ကံဆိုးသော လယ်သမား

တခါတုန်းက လယ်သမား တဦးဟာ သူ့ယာခင်းက ထွက်တဲ့ ဟင်းသီးဟင်းရွက် တွေကို ရောင်းချဖို့ မြို့ကို လှည်းမောင်းပြီး သွားခဲ့တယ်။

လမ်းခုလတ် အရောက်မှာ မိုးက သည်းထန်စွာ ရွာပီး သူလာတဲ့ လမ်းတနေရာမှာ ရွှံ့ဗွက်တွေ၊ ကျင်းတွေ၊ ချိုင့်တွေနဲ့ ပြည့်နေ တာကြောင့် သူ့ရဲ့ မြင်းကလည်း လေးလံ လှတဲ့ လှည်းကြီးကို ခက်ခက်ခဲခဲ ဆွဲနေရတယ်။

ဖြည်းဖြည်း သွားနေရင်း မှာပဲ လှည်းဘီး တဖက်ဟာ နွံနစ် သွားတယ်။ မြင်းဟာ ဆွဲလေ နွံ ပိုနစ်လေ ဖြစ်နေတယ်။ လှည်းသမားလည်း မြင်းလှည်းပေါ်က ဆင်းပြီး ဘေးပါတ်ဝန်းကျင်ကို လှည့်ကြည့် ပေမယ့် ကူညီမယ့်သူ မရှိဘူး ဖြစ်နေတယ်။

လယ်သမားဟာ မြင်းလှည်းဘီး နွံနစ် တာကို လွတ်အောင် ကိုယ်တိုင် ထမ်းထုတ်တာ၊ ဘီးကို တွန်းတာတွေ လုပ်ရမယ့် အစား သူ့ရဲ့ ကံမကောင်းမှုနဲ့ ကံကြမ္မာ ကိုပဲ ကျိန်ဆဲ နေတယ်။

ထို့နောက် သူဟာ မိုးကောင်းကင်ကို မော့ကြည့်ပြီး "မိုးနတ်မင်းကြီး၊ ကျွန်တော်ကံ အရမ်း ဆိုးနေပါတယ်၊ ဘာအမှား တွေများ လုပ်မိလို့လဲ၊ ခွင့်လွှတ်တော် မူပါ၊ ကျွန်တော့ကို ကူညီပါဦး" ဆိုပြီး တချိန်လုံး ရေရွတ် နေတော့တယ်။

ဒါကို ကြားတဲ့ မိုးနတ်မင်းကြီးလည်း နားညီးလာတော့ လူယောင် ဖန်ဆင်းပြီး လှည်းသမားကို ပြောလိုက်တယ်။

"မင်း မြင်းလှည်းကို ကိုယ်အားကိုယ် ကိုးပြီး တွန်းမကြည့် ဘူးလား။ ကိုယ်တိုင် မကြိုးစား ရင်တော့ ဘယ်သူမှ လာကူညီမှာ မဟုတ်ဘူး။ မင်းကိုယ်တိုင် အားထည့် တွန်းပါဦး၊ အခုထ လှည်းဝင်ရိုးအောက်က ဝင်ထမ်းပြီး အရင်တွန်းဦး" လို့ ပြောလိုက်တယ်။

လယ်သမားလည်း နဲနဲ ရှက်သွားပြီး လှည်းဘီး နောက်ကနေ ပခုံးနဲ့ ဝင်ထမ်း တင်ကာ မြင်းကိုလည်း အော်ဟစ် မောင်းနှင် လိုက်တော့ နွံထဲကလွတ်သွားတယ်။

အဲဒီနောက်တော့ လှည်းသမားလည်း ပညာ ရသွားပြီး မိုးနတ်မင်းကို ကျေးဇူးတင်စကား ပြော၍ မြို့ကို ဆက်သွား ပါတော့တယ်။

ဒီအကြောင်းအရာလေး ကတော့ အခက်အခဲ တခု ကြုံလာတဲ့ အခါ ကံကိုချည်း အပြစ်မဖို့ ကိုယ်တိုင် ကြိုးစား အားထုတ် ကြည့်သင့်တဲ့ အကြောင်းကို ဖော်ပြ ပေးထားတာ ဖြစ်ပါတယ်။

Crd

Zawgyi

ကံဆိုးေသာ လယ္သမား

တခါတုန္းက လယ္သမား တဦးဟာ သူ႔ယာခင္းက ထြက္တဲ့ ဟင္းသီးဟင္း႐ြက္ ေတြကို ေရာင္းခ်ဖို႔ ၿမိဳ႕ကို လွည္းေမာင္းၿပီး သြားခဲ့တယ္။

