ကိုယ့်အထွာနှင့်ကိုယ်

ဟိုးရှေးရှေးတုန်းက ဆင်တကောင်နဲ့ ကြွက်တကောင်ဟာ တောအုပ် အတွင်းမှာ အဆွေခင်ပွန်းဖွဲ့ နေထိုင် ကြသတဲ့။ တနေ့တော့ နံနက်မိုးလင်းမှာ ဆင်ဟာလည်း အစာရှာ ထွက်သွားသလို ကြွက်ဟာလည်း အစာရှာ ထွက်လာ ခဲ့ပါတယ်။

ညနေ မိုးချူပ်လို့ အစာရှာပြီး မိမိ နေရပ်ဆီကို ပြန်လာတော့ အရင် ရောက်နှင့်နေတဲ့ ကြွက်ဟာ မျက်နှာ မကောင်းစွာနဲ့ ပြန်လာတဲ့ ဆင်ကို ခရီးဦးကြို ပြုလိုက်တယ်။

"ကိုဆင် မျက်နှာလည်း မကောင်းပါလား။ အစာ ရှာရတာ အဆင်မပြေဘူးလား"

"မပြောချင်ပါဘူး ကိုကြွက်ရာ။ အစာ ရှာနေတုန်း ဆင်ဆိုး တကောင်နဲ့ တွေ့လို့ မနည်း လွတ်အောင် ထွက်ပြေးလာ ခဲ့ရတယ်။ ဒါပေမဲ့ အဲ့ဒီ ဆင်ဆိုးရဲ့ အစွယ်နဲ့ ထိုးမိလို့ နောက်ကျောမှာ ၂ တောင်လောက် ပြဲသွားတယ်ဗျာ။ နာလိုက်တာ မပြောပါနဲ့တော့"

"အတူတူပါပဲ ကိုဆင်ရာ။ ကျနော်လည်း အစာရှာ နေတုန်း ကြောင်တကောင်နဲ့ တွေ့လို့ ထွက်ပြေးလာ ခဲ့ရတယ်။ ဒါတောင် သူ့လက်သည်းနဲ့ ခြစ်မိလို့ နောက်ကျောမှာ နှစ်တောင် လောက် ပြဲသွားတယ်ဗျာ။ နာလိုက်တာ မပြောပါနဲ့"

ကြွက်ရဲ့ စကားကို ကြားတော့ ဆင်ဟာ ဟက်ဟက် ပက်ပက် ရယ်ပြီး ပြောလိုက်တယ်။

"စဉ်းစားပြီးမှ ပြောပါ ကိုကြွက်ရာ။ မင်းရဲ့ တကိုယ်လုံး ပေါင်းလို့ တထွာတောင် မရှိတာ ဘယ်လိုလုပ် ၂ တောင်က ပြဲသွားရတာလဲ။ ဟား ဟား ဟား"

"အော်၊ ကိုဆင်ရယ် ခင်ဗျား အတောင်နဲ့ ဆိုရင်တော့ ဟုတ်တာပေါ့။ ဒါပေမဲ့ ကျူပ်အတောင် နဲ့ဆို ၂ တောင်လောက် ပြဲသွားတယ် လေဗျာ။ ကိုယ့်အထွာနဲ့ ကိုယ်ပေါ့"

ကိုယ့်အထွာနဲ့ကိုယ် ဆိုတဲ့ ဒီပုံပြင်လေးက လူတိုင်း ကြားဖူးမယ် ထင်ပါတယ်။ ဒါပေမဲ့ ကိုယ့်အပူနဲ့ ကိုယ် ရှိတဲ့ လောကကြီးမှာ ပုံပြင်ထဲက ဆင်လို ကိုယ့်အပူ ကိုမှ ကြီးတယ် ထင်ပြီး သူတပါးရဲ့ အပူသောကကို ဂရုမစိုက်ပဲ လှောင်ပြောင် ရယ်မော တတ်တဲ့ လူတွေ ပိုပြီး များပါလိမ့်မယ်။

လူအချင်ချင်း အတူတူ ဆိုပေမဲ့ ဘယ်သူကမှ ကိုယ်နဲ့ မတူသလို၊ ကိုယ်လည်း ဘယ်သူနဲ့ တူမနေ ပါဘူး။ အားလုံးဟာ ကိုယ့်အခြေအနေနဲ့ ကိုယ်ပါ။ ကိုယ်တိုင် မကြုံဘူးပဲ မဝေဖန်ကြပါနဲ့။ အားလုံးက ကိုယ့်အထွာနဲ့ ကိုယ်ပါ။

