ခွေးလေးတွေဟာလည်း လူသားတွေလိုပဲ မျက်လုံးနဲ့ စကားပြောတတ်ကြပါတယ်။ ပြီးတော့လည်း ကျွေးမွေးစောင့်ရှောက်သူ မရှိပဲနဲ့လည်း အချိန်အကြာကြီး မရှင်သန်နိုင်သလို နေနိုင်ရင်လည်း သက်တမ်းစေ့မနေနိုင်ပါဘူး။
သူတို့ရှင်သန်နေတဲ့ ဘဝသက်တမ်း တစ်လျှောက်လုံးမှာ အချစ်နဲ့ အနစ်နာခံမှုတွေကို လူသား (၄) ယောက်လောက်ကိုပဲ ပေးတတ်ကြပါတယ်။ ဒီလိုပေးဖို့လည်း သူတို့ကိုယ်တိုင်ကပဲ ရွေးချယ်ကြပါတယ်။ ဒီနှောင်ကြိုးလေးဟာ ခွေးလေးတွေအတွက် အလွန်အရေးကြီးပါတယ်။ ပြီးတော့လည်း သူတို့အချစ်ဆုံးလူကို တခြားတိရိစ္ဆာန်လေးတွေနှင့် တွေ့ရင်တောင် မနာလိုဖြစ်တတ် ကြပါသေးတယ်။
သူတို့ဟာ သူတို့သခင်နှင့်ပဲ အချိန်ဖြုန်းချင်ကြပါတယ်။
သင့်ရဲ့ခွေးကို အိပ်ယာပေါ်မှာ အိပ်ခိုင်းတာ၊ လေ့ကျင့်ပေးတာ၊ ဂရုစိုက်တာ၊ သူတို့နဲ့ အချိန်အများကြီး ပေးတဲ့အခါ သင်တို့ ၂ ယောက်ကြားမှာ ခိုင်မာတဲ့ နှောင်ကြိုးလေးတစ်ခု ဖြစ်လာပါတယ်။ သူနှင့်အတူတူ အချိန်တွေ ဖြုန်းပေးတာက ချစ်ခြင်းမေတ္တာတွေ တိုးပွားလာပါတယ်။ ဒီနည်းနဲ့ သူတို့က သင့်စကားကို နားထောင်ဖို့ သင်ယူလာတတ်ပြီး သင်နဲ့ပဲ အချိန်တူတူ ဖြုန်းချင်လာပါတော့တယ်။
ခွေးလေးတွေက သခင်ရဲ့ အချစ်တွေကိုလည်း နားလည်ပါတယ်။
သင့်အိမ်မှာ မိသားစုဝင်တွေ အများကြီး ရှိပြီးတော့ ခွေးလေးတစ်ကောင် မွေးထားရင်လည်း ခွေးလေးက သင့်အပေါ်ကိုပဲ တခြားသူတွေထက် ပိုပြီးချစ်ပါတယ်။ အထူးသဖြင့် ခွေးလေးတွေဟာ သူတို့နှင့်မနက်တိုင်း လမ်းလျှောက်ထွက်ပေးတဲ့သူ၊ သူတို့ကြိုက်တာတွေကို ကျွေးတဲ့သူတွေကိုပဲ ပိုပြီးသံယောဇဉ် တွယ်တတ်ကြပါတယ်။ သင်က ခွေးလေးကို ချစ်သလို ခွေးလေးကလည်း သင့်အပေါ်ကို ပြန်ပြီးချစ်ခင်ပါတယ်။
သခင်ကိုလည်း အမြဲတမ်း မျှော်နေတတ်ပါတယ်။
ခွေးလေးတွေဟာ သူတို့ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေနဲ့လည်း အဆင်ပြေအောင် ပေါင်းသင်းတတ် ကြပါသေးတယ်။ ဥပမာ သင်က ခွေးလေးတစ်ကောင်ကို ဝယ်လာပြီးတော့ သူ့ကို မုန့်တွေ၊ အရုပ်တွေဝယ်ပေးရင် သင်နဲ့ချက်ချင်း ရင်းနှီးသွားပါလိမ့်မယ်။ ဒါကြောင့် ခွေးလေးတွေနဲ့ များများရင်းနှီးချင်ရင် သူတို့ကြိုက်တတ်တာလေးတွေကိုပဲ လုပ်ပေးပါ။
ခွေးလေးတွေက သခင်နဲ့ စိတ်ထပ်တူကျပါတယ်။
လူတွေလိုပဲ ခွေးလေးတွေဟာ သူတို့နဲ့ ကိုယ်ရည်ကိုယ်သွေး ကိုက်ညီတဲ့ လူကိုပဲ ရွေးချယ်ကြပါတယ်။ ခွေးတွေနဲ့ သူတို့ရဲ့ ပိုင်ရှင်တွေကို ကြည့်မယ်ဆိုရင် သူတို့မှာ တူညီတဲ့ အရာတစ်ခု ရှိပါလိမ့်မယ်။ အဲ့တာကတော့ ပျော်ပျော်ရွှင်ရွှင် နေတတ်ကြတဲ့ ခွေးလေးတွေဟာ ပျော်ပျော်နေတတ်တဲ့ သခင်ကိုပဲ ချစ်တတ်ကြပြီး အေးအေးဆေးဆေးနှင့် ပျင်းရိတဲ့ခွေးတွေကတော့ အေးဆေးတည်ငြိမ်တဲ့ ပိုင်ရှင်တွေကိုပဲ ချစ်တတ်ကြပါတယ်။
တချို့သော ခွေးမျိုးစိတ်လေးတွေဟာလည်း တစ်ကိုယ်ရေသမားတွေနဲ့ပဲ ပိုနေချင်ကြပါတယ်။
Beagle
Collie
Shetland Sheepdog
French Bulldog
German Shepherd
Labrador Retriever
Golden Retriever
Saint Bernard တို့ပဲ ဖြစ်ပါတယ်။
သူတို့က အများနဲ့နေထိုင်ရတာမကြိုက်ပဲ သခင်တစ်ယောက်တည်းနဲ့သာ အချိန်ဖြုန်းချင်ကြတာ ဖြစ်ပါတယ်။ သခင်တစ်ယောက်တည်းကိုသာ အချစ်တွေ ပုံပေးထားတတ်ကြပြီး သူစိမ်းတွေနဲ့ဆိုရင် ခပ်တန်းတန်းသာ နေတတ်ကြပါတယ်။
Zombie (lovemedia)
1 Comments
Instant article Facebook လုပ်ချင်တယ်
ReplyDeleteအခွင့်ရပြီ ဘယ်လိုလုပ်သလယ်