ဝက်ခြံပေါက်တဲ့နေရာကနေ သင့်ခန္ဓာကိုယ်မှာ ဘာဖြစ်နေလဲဆိုတာ သိနိုင်တဲ့အချက်များ

တရုတ်ဆရာဝန်တွေက လူတွေရဲ့ မျက်နှာကို "ကျန်းမာရေးအတွက် ပြတင်းပေါက်" လို့ ခေါ်ဆိုကြပါတယ်။ ဘာလို့လဲ ဆိုတော့ လူတွေရဲ့ အရေပြားဟာ ချို့ယွင်းချက်တွေနှင့် ခန္ဓာကိုယ် လုပ်ဆောင်မှုဆိုင်ရာ အပြောင်းအလဲတွေအတွက် အကဲဆတ် တုံ့ပြန်နိုင်တာကြောင့်ပါ။ ဝက်ခြံတွေပေါက်တဲ့ နေရာတွေကနေ သင့်ခန္ဓာကိုယ်မှာ ဘယ်နားက ဘာဖြစ်နေပြီဆိုတာ သိနိုင်ပါတယ်။

နဖူးနှင့် မျက်ခုံး

နဖူး ဒါမှမဟုတ် မျက်ခုံးအထက်မှာရှိတဲ့ အဖုလေးတွေဟာ အချို့သော အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ညွှန်ပြနေပါတယ်။ မျက်ခုံးကြားနှစ်ခုကြားက အဆက်လေးကလည်း အသည်းရဲ့ လုပ်ဆောင်မှုတွေကို ကိုယ်စားပြုပေးပါတယ်။

- အဆီများတဲ့ အစားအစာတွေနှင့် ကြော်ထားတဲ့ အစားအစာတွေကို ရှောင်ပြီး အရက်သောက်သုံးမှုကို လျှော့ချခြင်းအားဖြင့် ဒီအခြေအနေကို သိသိသာသာ ပြောင်းလဲနိုင်ပါတယ်။

နှာခေါင်း

နှာခေါင်းပေါ်က ဝက်ခြံတွေဟာ နှလုံးသွေးကြောစနစ်ဆိုင်ရာ ပြဿနာတွေကို ဖော်ပြပေးနေပါတယ်။ အဓိက အကြောင်းရင်းကတော့ စိတ်ဖိစီးမှုကြောင့်ပဲ ဖြစ်ပါတယ်။

- တက်ကြွတဲ့ လူနေမှုပုံစံကို ပြောင်းလဲပြီးတော့ မကြာခဏ အနားယူဖို့နှင့် အိပ်ချိန်ဇယားကို ပြောင်းလဲသင့်ပါတယ်။

နားရွက်

တရုတ်ဆရာဝန်တွေရဲ့ အဆိုအရ နားရွက်ပေါ်က အရေပြားဟာ ကျောက်ကပ်နဲ့ ဆီးစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ဆက်စပ်နေပါတယ်။

- နားရွက်မှာ ဝက်ခြံတွေတွေ့ရင် အရင်ဆုံး ဆားနဲ့ ကော်ဖီ သောက်သုံးမှုကို လျှော့ချပြီး ရေများများ သောက်သင့်ပါတယ်။

ပါးနှင့် ပါးရိုးများ

ပါးရိုးနှင့် ပါးပြင်ရဲ့ အပေါ်ပိုင်းဟာ အဆုတ်နှင့် ရင်ကျပ်ခြင်းတို့ကို ဖော်ပြနေပါတယ်။ ဒီနေရာတွေမှာ ပေါ်လာတဲ့ ဝက်ခြံတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ညွှန်ပြနေပါတယ်။ ဓာတ်မတည့်ရင်လည်း ဒီလိုမျိုးတွေ ပေါ်လာတတ်ပါတယ်။

ဒါပေမယ့် ပါးပြင်အောက်ပိုင်းမှာရှိတဲ့ အဖုတွေကတော့ သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာတွေကို ညွှန်ပြနေပါတယ်။

- ပထမဆုံးအနေနဲ့ သင့်အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို အာရုံစိုက်ပါ။ လမ်းလျှောက်ပြီး လတ်ဆတ်တဲ့လေကို ရှူပါ၊ ဆေးလိပ်ဖြတ်ပါ၊ ဆေးလိပ်သောက်တဲ့ နေရာမျိုးတွေကို ရှောင်ပါ။

- သင်ရဲ့ ခံတွင်းသန့်ရှင်းရေးကို အထူးဂရုပြုပါ။ အချိုတွေကို လျှော့စားပြီး ချိုဖျော်ရည်တွေကို မသောက်ပါနဲ့။

နှုတ်ခမ်း

ခံတွင်းတစ်ဝိုက်မှာရှိတဲ့ အရေပြားဆိုင်ရာ ပြဿနာတွေဟာ အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်နေကြောင်းကို ဖော်ပြနေပါတယ်။ အစာမကြေခြင်းနှင့် အူလမ်းကြောင်းမှာ တစ်ခုခုဖြစ်နေပြီ ဆိုတာကို ပြတဲ့သဘောပါပဲ။

- ဒါကြောင့် အဆင်သင့် စားစရာတွေ၊ ခေါက်ဆွဲဗူးတွေကို မစားပါနဲ့။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ သစ်သီးတွေနှင့် ဟင်းသီးဟင်းရွက်တွေကိုပဲ တတ်နိုင်သမျှ စားပေးပါ။

မေးစေ့

မေးစေ့နားမှာပေါက်တဲ့ အဖုလေးတွေဟာ မျိုးပွားမှုစနစ်မှာ တစ်ခုခုဖြစ်နေပြီ ဆိုတာကို ပြောပြနေပါတယ်။ ဒီအတွက် နောက်ထပ် အကြောင်းရင်းကတော့ ဟော်မုန်းဟန်ချက် မညီမှု ပြဿနာတွေနဲ့ ရာသီစက်ဝန်းရဲ့ အချို့သော ပြဿနာတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။

- မေးစေ့ပေါ်မှာ ဝက်ခြံပေါက်လာတိုင်း စိတ်ပူစရာ မလိုပါဘူး။ lotion ဒါမှမဟုတ် zinc ointment လိုမျိုး ခရင်မ်တွေကို လိမ်းပေးပါ။ မေးစေ့မှာ အမြဲတမ်း အဖုပေါက်လာရင်တော့ ဆရာဝန်ဆီသွားပြတာ ပိုကောင်းပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments