ကိုယ့်အိမ်မက်ကို ကိုယ်တိုင် အဆုံးသတ်ပါ

တခါတုန်းက မြင်းထိန်းသမား တယောက်ရဲ့ သားလေးဟာ ကျောင်းမှာ စာစီစာကုံး‌ ရေးဖို့ ကြုံရပါတယ်။ သူ့ဘဝရဲ့ ရည်ရွယ်ချက် အကြောင်းကို စာစီစာကုံး ၇ မျက်နှာခန့် ရေးပြီး ဆရာမကို ပြလိုက်ပါတယ်။

ဒါပေမယ့် ဆရာမက လက်တွေ့နဲ့ နီးစပ်မှု မရှိဘူး ဆိုပြီး အမှတ် မပေးဘဲ ပြန်ပြင်ရေးဖို့ စာစီစာကုံး စာအုပ်ကို အိမ်ကို ပြန်ပေးလိုက် ပါတယ်။

"ငွေလည်း အလုံအလောက် မရှိ၊ အိမ်တွေ ခြံတွေတောင် မပိုင်တဲ့ လူက ဘာလို့ ခြံအကျယ်ကြီး ပိုင်ဆိုင်ဖို့ ဖြစ်နိုင်ပါ့မလဲ" လို့ ဆရာမက ပြောလိုက်ပါတယ်။ သနားစရာ ကောင်းတဲ့ ကောင်လေးဟာ သူ့ရဲ့ အဖေကို အဲဒီအကြောင်း ပြောပြပြီး သူ့အဖေကို စာစီစာကုံးကို ဖတ်ပြလိုက်ပါတယ်။

သူ့ရဲ့ရည်မှန်းချက်ဟာ မြင်းတွေ အများကြီး ပိုင်တဲ့ ပိုင်ရှင်ကြီး ဖြစ်လိုကြောင်း၊ ခြံအကျယ်ကြီး တခုထဲမှာ တိရိစ္ဆန်တွေ အများကြီး မွေးချင်ကြောင်း၊ အဲဒီခြံကြီး ပိုင်ဆိုင်ချင်ကြောင်း၊ အဲဒါ ဆိုရင်တော့ သူ့အဖေနဲ့ သူဟာ မကြာခဏ အိမ်ပြောင်းစရာ မလိုတော့ဘဲ အဲဒီ ခြံကြီးထဲမှာပဲ မြင်းတွေ မွေးရမှာ ဖြစ်ကြောင်း တွေကို စိတ်ကူး ယဉ်ပြီး ‌ရေးထားတာ ဖြစ်ပါတယ်။

သားဖြစ်သူရဲ့ စာစီစာကုံးကို နားထောင်ပြီးတဲ့ အခါ အဖေ လုပ်သူက သားကို ပြောလိုက် ပါတယ်။ "ဟုတ်ပြီ ငါ့သား၊ စာစီစာကုံးထဲမှာ ရေးထားသလို ဖြစ်ချင်တယ် ဆိုရင် နိဂုံးဟာ မင်းလက်ထဲ မှာသာ ရှိတာပဲ။ အဆုံးသတ်မှာ မင်းဟာ တကယ်ပဲ ခြံပိုင်ရှင် သူဌေးကြီး ဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာ ဘယ်သူကမှ မသိနိုင်တဲ့ မင်းစာစီစာကုံးရဲ့ နိဂုံးပဲ။

ဒီစာစီစာကုံးကို မပြင်ဘဲ မင်းဆရာမဆီ ပြန်ယူ သွားပြ လိုက်ပါ။ အချိန်တန် မင်းဟာ ဘယ်လို နိဂုံးမျိုးနဲ့ အဆုံးသတ်နိုင်လဲ ဆိုတာ မင်းလက်ထဲ မှာပဲ ရှိတာမို့ မင်းဟာမင်း ဆုံးဖြတ်ပါ" လို့ ပြန်ပြောခဲ့ ပါတယ်။

ကောင်လေးဟာလည်း သူ့ဆရာမ ထံကို အဲဒီ စာစီစာကုံးကို ပြန်ယူသွားခဲ့ပြီး အဲဒီအတိုင်းပဲ ပေးလိုက် ပါတော့တယ်။

ကောင်လေးက ဆရာမကို "ဆရာမက နောက်ဆုံးအဆင့် အနေနဲ့ သတ်မှတ်လည်း ဒီစာစီစာကုံးကို ကျွန်တော် မပြင်နိုင်ပါဘူး။ ဘိတ်ချေး နေရာကို ရပါစေ၊ ကျွန်တော့်အိပ်မက်ကို ကျွန်တော်ကိုယ်တိုင် အဆုံးသတ်ပြမှာပါ" လို့ ပြန်ပြောခဲ့ပါတယ်။

