အရာရာတိုင်းက ထင်သလို မဟုတ်ပါ

တခါတုန်းက နတ်သမီးနှစ်ပါးဟာ ခရီးသွားနေရင်း ညအိပ်နားနေဖို့ အတွက် ချမ်းသာတဲ့ မိသားစုအိမ်မှာ အကူအညီ တောင်းပါတယ်။ ချမ်းသာတဲ့ မိသားစုက အရမ်း မိုက်ရိုင်းပြီး နတ်သမီးတွေကို အိမ်ထဲ အဝင်မခံပါဘူး။ မြေအောက်ခန်းမှာပဲ ပေးနားပါတယ်။

နတ်သမီးနှစ်ပါးလည်း အိပ်ဖို့ ပြင်ဆင်နေချိန်မှာပဲ နတ်သမီးအကြီးက မြေအောက်ခန်း နံရံမှာ အပေါက်တပေါက် တွေ့လို့ ပိတ်ပေးလိုက်ပါတယ်။

နတ်သမီးအငယ်က ဘာလို့ အဲဒီလို လုပ်တာလဲ မေးတော့ နတ်သမီးအကြီးက "အရာရာတိုင်းက ညီမလေး ထင်သလို မဟုတ်ပါဘူး" လို့ပဲ ဖြေခဲ့တယ်။

နောက်တနေ့ ညမှာတော့ နတ်သမီးနှစ်ပါးဟာ ဆင်းရဲတဲ့အိမ်မှာ ဝင်နားဖြစ် ပါတယ်။ အဲဒီအိမ်က လယ်သမား လင်မယားအိမ် ဖြစ်ပြီး သူတို့ကို လှိုက်လှဲစွာ ကြိုဆိုကြ ပါတယ်။ အစားအစာ နည်းပါး ပေမယ့်လည်း ဝေမျှပါတယ်။ သူတို့ရဲ့ ကုတင်ပေါ်မှာ နတ်သမီးတွေကို ပေးအိပ် ပါတယ်။

ဒါပေမယ့် နံနက် လင်းတဲ့ အချိန်မှာတော့ လယ်သမား လင်မယားက ငိုကြွေးနေ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ အားကိုးနေရတဲ့ တကောင်တည်းသော နွားကြီး သေဆုံးသွားလို့ပါ။ နတ်သမီး အငယ်က အကြီးကို အပြစ်တင်ပါတယ်။

"အမ ဘာလို့ ဒီလို လုပ်ရတာလဲ။ ချမ်းသာတဲ့ အိမ်မှာ နေတုန်း ကတော့ သူတို့အိမ် အပေါက်ကို ဖာပေးတယ်။ ဒီဆင်းရဲတဲ့ အိမ်မှာကျတော့ သူတို့ နွားကို သေစေတယ်။ အမ ဘာလို့ မကူညီတာလဲ"

နတ်သမီးအကြီးက "အရာရာတိုင်းက ညီမလေး ထင်သလို မဟုတ်ပါဘူး။ ချမ်းသာတဲ့ အိမ်ရဲ့ မြေတိုက်ခန်းက အပေါက်ကိုအမ ပိတ်လိုက်တာက အဲဒီအပေါက်ထဲမှာ ရွှေတွေကို တွေ့ရလို့ပါ။ တကယ်လို့ ရွှေတွေသာ ထပ်ရခဲ့ရင် အဲဒီ ချမ်းသာတဲ့ မိသားစုက ပိုပြီးမောက်မာသွားမှာ စိုးလို့ အမ ပိတ်လိုက်တာပါ။

ဒီလယ်သမား လင်မယားကတော့ ညဖက်တုန်းက သေမင်းက လယ်သမားမယားကို ခေါ်ဖို့ လာပါတယ်။ အမက သူတို့က စိတ်ကောင်းရှိသူတွေပါ၊ လယ်ထဲက နွားကိုပဲ အစားခေါ်သွားပါ ဆိုပြီး တောင်းပန်လိုက် တာပါ။ အရာရာတိုင်းက ညီမလေး ထင်သလို မဟုတ်ပါဘူး" ဆိုပြီး ရှင်းပြလိုက် ပါတော့တယ်။

တခါတလေမှာ လူတွေက ကိုယ့်ပေါ်မှာ ဖြစ်ပျက်လာတဲ့ မကောင်းမှုကိုပဲ အကျယ်ချဲ့ပြီး မြင်တတ်ကြ ပါတယ်။ အဲဒီ မကောင်းမှုက ကောင်းမှုတခုအတွက် ဖြစ်ပေါ်လာတာ ဖြစ်နိုင်တယ် ဆိုတာကို မေ့နေတတ် ကြပါတယ်။

တခါတလေမှာလည်း သေးငယ်တဲ့ အောင်မြင်မှုအတွက် ပျော်ရွှင်နေ တတ်ပါတယ်။ ဒါပေမယ့် သေးငယ်တဲ့ အောင်မြင်မှု ရလိုက်တာဟာကြီးမားတဲ့ အောင်မြင်မှုတခု ဆုံးရှုံးလိုက်တာ ဖြစ်နိုင်တယ် ဆိုတာကိုလည်း သတိမူ သင့်ပါတယ်။

