ရေဆန်ကို မဖြတ်နိုင်ရင် ရေစုန်မှာ အလိုက်သင့်နေပါ

တခါတုန်းက ငါးလေး ၅ ကောင်သည် မြစ်ပြင်ထဲတွင် ပျော်ရွှင်စွာ ကူးခတ်နေကြလေသည်။ ကူးခတ်ရင်း အစာရှာရင်း ၎င်းတို့ နေထိုင်ကျက်စားရာ နေရာနှင့် အလွန်ဝေးသည့် နေရာသို့ ရောက်လာကြသည်။

အိမ်ပြန်ကြသည့် အချိန်တွင် မြစ်ခွဲတခုသို့ စီးဆင်းနေသော ရေစီး တခုကို ဖြတ်ရဖို့ ဖြစ်လာကြသည်။ အကြီးဆုံး ငါးတကောင်က သူတို့ထဲမှ အရွယ်အစား အသေဆုံး ငါးလေးအား စိတ်မကောင်းသော မျက်ဝန်းများနှင့် ကြည့်ကာ တီးတိုး ရေရွတ်လိုက်သည်။

"အသေးဆုံး ငါးလေးရေ။ ငါတောင် ဒီရေစီးကို တိုးပြီး မနည်းဖြတ်ရမှာ မင်းတော့ မဖြစ်နိုင်ဘူး။ ဒီနေရာမှသာ နေခဲ့ပြီး ကျက်စားတော့"

"ဟုတ်တယ် မင်းရဲ့ ခန္ဓာကိုယ်သေးသေးလေးနဲ့ ဖြတ်ရင် ရေစီးနဲ့ ပါသွားလိမ့်မယ်"

"နှုတ်ဆက်ပါတယ် သူငယ်ချင်းရယ်၊ ဘိုင့်ဘိုင်"

"ကြိုးစားလည်း အပိုပဲ သူငယ်ချင်း။ ဆုတောင်းနေတော့ကွာ။ တာတာ့"

ငါးအငယ်ဆုံးလေးထက် အရွယ်အစား ကြီးသော ငါးတွေက တကောင်တပေါက် ဝင်ပြောကြပြီး ရေစီးကို အားမာန် အပြည့်နှင့် တိုးဝင် ဖြတ်ကျော်သွားကြသည်။ ငါးငယ်လေးက ကြူကြူပါအောင် ငိုရင်း ရေစီးနှင့် မလှမ်းမကမ်းတွင် ကူးခတ်နေမိသည်။

သိပ်မကြာခင်မှာ လိပ်ကြီး တကောင်က ငါးငယ်လေးနားသို့ ရောက်လာလေသည်။ "ငါးလေး ဘာလို့ငိုနေတာလဲ။ ခုနကတွေ့တဲ့ မင်းအဖော်ငါးတွေရော"

"သား အိမ်ကိုပြန်လို့ မရတော့လို့ပါ။ သူတို့က ပြန်သွားကြပြီ"

လိပ်ကြီးက ငါးငယ်လေးနားသို့ ကူးခတ်လာရင်း ဆက်မေးသည်။ "ဘာလို့ ပြန်လို့ မရတာလဲ"

"သား ရှေ့က ရေစီးကို ဖြတ်မရလို့"

"ဒါဆို သား အဖော်တွေကရော"

"သူတို့က ဒီရေစီးကို ဖြတ်ပြီး ပြန်သွားကြပြီ"

"သားက ဘာလို့ မဖြတ်တာလဲ"

ငါးငယ်လေးက တရှုံ့ရှုံ့ ငိုရင်း "သားမှ မဖြတ်နိုင်တာဗျ"

"သားကို မဖြတ်နိုင်ဘူးလို့ ဘယ်သူပြောလဲ"

"သား သူငယ်ချင်းတွေ ပြောတာ၊ နောက်ပြီး သားခန္ဓာကိုယ်က သေးသေးလေး"

လိပ်ကြီးက သူ့ခေါင်းကို ပြူတစ်ပြူတစ် လုပ်ရင်း "သား ဒီရေစီးကို ဖြတ်ဖို့ ကြိုစားကြည့် ပြီးပြီလား"

"ဟင့်အင်း သား ရေထဲ မျှောပါသွားရင် ဘယ်လိုလုပ်မလဲ"