နောင် နှစ်ပေါင်းများစွာ ကြာတဲ့ အချိန်မှာ မြင်းထိန်းသမားရဲ့ သားလေးဟာ တကယ်ပဲ ခြံအကျယ်ကြီးကို ပိုင်ဆိုင်ပြီး တိရိစ္ဆာန်တွေ အများကြီးပိုင်တဲ့ ခြံပိုင်ရှင်ကြီး ဖြစ်အောင် ကြိုးစားနိုင်ခဲ့ ပါသတဲ့။ သူ့ဘဝရဲ့ နိဂုံး၊ သူရေးခဲ့တဲ့ စာစီစာကုံးရဲ့ အဆုံးသတ်ကို သူဟာ လှပစွာ နိဂုံးချုပ်နိုင် ခဲ့ပါတယ်။

ဒီပုံပြင်ထဲက လိုတော့ ဘဝက မကြာမီမျှော် ဆိုပြီး ဇာတ်သိမ်းလှလှလေး သိမ်းသွားမှာ မဟုတ်ပေမယ့် ဘဝရဲ့ အချို့အရာတွေမှာ ကိုယ့်ရဲ့ ဖြစ်ချင်စိတ်၊ ဖြစ်အောင်လုပ်မယ် ဆိုတဲ့ စိတ်က အရေးကြီးပါတယ်။ မလွယ်ပေမယ့်လည်း ဖြစ်အောင် လုပ်နိုင်ခဲ့ သူတွေ အများကြီးပါပဲ။

ဘဝကို နိဂုံးချုပ်လှဖို့၊ ဇာတ်သိမ်း လှဖို့ဟာ ကျွန်တော်တို့ ဖြစ်ချင်တာတွေ ဖြစ်အောင် လုပ်ဖို့ ဆိုတာက ကျွန်တော်တို့ လက်ထဲမှာပါပဲ ရှိပါတယ်။

Crd

Zawgyi

ကိုယ့္အိမ္မက္ကို ကိုယ္တိုင္ အဆုံးသတ္ပါ

တခါတုန္းက ျမင္းထိန္းသမား တေယာက္ရဲ႕ သားေလးဟာ ေက်ာင္းမွာ စာစီစာကုံး‌ ေရးဖို႔ ႀကဳံရပါတယ္။ သူ႔ဘဝရဲ႕ ရည္႐ြယ္ခ်က္ အေၾကာင္းကို စာစီစာကုံး ၇ မ်က္ႏွာခန႔္ ေရးၿပီး ဆရာမကို ျပလိုက္ပါတယ္။

ဒါေပမယ့္ ဆရာမက လက္ေတြ႕နဲ႔ နီးစပ္မႈ မရွိဘူး ဆိုၿပီး အမွတ္ မေပးဘဲ ျပန္ျပင္ေရးဖို႔ စာစီစာကုံး စာအုပ္ကို အိမ္ကို ျပန္ေပးလိုက္ ပါတယ္။

"ေငြလည္း အလုံအေလာက္ မရွိ၊ အိမ္ေတြ ၿခံေတြေတာင္ မပိုင္တဲ့ လူက ဘာလို႔ ၿခံအက်ယ္ႀကီး ပိုင္ဆိုင္ဖို႔ ျဖစ္ႏိုင္ပါ့မလဲ" လို႔ ဆရာမက ေျပာလိုက္ပါတယ္။ သနားစရာ ေကာင္းတဲ့ ေကာင္ေလးဟာ သူ႔ရဲ႕ အေဖကို အဲဒီအေၾကာင္း ေျပာျပၿပီး သူ႔အေဖကို စာစီစာကုံးကို ဖတ္ျပလိုက္ပါတယ္။

သူ႔ရဲ႕ရည္မွန္းခ်က္ဟာ ျမင္းေတြ အမ်ားႀကီး ပိုင္တဲ့ ပိုင္ရွင္ႀကီး ျဖစ္လိုေၾကာင္း၊ ၿခံအက်ယ္ႀကီး တခုထဲမွာ တိရိစၦန္ေတြ အမ်ားႀကီး ေမြးခ်င္ေၾကာင္း၊ အဲဒီၿခံႀကီး ပိုင္ဆိုင္ခ်င္ေၾကာင္း၊ အဲဒါ ဆိုရင္ေတာ့ သူ႔အေဖနဲ႔ သူဟာ မၾကာခဏ အိမ္ေျပာင္းစရာ မလိုေတာ့ဘဲ အဲဒီ ၿခံႀကီးထဲမွာပဲ ျမင္းေတြ ေမြးရမွာ ျဖစ္ေၾကာင္း ေတြကို စိတ္ကူး ယဥ္ၿပီး ‌ေရးထားတာ ျဖစ္ပါတယ္။