Academictips

Zawgyi

အရာရာတိုင္းက ထင္သလို မဟုတ္ပါ

တခါတုန္းက နတ္သမီးႏွစ္ပါးဟာ ခရီးသြားေနရင္း ညအိပ္နားေနဖို႔ အတြက္ ခ်မ္းသာတဲ့ မိသားစုအိမ္မွာ အကူအညီ ေတာင္းပါတယ္။ ခ်မ္းသာတဲ့ မိသားစုက အရမ္း မိုက္႐ိုင္းၿပီး နတ္သမီးေတြကို အိမ္ထဲ အဝင္မခံပါဘူး။ ေျမေအာက္ခန္းမွာပဲ ေပးနားပါတယ္။

နတ္သမီးႏွစ္ပါးလည္း အိပ္ဖို႔ ျပင္ဆင္ေနခ်ိန္မွာပဲ နတ္သမီးအႀကီးက ေျမေအာက္ခန္း နံရံမွာ အေပါက္တေပါက္ ေတြ႕လို႔ ပိတ္ေပးလိုက္ပါတယ္။ နတ္သမီးအငယ္က ဘာလို႔ အဲဒီလို လုပ္တာလဲ ေမးေတာ့ နတ္သမီးအႀကီးက "အရာရာတိုင္းက ညီမေလး ထင္သလို မဟုတ္ပါဘူး" လို႔ပဲ ေျဖခဲ့တယ္။

ေနာက္တေန႔ ညမွာေတာ့ နတ္သမီးႏွစ္ပါးဟာ ဆင္းရဲတဲ့အိမ္မွာ ဝင္နားျဖစ္ ပါတယ္။ အဲဒီအိမ္က လယ္သမား လင္မယားအိမ္ ျဖစ္ၿပီး သူတို႔ကို လႈိက္လွဲစြာ ႀကိဳဆိုၾက ပါတယ္။ အစားအစာ နည္းပါး ေပမယ့္လည္း ေဝမွ်ပါတယ္။ သူတို႔ရဲ႕ ကုတင္ေပၚမွာ နတ္သမီးေတြကို ေပးအိပ္ ပါတယ္။

ဒါေပမယ့္ နံနက္ လင္းတဲ့ အခ်ိန္မွာေတာ့ လယ္သမားလင္မယားက ငိုေႂကြးေန ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ သူတို႔ အားကိုးေနရတဲ့ တေကာင္တည္းေသာ ႏြားႀကီး ေသဆုံးသြားလို႔ပါ။ နတ္သမီး အငယ္က အႀကီးကို အျပစ္တင္ပါတယ္။

"အမ ဘာလို႔ ဒီလို လုပ္ရတာလဲ။ ခ်မ္းသာတဲ့ အိမ္မွာ ေနတုန္း ကေတာ့ သူတို႔အိမ္ အေပါက္ကို ဖာေပးတယ္။ ဒီဆင္းရဲတဲ့ အိမ္မွာက်ေတာ့ သူတို႔ ႏြားကို ေသေစတယ္။ အမ ဘာလို႔ မကူညီတာလဲ"

နတ္သမီးအႀကီးက "အရာရာတိုင္းက ညီမေလး ထင္သလို မဟုတ္ပါဘူး။ ခ်မ္းသာတဲ့ အိမ္ရဲ႕ ေျမတိုက္ခန္းက အေပါက္ကိုအမ ပိတ္လိုက္တာက အဲဒီအေပါက္ထဲမွာ ေ႐ႊေတြကို ေတြ႕ရလို႔ပါ။ တကယ္လို႔ ေ႐ႊေတြသာ ထပ္ရခဲ့ရင္ အဲဒီ ခ်မ္းသာတဲ့ မိသားစုက ပိုၿပီးေမာက္မာသြားမွာ စိုးလို႔ အမ ပိတ္လိုက္တာပါ။

ဒီလယ္သမား လင္မယားကေတာ့ ညဖက္တုန္းက ေသမင္းက လယ္သမားမယားကို ေခၚဖို႔ လာပါတယ္။ အမက သူတို႔က စိတ္ေကာင္းရွိသူေတြပါ၊ လယ္ထဲက ႏြားကိုပဲ အစားေခၚသြားပါ ဆိုၿပီး ေတာင္းပန္လိုက္ တာပါ။ အရာရာတိုင္းက ညီမေလး ထင္သလို မဟုတ္ပါဘူး" ဆိုၿပီး ရွင္းျပလိုက္ ပါေတာ့တယ္။

တခါတေလမွာ လူေတြက ကိုယ့္ေပၚမွာ ျဖစ္ပ်က္လာတဲ့ မေကာင္းမႈကိုပဲ အက်ယ္ခ်ဲ႕ၿပီး ျမင္တတ္ၾက ပါတယ္။ အဲဒီ မေကာင္းမႈက ေကာင္းမႈတခုအတြက္ ျဖစ္ေပၚလာတာ ျဖစ္ႏိုင္တယ္ ဆိုတာကို ေမ့ေနတတ္ ၾကပါတယ္။

တခါတေလမွာလည္း ေသးငယ္တဲ့ ေအာင္ျမင္မႈအတြက္ ေပ်ာ္႐ႊင္ေန တတ္ပါတယ္။ ဒါေပမယ့္ ေသးငယ္တဲ့ ေအာင္ျမင္မႈ ရလိုက္တာဟာႀကီးမားတဲ့ ေအာင္ျမင္မႈတခု ဆုံးရႈံးလိုက္တာ ျဖစ္ႏိုင္တယ္ ဆိုတာကိုလည္း သတိမူ သင့္ပါတယ္။

Academictips

Post a Comment

0 Comments