"ဟ၊ မင်းက ငါးပဲ။ ရေထဲ ပါသွားလည်း ပြန်ကူးခတ်ပေါ့ကွ။ သေသွားမှာမှ မဟုတ်တာ။ ကဲ ငိုတာ အခုရပ်။ ဒီရေစီးကို ဖြတ်ဖို့ ကြိုးစား။ သားအနေနဲ့ ဖြတ်ကို ဖြတ်နိုင်ရမယ်လို့ ယုံထား"

ငါးလေးက တုန်တုန်ယင်ယင်နင့် ရေစီးကို လှမ်းကြည့်၏။ "သား ကြောက်တယ် ဦးလိပ်ကြီး"

"အလုပ်တခုကို လုပ်ဖို့ မကြိုးစားကြည့်ဘဲ၊ လုပ်ဖို့ အခွင့် အရေး မပေးဘဲ ဒီကောင် မလုပ်နိုင်ဘူးလို့ ထင်နေတွေးနေရင် ဘာမှ ဖြစ်မလာဘူး ငါးလေး။ မင်းဆီမှာ ခွန်အားတွေ ရှိတယ်။ ရေစီးထဲ တိုးမထွက်နိုင် ရင်တောင် ရေထဲမှာ အလိုက်သင့် ပါသွားအောင် ထိန်းကျောင်းပေးမဲ့ ဉာဏ်ရည်တွေ ရှိနေတာပဲ။ ကဲ အခုကူးတော့"

ငါးလေးဟာ တစုံတခုကို တွေးနေပြီး တွေတွေကြီး ရပ်နေသည်။

"ကဲကွာ၊ ငါ ရေစီးအောက်က စောင့်နေပေးမယ်။ မင်း ရေစီးထဲ လွှင့်ပြီးပါလာရင် ငါကယ်ပေးမယ်။ ဟုတ်ပြီလား"

ငါးလေးဟာ အားသွန်ခွန်စိုက်နှင့် ရေစီးထဲသို့ တိုးဝင်လိုက်သည်။ တိုးဝင်ခါစမှာ ရေစီးကြောင့် တချက် ယိုင်သွားသောအချိန် လိပ်ကြီးဆီက စကားသံ ကြားလိုက်ရသည်။

"မင်း လုပ်ကို လုပ်နိုင်ရမယ် ငါးလေးရေ။ ငါ ရေစီးအောက်မှာ စောင့်နေတယ်။ အားတင်းပြီး ကူးပါ"

ငါးလေးဟာ ယိုင်သွားသော ခန္ဓာကိုယ်ကို ချက်ချင်းပြန်တည့်ပြီး အားသွန်ခွန်စိုက် ကူးကာ ရေစီးကို ဖြတ်ကျော်နိုင်ခဲ့ လေသည်။

"ဗျို့ ဦးလိပ်ကြီး၊ သား ဖြတ်နိုင်ခဲ့ပြီဗျ။ ကျေးဇူးပဲဗျို့ တနေ့ ကျေးဇူးပြန်ဆပ်ပါရစေ"

လိပ်ကြီးက ဝမ်းသာစွာ ပြုံးရင်း ငါးလေးကို အော်ပြောလိုက်သည်။ "ငါ့ကို ကျေးဇူးဆပ်ချင်ရင် မင်းရဲ့ ဘဝမှာ အလုပ်တခုကို လုပ်ဖို့ ကြိုးစားမကြည့်ဘဲ၊ လုပ်ဖို့ အခွင့်အရေး မပေးဘဲ မလုပ်နိုင်ဘူးလို့ ထင်နေတဲ့ကောင် တသက်လုံး မဖြစ်စေနဲ့။ နောက်ပြီး ရေဆန်ကို မဖြတ်နိုင်ရင်တောင် ရေစုန်မှာ အလိုက်သင့်စွာ နေတတ်ပါစေ ငါးလေးရေ"

HanSai (Mc mdy)

Zawgyi

ေရဆန္ကို မျဖတ္ႏိုင္ရင္ ေရစုန္မွာ အလိုက္သင့္ေနပါ

တခါတုန္းက ငါးေလး ၅ ေကာင္သည္ ျမစ္ျပင္ထဲတြင္ ေပ်ာ္႐ႊင္စြာ ကူးခတ္ေနၾကေလသည္။ ကူးခတ္ရင္း အစာရွာရင္း ၎တို႔ ေနထိုင္က်က္စားရာ ေနရာႏွင့္ အလြန္ေဝးသည့္ ေနရာသို႔ ေရာက္လာၾကသည္။