သားျဖစ္သူရဲ႕ စာစီစာကုံးကို နားေထာင္ၿပီးတဲ့ အခါ အေဖ လုပ္သူက သားကို ေျပာလိုက္ ပါတယ္။ "ဟုတ္ၿပီ ငါ့သား၊ စာစီစာကုံးထဲမွာ ေရးထားသလို ျဖစ္ခ်င္တယ္ ဆိုရင္ နိဂုံးဟာ မင္းလက္ထဲ မွာသာ ရွိတာပဲ။ အဆုံးသတ္မွာ မင္းဟာ တကယ္ပဲ ၿခံပိုင္ရွင္ သူေဌးႀကီး ျဖစ္မလား၊ မျဖစ္ဘူးလား ဆိုတာ ဘယ္သူကမွ မသိႏိုင္တဲ့ မင္းစာစီစာကုံးရဲ႕ နိဂုံးပဲ။

ဒီစာစီစာကုံးကို မျပင္ဘဲ မင္းဆရာမဆီ ျပန္ယူ သြားျပ လိုက္ပါ။ အခ်ိန္တန္ မင္းဟာ ဘယ္လို နိဂုံးမ်ိဳးနဲ႔ အဆုံးသတ္ႏိုင္လဲ ဆိုတာ မင္းလက္ထဲ မွာပဲ ရွိတာမို႔ မင္းဟာမင္း ဆုံးျဖတ္ပါ" လို႔ ျပန္ေျပာခဲ့ ပါတယ္။ ေကာင္ေလးဟာလည္း သူ႔ဆရာမ ထံကို အဲဒီ စာစီစာကုံးကို ျပန္ယူသြားခဲ့ၿပီး အဲဒီအတိုင္းပဲ ေပးလိုက္ ပါေတာ့တယ္။

ေကာင္ေလးက ဆရာမကို "ဆရာမက ေနာက္ဆုံးအဆင့္ အေနနဲ႔ သတ္မွတ္လည္း ဒီစာစီစာကုံးကို ကြၽန္ေတာ္ မျပင္ႏိုင္ပါဘူး။ ဘိတ္ေခ်း ေနရာကို ရပါေစ၊ ကြၽန္ေတာ့္အိပ္မက္ကို ကြၽန္ေတာ္ကိုယ္တိုင္ အဆုံးသတ္ျပမွာပါ" လို႔ ျပန္ေျပာခဲ့ပါတယ္။

ေနာင္ ႏွစ္ေပါင္းမ်ားစြာ ၾကာတဲ့ အခ်ိန္မွာ ျမင္းထိန္းသမားရဲ႕ သားေလးဟာ တကယ္ပဲ ၿခံအက်ယ္ႀကီးကို ပိုင္ဆိုင္ၿပီး တိရိစာၦန္ေတြ အမ်ားႀကီးပိုင္တဲ့ ၿခံပိုင္ရွင္ႀကီး ျဖစ္ေအာင္ ႀကိဳးစားႏိုင္ခဲ့ ပါသတဲ့။ သူ႔ဘဝရဲ႕ နိဂုံး၊ သူေရးခဲ့တဲ့ စာစီစာကုံးရဲ႕ အဆုံးသတ္ကို သူဟာ လွပစြာ နိဂုံးခ်ဳပ္ႏိုင္ ခဲ့ပါတယ္။

ဒီပုံျပင္ထဲက လိုေတာ့ ဘဝက မၾကာမီေမွ်ာ္ ဆိုၿပီး ဇာတ္သိမ္းလွလွေလး သိမ္းသြားမွာ မဟုတ္ေပမယ့္ ဘဝရဲ႕ အခ်ိဳ႕အရာေတြမွာ ကိုယ့္ရဲ႕ ျဖစ္ခ်င္စိတ္၊ ျဖစ္ေအာင္လုပ္မယ္ ဆိုတဲ့ စိတ္က အေရးႀကီးပါတယ္။ မလြယ္ေပမယ့္လည္း ျဖစ္ေအာင္ လုပ္ႏိုင္ခဲ့ သူေတြ အမ်ားႀကီးပါပဲ။

ဘဝကို နိဂုံးခ်ဳပ္လွဖို႔၊ ဇာတ္သိမ္း လွဖို႔ဟာ ကြၽန္ေတာ္တို႔ ျဖစ္ခ်င္တာေတြ ျဖစ္ေအာင္ လုပ္ဖို႔ ဆိုတာက ကြၽန္ေတာ္တို႔ လက္ထဲမွာပါပဲ ရွိပါတယ္။

Crd

Post a Comment

0 Comments