တခါတုန်းက ကျားကြီးတကောင်ဟာ ခွေးရူးကို တွေ့တာနဲ့ ချက်ချင်းပဲ ပြေးပြီး ရှောင်ပုန်းလိုက် ပါတယ်။ အဲဒီအခါမှာ ကျားကြီးရဲ့ သားကလေး ကျားငယ်က မေးပါတယ်။
"အဖေက ခြင်္သေ့ ကိုလည်း တိုက်ရဲတယ်။ ကျားသစ် ကိုလည်း နိုင်တယ်။ ဘာမှ မဟုတ်တဲ့ ခွေးရူး ကျတော့ ရှောင်ပုန်းတယ်။ သိက္ခာ မကျဘူးလား အဖေ"
အဲဒီမှာ ကျားကြီးက သူ့သားကို ပြန်မေးလိုက် ပါတယ်။
"ခွေးရူးကို နိုင်တော့ ဂုဏ်ယူစရာ ကောင်းသလား သား"
ကျားငယ်က ခေါင်းခါ ပါတယ်။
"ခွေးရူး တချက် အကိုက် ခံရရင်ကော တန်သလား"
ကျားငယ်က ခေါင်းခါ ပြန်တယ်။
"ဒါဆိုရင် ငါတို့ ဘာလို့ ခွေးရူးနဲ့ ရန်ဖြစ်ရမှာလဲ။ ခွေးရူး ဆိုတာ စိတ်ဖောက် နေတဲ့ အကောင်၊ တွေ့ကရာ လျှောက်ကိုက် နေတဲ့ အကောင်၊ အဲ့ဒီလို အကောင်နဲ့ ငါတို့ ယှဉ်ပြိုင်ဖို့ တန်တာ မဟုတ်ပါဘူး။
အဲတော့ သား မြဲမြဲ မှတ်ထား၊ လူတွေလို မလုပ်ပါနဲ့။ လူတွေ တော်တော် များများက ခွေးရူးနဲ့ ပြိုင်တူ ကိုက်နေ ကြတယ်"
တစုံတယောက်ရဲ့ စော်ကား မော်ကား အပြုမူ အပြောအဆို တွေကြောင့် ဒေါသထွက် တုန့်ပြန်ချင်စိတ် ပြင်းပြနေသော သင့်အား ဒီ ပုံပြင်လေးက နှစ်သိမ့် နိုင်ပါစေ။
crd
Zawgyi
မတန္ပါဘူး
တခါတုန္းက က်ားႀကီးတေကာင္ဟာ ေခြး႐ူးကို ေတြ႕တာနဲ႔ ခ်က္ခ်င္းပဲ ေျပးၿပီး ေရွာင္ပုန္းလိုက္ ပါတယ္။ အဲဒီအခါမွာ က်ားႀကီးရဲ႕ သားကေလး က်ားငယ္က ေမးပါတယ္။
"အေဖက ျခေသၤ့ ကိုလည္း တိုက္ရဲတယ္။ က်ားသစ္ ကိုလည္း ႏိုင္တယ္။ ဘာမွ မဟုတ္တဲ့ ေခြး႐ူး က်ေတာ့ ေရွာင္ပုန္းတယ္။ သိကၡာ မက်ဘူးလား အေဖ"
အဲဒီမွာ က်ားႀကီးက သူ႔သားကို ျပန္ေမးလိုက္ ပါတယ္။
"ေခြး႐ူးကို ႏိုင္ေတာ့ ဂုဏ္ယူစရာ ေကာင္းသလား သား"
က်ားငယ္က ေခါင္းခါ ပါတယ္။
"ေခြး႐ူး တခ်က္ အကိုက္ ခံရရင္ေကာ တန္သလား"
က်ားငယ္က ေခါင္းခါ ျပန္တယ္။
"ဒါဆိုရင္ ငါတို႔ ဘာလို႔ ေခြး႐ူးနဲ႔ ရန္ျဖစ္ရမွာလဲ။ ေခြး႐ူး ဆိုတာ စိတ္ေဖာက္ ေနတဲ့ အေကာင္၊ ေတြ႕ကရာ ေလွ်ာက္ကိုက္ ေနတဲ့ အေကာင္၊ အဲ့ဒီလို အေကာင္နဲ႔ ငါတို႔ ယွဥ္ၿပိဳင္ဖို႔ တန္တာ မဟုတ္ပါဘူး။
အဲေတာ့ သား ၿမဲၿမဲ မွတ္ထား၊ လူေတြလို မလုပ္ပါနဲ႔။ လူေတြ ေတာ္ေတာ္ မ်ားမ်ားက ေခြး႐ူးနဲ႔ ၿပိဳင္တူ ကိုက္ေန ၾကတယ္"
တစုံတေယာက္ရဲ႕ ေစာ္ကား ေမာ္ကား အျပဳမူ အေျပာအဆို ေတြေၾကာင့္ ေဒါသထြက္ တုန႔္ျပန္ခ်င္စိတ္ ျပင္းျပေနေသာ သင့္အား ဒီ ပုံျပင္ေလးက ႏွစ္သိမ့္ ႏိုင္ပါေစ။
crd
0 Comments