ကျမကွဲပါစေနဲ့

အက်ဒီဆင်ဟာ မီးလုံးကို တီထွင်ပြီး ခါစမှာ သူ့ရဲ့ တီထွင်မှုကို မိတ်ဆက်ဖို့ စာနယ်ဇင်း သမားတွေကို ဖိတ်ခေါ်လိုက် ပါတယ်။ စာနယ်ဇင်းသမားတွေ ရောက်လာပြီး အားလုံး အဆင်သင့် ဖြစ်တဲ့ အချိန်မှာတော့ အက်ဒီဆင်က သူအိမ်က အလုပ်သမား ကောင်လေးတယောက်ကို သူ့ရဲ့မီးလုံးကို သွားယူခိုင်း ပါတယ်။

ကောင်လေးဟာ မီးလုံးကို ယူလာပြီး ရောက်ခါနီးမှ ခလုတ်တိုက် လဲကျပြီး မီးလုံးဟာ ကျကွဲ သွားပါတယ်။ ဒီမီးလုံးဟာ အက်ဒီဆင် အကြိမ်ပေါင်း များစွာ ကြိုးစား အားထုတ်ခဲ့တာ အားလုံးသိပါတယ်။

ဒါပေမယ့် အင်ဒီဆင် ကတော့ ကောင်လေးကို ဘာမှ မပြောဘဲ စာနယ်ဇင်းသမားတွေကိုသာ တောင်းပန်လိုက် ပါတယ်။ သူအသစ် ထပ်မံ ပြုလုပ်ပြီးရင် ပြန်လည် ဖိတ်ကြား ပါ့မယ်ပေါ့။

ကောင်လေး ကတော့ သူ့ရဲ့ နမော်နမဲ့ နိုင်မှုကြောင့် ဒီလို ဖြစ်သွားရတာကို စိုးရိမ် ကြောက်ရွံ့နေ ပါသတဲ့။

အက်ဒီဆင် ဟာလည်း ဒီမီးလုံးကို ထပ်မံ ပြုလုပ်ဖို့ရာ လနဲ့ချီပြီး အချိန်ယူ လုပ်ဆောင် လိုက်ရပါသတဲ့။ မီးလုံး ပြီးသွားချိန် မှာတော့ စာနယ်ဇင်းသမားတွေကို ထပ်မံ ဖိတ်ခေါ်လိုက် ပြန်ပါသတဲ့။

သတင်းထောက်တွေ ရောက်လာပြီး အားလုံး အဆင်သင့် ဖြစ်ချိန် မှာတော့ သူရဲ့ မီးလုံးကို သွားယူဖို့ရာ ယခင် ကောင်လေးကိုပဲ သွားယူခိုင်း ပြန်ပါတယ်။

ဒီတခါမှာ ကောင်လေးဟာ ဝမ်းသာအားရ သေသေချာချာ ဂရုစိုက်ပြီး ယူလာခဲ့ပါတယ်။ စာနယ်ဇင်း မိတ်ဆက်ပွဲ ပြီးဆုံးချိန် မှာတော့ သတင်း ထောက် တချို့က မေးပါတယ်။

"မစ္စတာအက်ဒီဆင် ခင်ဗျား၊ မီးလုံး သွားယူတဲ့ ကောင်လေးဟာ ဟိုတခါ သူ့ကြောင့် မီးလုံး ကျကွဲ သွားဖူးတယ်မဟုတ်လား။ ဆရာ့မှာ တခြား ခိုင်းစရာလူတွေ အများကြီးရှိတဲ့ အနက်က ဒီကောင်လေးကိုပဲ ဘာလို့ ပြန်ခိုင်းရတာလဲ။ ဒီတခါ ကျကွဲသွားရင် နောက်တခါ အချိန် အများကြီး ပြန်ယူရမှာ မစိုးရိမ်ဘူးလား" လို့ မေးပါသတဲ့။

အဲ့ဒီအခါမှာ အက်ဒီဆင်က "ကျုပ် တမင်တကာ သူ့ကို ခိုင်းလိုက်တာဗျ။ မီးလုံး ထပ်ကွဲ သွားရင် ကျုပ် ပြန်လုပ်လို့ ရပါတယ်။ ဒါပေမယ့် ဒီတခါ ဒီကောင်လေးကို အခွင့်အရေး ပေးပြီး ထပ်မခိုင်းမိခဲ့ရင် ဒီကောင်လေးရဲ့ နှလုံးသား ကျကွဲသွားမှာဗျ" လို့ ပြန်ဖြေလိုက် ပါတော့သတဲ့။

နှလုံးသား ဆိုတာ အင်မတန် နူးညံ့ပါတယ်။ ကွဲကြေသွားတဲ့ နှလုံးသားကို ပြန်လည် ကုစားဖို့ ဆိုတာ အချိန်ကာလ သတ်မှတ်လို့ မရနိုင်ပါဘူး။ ကိုယ့်ကြောင့် ဘယ်သူ့ ဘယ်သူရဲ့ နှလုံးသားကိုမှ မကွဲကြေ ပါစေနဲ့။

crd

Zawgyi

က်မကြဲပါေစနဲ့

အက္ဒီဆင္ဟာ မီးလုံးကို တီထြင္ၿပီး ခါစမွာ သူ႔ရဲ႕ တီထြင္မႈကို မိတ္ဆက္ဖို႔ စာနယ္ဇင္း သမားေတြကို ဖိတ္ေခၚလိုက္ ပါတယ္။ စာနယ္ဇင္းသမားေတြ ေရာက္လာၿပီး အားလုံး အဆင္သင့္ ျဖစ္တဲ့ အခ်ိန္မွာေတာ့ အက္ဒီဆင္က သူအိမ္က အလုပ္သမား ေကာင္ေလးတေယာက္ကို သူ႔ရဲ႕မီးလုံးကို သြားယူခိုင္း ပါတယ္။

