နွားနို့အထွက်တိုးဖို့ လယ်သမားတွေက နည်းမျိုးစုံနဲ့ ကြိုးစားကြပါတယ်။ ဒါပေမယ့် လယ်သမား တစ်ယောက်ကတော့ နွားမတွေကို VR headsets တပ်ပေးလိုက်ပါတယ်။ နွားမတွေ VR headsets တပ်ထားတဲ့အခါ နွားမတွေရဲ့ မျက်လုံးထဲမှာ မြက်ခင်းပြင်ကြီးကို မြင်နေရအောင် လို့ပါ။


အဲဒီ လယ်သမားကတော့ တူရကီနိုင်ငံက Izzet Kocak ဖြစ်ပါတယ်။ နွားမတွေ ပျော်ရွှင်မှ နွားနို့များများ ထွက်နိုင်မှာကို Izzet သိတဲ့အခါ အကြံကောင်း ရသွားပါတယ်။


သူ့ရဲ့ နွားမနှစ်ကောင်ကို VR headset တွေ တပ်ပေးပြီး နွားနို့ထွက်နှုန်းကို မှတ်သားထားပါတယ်။ နွားမတွေကို VR headset တပ်ပေးပြီးနောက်မှာ နွားနို့ထွက်နှုန်းက တစ်နေ့ကို ၂၂ လီတာကနေ ၂၇ လီတာအထိ တိုးလာပါတယ်။


" VR headset တပ်ထားတော့ မြက်ခင်းပြင်ကို နွားမတွေ မြင်ရတယ်။ အဲဒီအခါ သူတို့မှာ စိတ်ဖိစီးမှုနည်းပြီး ပျော်ရွှင်လာတယ်" လို့ Izzet က ပြောပါတယ်။


အရင်ကလည်း Izzet က သူ့နွားတွေပျော်ဖို့ ဂန္တဝင်သီချင်းတွေ ဖွင့်ပေးဖူးပါတယ်။ ဒါပေမယ့် headset နဲ့ဆိုရင် နွားတွေက ပိုပျော်ပါတယ်။ အခုဆိုရင် နောက်ထပ် VR headsets ၁၀ လုံး ထပ်ဝယ်ဖို့ သူစီစဉ်ထားပါပြီ။


နွားတွေကို သီချင်းဖွင့်ပေးတာ၊ မြက်ခင်းတု ပြပေးတာက နွားနို့အရည်အသွေး ပိုကောင်းလာတဲ့အပြင် နွားနို့လည်း ပိုထွက်လာတယ်လို့ ရုရှား စိုက်ပျိုးရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်မှာ ဖော်ပြခဲ့ဖူးပါတယ်။


video

Zombie (lovemedia)

for zawgyi

ႏြားမေတြေပ်ာ္ၿပီး ႏြားႏို႔ပိုထြက္ေအာင္ ျမက္ခင္းပုံျမင္ရတဲ့ VR headset တပ္ေပးထားတဲ့ လယ္သမား

ႏြားႏို႔အထြက္တိုးဖို႔ လယ္သမားေတြက နည္းမ်ိဳးစုံနဲ႔ ႀကိဳးစားၾကပါတယ္။ ဒါေပမယ့္ လယ္သမား တစ္ေယာက္ကေတာ့ ႏြားမေတြကို VR headsets တပ္ေပးလိုက္ပါတယ္။ ႏြားမေတြ VR headsets တပ္ထားတဲ့အခါ ႏြားမေတြရဲ႕ မ်က္လုံးထဲမွာ ျမက္ခင္းျပင္ႀကီးကို ျမင္ေနရေအာင္လို႔ပါ။

အဲဒီ လယ္သမားကေတာ့ တူရကီႏိုင္ငံက Izzet Kocak ျဖစ္ပါတယ္။ ႏြားမေတြ ေပ်ာ္႐ႊင္မွ ႏြားႏို႔မ်ားမ်ား ထြက္ႏိုင္မွာကို Izzet သိတဲ့အခါ အႀကံေကာင္း ရသြားပါတယ္။

သူ႔ရဲ႕ ႏြားမႏွစ္ေကာင္ကို VR headset ေတြ တပ္ေပးၿပီး ႏြားႏို႔ထြက္ႏႈန္းကို မွတ္သားထားပါတယ္။ ႏြားမေတြကို VR headset တပ္ေပးၿပီးေနာက္မွာ ႏြားႏို႔ထြက္ႏႈန္းက တစ္ေန႔ကို ၂၂ လီတာကေန ၂၇ လီတာအထိ တိုးလာပါတယ္။

" VR headset တပ္ထားေတာ့ ျမက္ခင္းျပင္ကို ႏြားမေတြ ျမင္ရတယ္။ အဲဒီအခါ သူတို႔မွာ စိတ္ဖိစီးမႈနည္းၿပီး ေပ်ာ္႐ႊင္လာတယ္" လို႔ Izzet က ေျပာပါတယ္။

အရင္ကလည္း Izzet က သူ႔ႏြားေတြေပ်ာ္ဖို႔ ဂႏၲဝင္သီခ်င္းေတြ ဖြင့္ေပးဖူးပါတယ္။ ဒါေပမယ့္ headset နဲ႔ဆိုရင္ ႏြားေတြက ပိုေပ်ာ္ပါတယ္။ အခုဆိုရင္ ေနာက္ထပ္ VR headsets ၁၀ လုံး ထပ္ဝယ္ဖို႔ သူစီစဥ္ထားပါၿပီ။

ႏြားေတြကို သီခ်င္းဖြင့္ေပးတာ၊ ျမက္ခင္းတု ျပေပးတာက ႏြားႏို႔အရည္အေသြး ပိုေကာင္းလာတဲ့အျပင္ ႏြားႏို႔လည္း ပိုထြက္လာတယ္လို႔ ႐ုရွား စိုက္ပ်ိဳးေရးဝန္ႀကီးဌာနက ၂၀၁၉ ခုႏွစ္မွာ ေဖာ္ျပခဲ့ဖူးပါတယ္။

Zombie (lovemedia)