Crd

phoomyatchal

Zawgyi

ကိုယ့္အထြာႏွင့္ကိုယ္

ဟိုးေရွးေရွးတုန္းက ဆင္တေကာင္နဲ႔ ႂကြက္တေကာင္ဟာ ေတာအုပ္ အတြင္းမွာ အေဆြခင္ပြန္းဖြဲ႕ ေနထိုင္ ၾကသတဲ့။ တေန႔ေတာ့ နံနက္မိုးလင္းမွာ ဆင္ဟာလည္း အစာရွာ ထြက္သြားသလို ႂကြက္ဟာလည္း အစာရွာ ထြက္လာ ခဲ့ပါတယ္။

ညေန မိုးခ်ဴပ္လို႔ အစာရွာၿပီး မိမိ ေနရပ္ဆီကို ျပန္လာေတာ့ အရင္ ေရာက္ႏွင့္ေနတဲ့ ႂကြက္ဟာ မ်က္ႏွာ မေကာင္းစြာနဲ႔ ျပန္လာတဲ့ ဆင္ကို ခရီးဦးႀကိဳ ျပဳလိုက္တယ္။

"ကိုဆင္ မ်က္ႏွာလည္း မေကာင္းပါလား။ အစာ ရွာရတာ အဆင္မေျပဘူးလား"

"မေျပာခ်င္ပါဘူး ကိုႂကြက္ရာ။ အစာ ရွာေနတုန္း ဆင္ဆိုး တေကာင္နဲ႔ ေတြ႕လို႔ မနည္း လြတ္ေအာင္ ထြက္ေျပးလာ ခဲ့ရတယ္။ ဒါေပမဲ့ အဲ့ဒီ ဆင္ဆိုးရဲ႕ အစြယ္နဲ႔ ထိုးမိလို႔ ေနာက္ေက်ာမွာ ၂ ေတာင္ေလာက္ ၿပဲသြားတယ္ဗ်ာ။ နာလိုက္တာ မေျပာပါနဲ႔ေတာ့"

"အတူတူပါပဲ ကိုဆင္ရာ။ က်ေနာ္လည္း အစာရွာ ေနတုန္း ေၾကာင္တေကာင္နဲ႔ ေတြ႕လို႔ ထြက္ေျပးလာ ခဲ့ရတယ္။ ဒါေတာင္ သူ႔လက္သည္းနဲ႔ ျခစ္မိလို႔ ေနာက္ေက်ာမွာ ႏွစ္ေတာင္ ေလာက္ ၿပဲသြားတယ္ဗ်ာ။ နာလိုက္တာ မေျပာပါနဲ႔"

ႂကြက္ရဲ႕ စကားကို ၾကားေတာ့ ဆင္ဟာ ဟက္ဟက္ ပက္ပက္ ရယ္ၿပီး ေျပာလိုက္တယ္။

"စဥ္းစားၿပီးမွ ေျပာပါ ကိုႂကြက္ရာ။ မင္းရဲ႕ တကိုယ္လုံး ေပါင္းလို႔ တထြာေတာင္ မရွိတာ ဘယ္လိုလုပ္ ၂ ေတာင္က ၿပဲသြားရတာလဲ။ ဟား ဟား ဟား"

"ေအာ္၊ ကိုဆင္ရယ္ ခင္ဗ်ား အေတာင္နဲ႔ ဆိုရင္ေတာ့ ဟုတ္တာေပါ့။ ဒါေပမဲ့ က်ဴပ္အေတာင္ နဲ႔ဆို ၂ ေတာင္ေလာက္ ၿပဲသြားတယ္ ေလဗ်ာ။ ကိုယ့္အထြာနဲ႔ ကိုယ္ေပါ့"

ကိုယ့္အထြာနဲ႔ကိုယ္ ဆိုတဲ့ ဒီပုံျပင္ေလးက လူတိုင္း ၾကားဖူးမယ္ ထင္ပါတယ္။ ဒါေပမဲ့ ကိုယ့္အပူနဲ႔ ကိုယ္ ရွိတဲ့ ေလာကႀကီးမွာ ပုံျပင္ထဲက ဆင္လို ကိုယ့္အပူ ကိုမွ ႀကီးတယ္ ထင္ၿပီး သူတပါးရဲ႕ အပူေသာကကို ဂ႐ုမစိုက္ပဲ ေလွာင္ေျပာင္ ရယ္ေမာ တတ္တဲ့ လူေတြ ပိုၿပီး မ်ားပါလိမ့္မယ္။

လူအခ်င္ခ်င္း အတူတူ ဆိုေပမဲ့ ဘယ္သူကမွ ကိုယ္နဲ႔ မတူသလို၊ ကိုယ္လည္း ဘယ္သူနဲ႔ တူမေန ပါဘူး။ အားလုံးဟာ ကိုယ့္အေျခအေနနဲ႔ ကိုယ္ပါ။ ကိုယ္တိုင္ မႀကဳံဘူးပဲ မေဝဖန္ၾကပါနဲ႔။ အားလုံးက ကိုယ့္အထြာနဲ႔ ကိုယ္ပါ။

Crd

phoomyatchal

Post a Comment

0 Comments