လမ္းခုလတ္ အေရာက္မွာ မိုးက သည္းထန္စြာ ႐ြာပီး သူလာတဲ့ လမ္းတေနရာမွာ ႐ႊံ႕ဗြက္ေတြ၊ က်င္းေတြ၊ ခ်ိဳင့္ေတြနဲ႔ ျပည့္ေန တာေၾကာင့္ သူ႔ရဲ႕ ျမင္းကလည္း ေလးလံ လွတဲ့ လွည္းႀကီးကို ခက္ခက္ခဲခဲ ဆြဲေနရတယ္။

ျဖည္းျဖည္း သြားေနရင္း မွာပဲ လွည္းဘီး တဖက္ဟာ ႏြံနစ္ သြားတယ္။ ျမင္းဟာ ဆြဲေလ ႏြံ ပိုနစ္ေလ ျဖစ္ေနတယ္။ လွည္းသမားလည္း ျမင္းလွည္းေပၚက ဆင္းၿပီး ေဘးပါတ္ဝန္းက်င္ကို လွည့္ၾကည့္ ေပမယ့္ ကူညီမယ့္သူ မရွိဘူး ျဖစ္ေနတယ္။

လယ္သမားဟာ ျမင္းလွည္းဘီး ႏြံနစ္ တာကို လြတ္ေအာင္ ကိုယ္တိုင္ ထမ္းထုတ္တာ၊ ဘီးကို တြန္းတာေတြ လုပ္ရမယ့္ အစား သူ႔ရဲ႕ ကံမေကာင္းမႈနဲ႔ ကံၾကမၼာ ကိုပဲ က်ိန္ဆဲ ေနတယ္။

ထို႔ေနာက္ သူဟာ မိုးေကာင္းကင္ကို ေမာ့ၾကည့္ၿပီး "မိုးနတ္မင္းႀကီး၊ ကြၽန္ေတာ္ကံ အရမ္း ဆိုးေနပါတယ္၊ ဘာအမွား ေတြမ်ား လုပ္မိလို႔လဲ၊ ခြင့္လႊတ္ေတာ္ မူပါ၊ ကြၽန္ေတာ့ကို ကူညီပါဦး" ဆိုၿပီး တခ်ိန္လုံး ေရ႐ြတ္ ေနေတာ့တယ္။

ဒါကို ၾကားတဲ့ မိုးနတ္မင္းႀကီးလည္း နားညီးလာေတာ့ လူေယာင္ ဖန္ဆင္းၿပီး လွည္းသမားကို ေျပာလိုက္တယ္။

"မင္း ျမင္းလွည္းကို ကိုယ္အားကိုယ္ ကိုးၿပီး တြန္းမၾကည့္ ဘူးလား။ ကိုယ္တိုင္ မႀကိဳးစား ရင္ေတာ့ ဘယ္သူမွ လာကူညီမွာ မဟုတ္ဘူး။ မင္းကိုယ္တိုင္ အားထည့္ တြန္းပါဦး၊ အခုထ လွည္းဝင္႐ိုးေအာက္က ဝင္ထမ္းၿပီး အရင္တြန္းဦး" လို႔ ေျပာလိုက္တယ္။

လယ္သမားလည္း နဲနဲ ရွက္သြားၿပီး လွည္းဘီး ေနာက္ကေန ပခုံးနဲ႔ ဝင္ထမ္း တင္ကာ ျမင္းကိုလည္း ေအာ္ဟစ္ ေမာင္းႏွင္ လိုက္ေတာ့ ႏြံထဲကလြတ္သြားတယ္။

အဲဒီေနာက္ေတာ့ လွည္းသမားလည္း ပညာ ရသြားၿပီး မိုးနတ္မင္းကို ေက်းဇူးတင္စကား ေျပာ၍ ၿမိဳ႕ကို ဆက္သြား ပါေတာ့တယ္။

ဒီအေၾကာင္းအရာေလး ကေတာ့ အခက္အခဲ တခု ႀကဳံလာတဲ့ အခါ ကံကိုခ်ည္း အျပစ္မဖို႔ ကိုယ္တိုင္ ႀကိဳးစား အားထုတ္ ၾကည့္သင့္တဲ့ အေၾကာင္းကို ေဖာ္ျပ ေပးထားတာ ျဖစ္ပါတယ္။

Crd

Post a Comment

0 Comments