ေကာင္ေလးဟာ မီးလုံးကို ယူလာၿပီး ေရာက္ခါနီးမွ ခလုတ္တိုက္ လဲက်ၿပီး မီးလုံးဟာ က်ကြဲ သြားပါတယ္။ ဒီမီးလုံးဟာ အက္ဒီဆင္ အႀကိမ္ေပါင္း မ်ားစြာ ႀကိဳးစား အားထုတ္ခဲ့တာ အားလုံးသိပါတယ္။

ဒါေပမယ့္ အင္ဒီဆင္ ကေတာ့ ေကာင္ေလးကို ဘာမွ မေျပာဘဲ စာနယ္ဇင္းသမားေတြကိုသာ ေတာင္းပန္လိုက္ ပါတယ္။ သူအသစ္ ထပ္မံ ျပဳလုပ္ၿပီးရင္ ျပန္လည္ ဖိတ္ၾကား ပါ့မယ္ေပါ့။

ေကာင္ေလး ကေတာ့ သူ႔ရဲ႕ နေမာ္နမဲ့ ႏိုင္မႈေၾကာင့္ ဒီလို ျဖစ္သြားရတာကို စိုးရိမ္ ေၾကာက္႐ြံ႕ေန ပါသတဲ့။

အက္ဒီဆင္ ဟာလည္း ဒီမီးလုံးကို ထပ္မံ ျပဳလုပ္ဖို႔ရာ လနဲ႔ခ်ီၿပီး အခ်ိန္ယူ လုပ္ေဆာင္ လိုက္ရပါသတဲ့။ မီးလုံး ၿပီးသြားခ်ိန္ မွာေတာ့ စာနယ္ဇင္းသမားေတြကို ထပ္မံ ဖိတ္ေခၚလိုက္ ျပန္ပါသတဲ့။

သတင္းေထာက္ေတြ ေရာက္လာၿပီး အားလုံး အဆင္သင့္ ျဖစ္ခ်ိန္ မွာေတာ့ သူရဲ႕ မီးလုံးကို သြားယူဖို႔ရာ ယခင္ ေကာင္ေလးကိုပဲ သြားယူခိုင္း ျပန္ပါတယ္။

ဒီတခါမွာ ေကာင္ေလးဟာ ဝမ္းသာအားရ ေသေသခ်ာခ်ာ ဂ႐ုစိုက္ၿပီး ယူလာခဲ့ပါတယ္။ စာနယ္ဇင္း မိတ္ဆက္ပြဲ ၿပီးဆုံးခ်ိန္ မွာေတာ့ သတင္း ေထာက္ တခ်ိဳ႕က ေမးပါတယ္။

"မစၥတာအက္ဒီဆင္ ခင္ဗ်ား၊ မီးလုံး သြားယူတဲ့ ေကာင္ေလးဟာ ဟိုတခါ သူ႔ေၾကာင့္ မီးလုံး က်ကြဲ သြားဖူးတယ္မဟုတ္လား။ ဆရာ့မွာ တျခား ခိုင္းစရာလူေတြ အမ်ားႀကီးရွိတဲ့ အနက္က ဒီေကာင္ေလးကိုပဲ ဘာလို႔ ျပန္ခိုင္းရတာလဲ။ ဒီတခါ က်ကြဲသြားရင္ ေနာက္တခါ အခ်ိန္ အမ်ားႀကီး ျပန္ယူရမွာ မစိုးရိမ္ဘူးလား" လို႔ ေမးပါသတဲ့။

အဲ့ဒီအခါမွာ အက္ဒီဆင္က "က်ဳပ္ တမင္တကာ သူ႔ကို ခိုင္းလိုက္တာဗ်။ မီးလုံး ထပ္ကြဲ သြားရင္ က်ဳပ္ ျပန္လုပ္လို႔ ရပါတယ္။ ဒါေပမယ့္ ဒီတခါ ဒီေကာင္ေလးကို အခြင့္အေရး ေပးၿပီး ထပ္မခိုင္းမိခဲ့ရင္ ဒီေကာင္ေလးရဲ႕ ႏွလုံးသား က်ကြဲသြားမွာဗ်" လို႔ ျပန္ေျဖလိုက္ ပါေတာ့သတဲ့။

ႏွလုံးသား ဆိုတာ အင္မတန္ ႏူးညံ့ပါတယ္။ ကြဲေၾကသြားတဲ့ ႏွလုံးသားကို ျပန္လည္ ကုစားဖို႔ ဆိုတာ အခ်ိန္ကာလ သတ္မွတ္လို႔ မရႏိုင္ပါဘူး။ ကိုယ့္ေၾကာင့္ ဘယ္သူ႔ ဘယ္သူရဲ႕ ႏွလုံးသားကိုမွ မကြဲေၾက ပါေစနဲ႔။

crd

Post a Comment

0 Comments