဲ့ပါပြီ။

သူမဟာ မိန်းမတယောက်ရဲ့ ခါးသီးတဲ့ ဘဝစုံကို ကူးခတ်ခဲ့ ရပြီး အခက်အခဲ မှန်သမျှကို ဘယ်တုန်းကမှ နောက်မဆုတ် ခဲ့ပါဘူး။

"ကြိုးစားနေတဲ့ သူတိုင်း အတွက် အခွင့်အရေး ဆိုတာ ပေါ်လာစမြဲပဲ" လို့ အားပေးတတ်တဲ့ သူမဟာ ကြိုးစားနေဆဲ အမျိုးသမီးတိုင်း အတွက် အားဖြစ်စေမယ်လို့ ယုံကြည်လို့ မျှဝေပေးလိုက် ပါတယ်။

Crd

Zawgyi

ဇြဲမေလွ်ာ့တဲ့ အမ်ိဳးသမီး

"ျပႆနာေတြ ၾကားထဲမွာ အခြင့္အလမ္း ဆိုတာ ေပၚလာ စၿမဲပါ" လို႔ ဆိုတဲ့ အမ်ိဳးသမီး မီလ်ံနာ ပက္ထရစ္ရွားနာရာယန္။

သူမထက္ အသက္ ၁၃ ႏွစ္ ႀကီးတဲ့ ဘာသာမတူတဲ့ အမ်ိဳးသား တေယာက္ကို မိဘေတြ မသိေအာင္ တိတ္တိတ္ေလး ယူခဲ့လို႔ ႏွစ္ဘက္မိဘ စြန႔္ျပစ္တာ ခံလိုက္ရတယ္။

ေနာက္ပိုင္း အမ်ိဳးသားက အလုပ္ မလုပ္တဲ့ အျပင္ အရက္စြဲၿပီး ကိုယ္ထိ လက္ေရာက္ ေစာ္ကားတာေတြပါ ရွိလာတယ္။

ေက်ာင္းေနအ႐ြယ္ ေရာက္ေနတဲ့ ကေလးႏွစ္ေယာက္ကို ေက်ာင္းမထားႏိုင္တဲ့ အျပင္ ထမင္းပါ နပ္မမွန္ ႏိုင္ေတာ့လို႔ သူမ မိဘေတြက ျပန္ေခၚထားၿပီး ေကြၽးေမြးခဲ့တယ္။ မိဘေတြကို အားနာတဲ့ သူမဟာ အလုပ္တခု လုပ္ဖို႔ ႀကိဳးစားတယ္။

ဟင္းခ်က္တာက လြဲရင္ က်န္တာ မတတ္တဲ့ သူမဟာ သူမ လုပ္တတ္တဲ့ အဆာေျပ မုန႔္ေလးေတြကို လုပ္ၿပီး လက္တြန္းလွည္းနဲ႔ လွည့္လည္ၿပီး စတင္ေရာင္းခဲ့တယ္။

လက္တြန္းလွည္းနဲ႔ လွည့္လည္ ေရာင္းရာ ကေန မရီးနား ကမ္းေျခမွာ ညေဈး ေရာင္းတယ္။ ေစတနာ ထားတတ္ၿပီး လက္ရာ ေကာင္းတဲ့ သူမကို ဝန္ထမ္းကန္တင္းမွာ ေရာင္းခ်ေပးဖို႔ ကန္းလွန္း ခံရတယ္။

အရမ္းေရာင္းရၿပီး မနက္ ၅ နာရီက စၿပီး ထတဲ့ သူမဟာ ည ၁၁ နာရီ အထိ မနားမေန အလုပ္ လုပ္ခဲ့တယ္။ သူမ ႀကိဳးစားမႈေၾကာင့္ ေအာင္ျမင္ေနဆဲ မွာပဲ လက္ထပ္ ထားတာ တလပဲ ရွိေသးတဲ့ သူ႔သမီးနဲ႔ သူ႔သမက္ဟာ ကားအက္စီးဒန႔္နဲ႔ ဆုံးပါးခဲ့တယ္။

လေပါင္းမ်ားစြာ စိတ္ဆင္းရဲမႈဒဏ္ ခံစားခဲ့ၿပီးေနာက္ သူမရဲ႕ သမီး နာမည္နဲ႔ ကိုယ္ပိုင္ စားေသာက္ဆိုင္ စဖြင့္ခဲ့တယ္။ စားေသာက္ဆိုင္ ကေန စားေသာက္ဆိုင္ လုပ္ငန္းစုအထိ တိုးခ်ဲ႕ႏိုင္ ခဲ့ၿပီး သူမဟာ အိႏၵိယ ႏိုင္ငံရဲ႕ စီးပြားေရး ထူးခြၽန္ဆုနဲ႔ အတူ မီလ်ီယံနာ တေယာက္ ျဖစ္ေနခဲ့ပါၿပီ။

သူမဟာ မိန္းမတေယာက္ရဲ႕ ခါးသီးတဲ့ ဘဝစုံကို ကူးခတ္ခဲ့ ရၿပီး အခက္အခဲ မွန္သမွ်ကို ဘယ္တုန္းကမွ ေနာက္မဆုတ္ ခဲ့ပါဘူး။

"ႀကိဳးစားေနတဲ့ သူတိုင္း အတြက္ အခြင့္အေရး ဆိုတာ ေပၚလာစၿမဲပဲ" လို႔ အားေပးတတ္တဲ့ သူမဟာ ႀကိဳးစားေနဆဲ အမ်ိဳးသမီးတိုင္း အတြက္ အားျဖစ္ေစမယ္လို႔ ယုံၾကည္လို႔ မွ်ေဝေပးလိုက္ ပါတယ္။

Crd

Post a Comment

0 Comments