လေ့ကျင့်ခန်းလုပ်ပြီး အစားလျှော့စားပေမယ့် ကိုယ်အလေးချိန်မကျရတဲ့ အဓိကအကြောင်းအရင်းများ

လေ့ကျင့်ခန်း ပုံမှန်လုပ်ပေမယ့်၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပေမယ့် ကိုယ်အလေးချိန် မကျရတာဟာ ကော်တီဇောလို့ခေါ်တဲ့ ဟော်မုန်းထုတ်လုပ်မှုကြောင့် ဖြစ်ပါတယ်။ ကော်တီဇောဟော်မုန်းကို စိတ်ဖိစီးမှုဟော်မုန်းလို့ ခေါ်ပါသေးတယ်။

ခန္ဓာကိုယ်မှာ ကော်တီဇောဟော်မုန်း ထုတ်လုပ်မှု အရမ်းများရင် ကြွက်သားတွေ အားနည်းတာ၊ ဝမ်းဗိုက်မှာ အဆီတွေစုလာတာတွေ ကြုံတွေ့လာရနိုင်ပါတယ်။

ကော်တီဇောဟော်မုန်း မြင့်နေတဲ့ လက္ခဏာတွေကတော့

- ဒေါသဖြစ်လွယ်၊ စိတ်ဓါတ်ကျလွယ်၊ စိတ်ဆတ်လွယ်ခြင်း

- ဘာမှပင်ပင်ပန်းပန်း မလုပ်ဘဲနဲ့ အမြဲပင်ပန်းနေခြင်း

- ခေါင်းကိုက်ခြင်း

- ရင်တုန်ခြင်း၊ သွေးတိုးခြင်း

- အစားစားချင်စိတ်နည်းပါးခြင်း

- ရုတ်တရက် ကိုယ်အလေးချိန် တိုးလာခြင်း

- အစာချေဖျက်မှု ပြဿနာ

- မကြာခဏ ဆီးသွားခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းလျှောခြင်း

- အိပ်မပျော်ခြင်း

- မှတ်ဉာဏ်အားနည်းလာခြင်း

- ကိုယ်ခံအားနည်းလာခြင်း

- မျက်နှာမှာ အမွေးအမျှင်နဲ့ အရေးအကြောင်းတွေ ပေါ်လာခြင်း

- မျက်နှာရောင်ပြီး လည်ပင်းမှာ အဆီတွေ စုလာခြင်း စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

ကော်တီဇောဟော်မုန်းကို လျော့သွားစေမယ့် နည်းလမ်းတွေလည်း ရှိပါတယ်။

၁။ ကဖိန်းဓါတ်ပါတဲ့ သောက်စရာများ၊ အရက်၊ ဘီယာ၊ သကြားဓါတ်များတဲ့ စားသောက်စရာ၊ နို့ဆီ၊ ပိုတက်ဆီယမ်များတဲ့ အစားအစာတွေကို ရှောင်ရှားသင့်ပါတယ်။

၂။ မက်ကရယ်ငါး၊ ငါးသလောက်၊ ငါးရှဉ့်တွေမှာ phosphatidylserines ပါဝင်ပါတယ်။ Phosphatidylserines က ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေကို ကာကွယ်ပေးထားတဲ့ အဆီတစ်မျိုးဖြစ်ပြီး အဓိက တာဝန်ကတော့ ဦးနှောက်မှာရှိတဲ့ အာရုံကြောဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာတွေကို အလွန်အထောက်အကူ ပြုပေးပါတယ်။ ကြက်သား၊ ကြက်ဥ၊ ဆန်လုံးညို၊ ရွှေဖရုံသီး၊ နွားနို့၊ အုတ်ဂျုံမှုန့်၊ ပဲ၊ နေကြာစေ့တွေကိုလည်း စားပေးနိုင်ပါတယ်။

၃။ ကော်တီဇောဟော်မုန်း မထွက်အောင်လို့ မနက်စာ မစားတာ၊ ညစာမစားတာတွေကို မလုပ်သင့်ပါဘူး။

၄။ တစ်ပတ်ကို ၃ ကြိမ်၊ တစ်ကြိမ်ကို မိနစ် ၅၀ ထက်မပိုဘဲ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ လေ့ကျင့်ခန်းအလွန်အကျွံလုပ်ရင်လည်း ကော်တီဇောဟော်မုန်းပိုထွက်ပါတယ်။ ၇ ရက်ဆက်တိုက် လေ့ကျင့်ခန်း မလုပ်ဘဲ ကြားထဲမှာ နားရက်ယူပါ။

၅။ ကော်တီဇောဟော်မုန်း ထုတ်လုပ်မှု နည်းသွားအောင် တစ်နေ့ကို အိပ်ချိန် ၈ နာရီနဲ့ ၁၀ နာရီကြား ရှိသင့်ပါတယ်။

၆။ အနားယူချိန်မှာ တရားထိုင်တာ၊ ယောဂကျင့်တာမျိုး ပြုလုပ်ပါ။

၇။ အားဖြည့်အချိုရည်တွေ၊ ကဖိန်းဓါတ်ပါတဲ့ သောက်စရာတွေ၊ အရက်ဘီယာတွေကို ရှောင်ပါ။

၈။ စိတ်ဖိစီးမှုတွေ လျော့စေမယ့် ဗီတာမင် C၊ ဗီတာမင် B5၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် A၊ ဇင့်၊ ဂျင်ဆင်း၊ နွယ်ချို၊ ခရိုမီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်ဆီယမ်၊ ချာမိုမိုင်းနဲ့ အုတ်ဂျုံမှုန့်တို့ကို စားသုံးပေးပါ။

၉။ ရေဓါတ်ပြည့်ဝဖို့က အရမ်းအရေးကြီးပါတယ်။ မနက်အိပ်ရာ ထထချင်းမှ ရေအပြည့်တစ်ခွက် သောက်ပါ။ တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာခန့် သောက်ပေးပါ။

Zombei (lovemedia)

Post a Comment

0 Comments