အိမ္ျပန္ၾကသည့္ အခ်ိန္တြင္ ျမစ္ခြဲတခုသို႔ စီးဆင္းေနေသာ ေရစီး တခုကို ျဖတ္ရဖို႔ ျဖစ္လာၾကသည္။ အႀကီးဆုံး ငါးတေကာင္က သူတို႔ထဲမွ အ႐ြယ္အစား အေသဆုံး ငါးေလးအား စိတ္မေကာင္းေသာ မ်က္ဝန္းမ်ားႏွင့္ ၾကည့္ကာ တီးတိုး ေရ႐ြတ္လိုက္သည္။

"အေသးဆုံး ငါးေလးေရ။ ငါေတာင္ ဒီေရစီးကို တိုးၿပီး မနည္းျဖတ္ရမွာ မင္းေတာ့ မျဖစ္ႏိုင္ဘူး။ ဒီေနရာမွသာ ေနခဲ့ၿပီး က်က္စားေတာ့"

"ဟုတ္တယ္ မင္းရဲ႕ ခႏၶာကိုယ္ေသးေသးေလးနဲ႔ ျဖတ္ရင္ ေရစီးနဲ႔ ပါသြားလိမ့္မယ္"

"ႏႈတ္ဆက္ပါတယ္ သူငယ္ခ်င္းရယ္၊ ဘိုင့္ဘိုင္"

"ႀကိဳးစားလည္း အပိုပဲ သူငယ္ခ်င္း။ ဆုေတာင္းေနေတာ့ကြာ။ တာတာ့"

ငါးအငယ္ဆုံးေလးထက္ အ႐ြယ္အစား ႀကီးေသာ ငါးေတြက တေကာင္တေပါက္ ဝင္ေျပာၾကၿပီး ေရစီးကို အားမာန္ အျပည့္ႏွင့္ တိုးဝင္ ျဖတ္ေက်ာ္သြားၾကသည္။ ငါးငယ္ေလးက ၾကဴၾကဴပါေအာင္ ငိုရင္း ေရစီးႏွင့္ မလွမ္းမကမ္းတြင္ ကူးခတ္ေနမိသည္။

သိပ္မၾကာခင္မွာ လိပ္ႀကီး တေကာင္က ငါးငယ္ေလးနားသို႔ ေရာက္လာေလသည္။ "ငါးေလး ဘာလို႔ငိုေနတာလဲ။ ခုနကေတြ႕တဲ့ မင္းအေဖာ္ငါးေတြေရာ"

"သား အိမ္ကိုျပန္လို႔ မရေတာ့လို႔ပါ။ သူတို႔က ျပန္သြားၾကၿပီ"

လိပ္ႀကီးက ငါးငယ္ေလးနားသို႔ ကူးခတ္လာရင္း ဆက္ေမးသည္။ "ဘာလို႔ ျပန္လို႔ မရတာလဲ"

"သား ေရွ႕က ေရစီးကို ျဖတ္မရလို႔"

"ဒါဆို သား အေဖာ္ေတြကေရာ"

"သူတို႔က ဒီေရစီးကို ျဖတ္ၿပီး ျပန္သြားၾကၿပီ"

"သားက ဘာလို႔ မျဖတ္တာလဲ"

ငါးငယ္ေလးက တရႈံ႕ရႈံ႕ ငိုရင္း "သားမွ မျဖတ္ႏိုင္တာဗ်"

"သားကို မျဖတ္ႏိုင္ဘူးလို႔ ဘယ္သူေျပာလဲ"

"သား သူငယ္ခ်င္းေတြ ေျပာတာ၊ ေနာက္ၿပီး သားခႏၶာကိုယ္က ေသးေသးေလး"

လိပ္ႀကီးက သူ႔ေခါင္းကို ျပဴတစ္ျပဴတစ္ လုပ္ရင္း "သား ဒီေရစီးကို ျဖတ္ဖို႔ ႀကိဳစားၾကည့္ ၿပီးၿပီလား"

"ဟင့္အင္း သား ေရထဲ ေမွ်ာပါသြားရင္ ဘယ္လိုလုပ္မလဲ"

"ဟ၊ မင္းက ငါးပဲ။ ေရထဲ ပါသြားလည္း ျပန္ကူးခတ္ေပါ့ကြ။ ေသသြားမွာမွ မဟုတ္တာ။ ကဲ ငိုတာ အခုရပ္။ ဒီေရစီးကို ျဖတ္ဖို႔ ႀကိဳးစား။ သားအေနနဲ႔ ျဖတ္ကို ျဖတ္ႏိုင္ရမယ္လို႔ ယုံထား"

ငါးေလးက တုန္တုန္ယင္ယင္နင့္ ေရစီးကို လွမ္းၾကည့္၏။ "သား ေၾကာက္တယ္ ဦးလိပ္ႀကီး"

"အလုပ္တခုကို လုပ္ဖို႔ မႀကိဳးစားၾကည့္ဘဲ၊ လုပ္ဖို႔ အခြင့္ အေရး မေပးဘဲ ဒီေကာင္ မလုပ္ႏိုင္ဘူးလို႔ ထင္ေနေတြးေနရင္ ဘာမွ ျဖစ္မလာဘူး ငါးေလး။ မင္းဆီမွာ ခြန္အားေတြ ရွိတယ္။ ေရစီးထဲ တိုးမထြက္ႏိုင္ ရင္ေတာင္ ေရထဲမွာ အလိုက္သင့္ ပါသြားေအာင္ ထိန္းေက်ာင္းေပးမဲ့ ဉာဏ္ရည္ေတြ ရွိေနတာပဲ။ ကဲ အခုကူးေတာ့"

ငါးေလးဟာ တစုံတခုကို ေတြးေနၿပီး ေတြေတြႀကီး ရပ္ေနသည္။

"ကဲကြာ၊ ငါ ေရစီးေအာက္က ေစာင့္ေနေပးမယ္။ မင္း ေရစီးထဲ လႊင့္ၿပီးပါလာရင္ ငါကယ္ေပးမယ္။ ဟုတ္ၿပီလား"

ငါးေလးဟာ အားသြန္ခြန္စိုက္ႏွင့္ ေရစီးထဲသို႔ တိုးဝင္လိုက္သည္။ တိုးဝင္ခါစမွာ ေရစီးေၾကာင့္ တခ်က္ ယိုင္သြားေသာအခ်ိန္ လိပ္ႀကီးဆီက စကားသံ ၾကားလိုက္ရသည္။

"မင္း လုပ္ကို လုပ္ႏိုင္ရမယ္ ငါးေလးေရ။ ငါ ေရစီးေအာက္မွာ ေစာင့္ေနတယ္။ အားတင္းၿပီး ကူးပါ"

ငါးေလးဟာ ယိုင္သြားေသာ ခႏၶာကိုယ္ကို ခ်က္ခ်င္းျပန္တည့္ၿပီး အားသြန္ခြန္စိုက္ ကူးကာ ေရစီးကို ျဖတ္ေက်ာ္ႏိုင္ခဲ့ ေလသည္။

"ဗ်ိဳ႕ ဦးလိပ္ႀကီး၊ သား ျဖတ္ႏိုင္ခဲ့ၿပီဗ်။ ေက်းဇူးပဲဗ်ိဳ႕ တေန႔ ေက်းဇူးျပန္ဆပ္ပါရေစ"

လိပ္ႀကီးက ဝမ္းသာစြာ ၿပဳံးရင္း ငါးေလးကို ေအာ္ေျပာလိုက္သည္။ "ငါ့ကို ေက်းဇူးဆပ္ခ်င္ရင္ မင္းရဲ႕ ဘဝမွာ အလုပ္တခုကို လုပ္ဖို႔ ႀကိဳးစားမၾကည့္ဘဲ၊ လုပ္ဖို႔ အခြင့္အေရး မေပးဘဲ မလုပ္ႏိုင္ဘူးလို႔ ထင္ေနတဲ့ေကာင္ တသက္လုံး မျဖစ္ေစနဲ႔။ ေနာက္ၿပီး ေရဆန္ကို မျဖတ္ႏိုင္ရင္ေတာင္ ေရစုန္မွာ အလိုက္သင့္စြာ ေနတတ္ပါေစ ငါးေလးေရ"

HanSai (Mc mdy)

Post a Comment

0 Comments