ခွေးလေးတွေက လိမ်ညာတတ်တယ် ဆိုတာကို သင်သိပါသလား

လူသားတွေဟာ ခွေးလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို အသိအမှတ်ပြုထားပြီး သူတို့ကို အိမ်တွေမှာ စောင့်ကြည့်ဖို့၊ မျက်မမြင်တွေအတွက် လမ်းပြပေးဖို့၊ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ကူညီဆောင်ရွက်ပေးဖို့ အားကိုးကြပါတယ်။

ဒါကြောင့် ဒီလိုခွေးလေးတွေဟာ အရမ်းကို ဂုဏ်ယူသင့်ပါတယ်။ ပြီးတော့ ခွေးလေးတွေဟာ ပြောတာကို နားလည်အောင် သင်ယူနိုင်တယ်ဆိုတဲ့ လေ့လာမှုတစ်ခုရှိရုံတင်မကပါဘူး၊ ခွေးလေးတွေဟာ အရာဝတ္ထုတွေကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ဗျူဟာချနိုင်တယ် ဆိုတာကိုလည်း နောက်ထပ် လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။

ခွေးလေးတွေက လူတွေ ထင်ထားတာထက် ပိုဉာဏ်ကောင်းပါတယ်။

Animal Cognition က ထုတ်ဝေတဲ့ လေ့လာမှုတစ်ခုမှာ အသက် တစ်နှစ်ခွဲ နှင့် ၁၄ နှစ်ကြားမှာရှိတဲ့ မျိုးကွဲခွေး ၂၇ ကောင်ကို ပိုင်ရှင်မဟုတ်တဲ့ သူစိမ်းတွေနဲ့ တူတူထားထားပါတယ်။ သူတို့ဟာ သူစိမ်းတွေနားမှာ မပျော်တာကြောင့် နည်းအမျိုးမျိုးနဲ့ လှည်းစားပြီး လူတွေနားက ရအောင်လှည့်ထွက် နိုင်ခဲ့ပါတယ်။

ဒါကြောင့် ခွေးလေးတွေဟာ သူတို့ လိုချင်တာကို ရနိုင်ဖို့ သူတို့ရဲ့ အပြုအမူနဲ့ လူတွေကို လိမ်ပြောနိုင်တယ်ဆိုတာ ထင်ရှားပါတယ်။

ခွေးလေးတွေဟာ လူတွေထင်ထားတာထက် ပိုပါးနပ်ပါတယ်။

ပထမအဆင့်အနေနဲ့ သုတေသီတွေဟာ ခွေးတစ်ကောင်ချင်းစီကို သူတို့ကြိုက်နှစ်သက်တဲ့ အစားအစာ၊ ဝက်အူချောင်း ဒါမှမဟုတ် ခွေးဘီစကွတ်ကို စမ်းပြီး ကျွေးကြည့်ကြပါတယ်။ ပြီးတော့ ခွေးလေးတွေကို သေတ္တာသုံးလုံး ပြလိုက်ပါတယ်။

ပထမသေတ္တာထဲမှာ သူတို့ကြိုက်တဲ့ မုန့်တစ်ခု၊ ဒုတိယသေတ္တာထဲမှာလည်း သူတို့ကြိုက်တဲ့ မုန့်တစ်ခု၊ တတိယသေတ္တာထဲမှာတော့ ဘာမှမထည့်ထားပဲ အလွတ်အတိုင်းပဲ ထားထားလိုက်ပါတယ်။

အမျိုးသမီး ၂ ယောက်က သူတို့ကို “အစားအသောက်ပြပါ” လို့ အမိန့်ပေးရင် သူတို့ကြိုက်တဲ့ အစားအစာတွေပါတဲ့ သေတ္တာကိုဖွင့်ပြဖို့ ခွေးလေးတွေကို သင်ပေးထားပါတယ်။

တကယ်တော့ ဒါဟာ ခွေးလေးတွေကို လှည့်စားတာပဲ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးဟာ ခွေးလေးပေါ်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီးတော့ သေတ္တာဆီကို ခေါ်သွားတဲ့ လမ်းတစ်လျှောက်မှာလည်း နွေးထွေးကြင်နာနေမှာပဲ ဖြစ်ပါတယ်။ နောက်ထပ် အမျိုးသမီးတစ်ဦးကတော့ ခွေးလေးပေါ်ကို မကြင်နာပဲနဲ့ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပြမှာပဲ ဖြစ်ပါတယ်။

ပြီးရင် ခွေးလေးတွေကို သူတို့နှစ်သက်တဲ့ သေတ္တာတစ်လုံးကို ရွေးခိုင်းလိုက်မှာပဲ ဖြစ်ပါတယ်။ ရလဒ်တွေအရ ခွေးလေးတွေဟာ သူတို့အပေါ် စေတနာထားတဲ့ အမျိုးသမီးကို 80% နီးပါးလောက် မှန်ကန်အောင် သူတို့နှစ်သက်တဲ့ အစားအစာကို ရွေးချယ်ပေးတယ်လို့ ဆိုပါတယ်။

တစ်ကိုယ်ကောင်းဆန်ပြီး သူတို့အပေါ် ကြမ်းတမ်းပြတဲ့ အမျိုးသမီးကိုတော့ သေတ္တာအလွတ်ကြီးကိုပဲ ရွေးပေးလိုက်ပါတယ်။ ဒါကြောင့်လည်း ခွေးလေးတွေက လူတွေကို လိမ်ညာတတ်တယ်လို့ သုတေသီတွေက ကောက်ချက်ချခဲ့ပါတယ်။

ခွေးလေးတွေဟာ သစ္စာစောင့်သိတတ်ပြီးတော့ ကိုယ်ကျိုးလည်း မဖက်ကြပါဘူး။

ခွေးလေးတွေဟာ လိမ်မာပြီးတော့ သခင်တွေအပေါ်ကို အရမ်းလည်း သစ္စာရှိတတ် ကြပါတယ်။ ဒါကြောင့်လည်း တခြားတိရစ္ဆာန်လေးတွေထက် ခွေးလေးတွေကို ပိုပြီးမွေးမြူကြတာပဲ ဖြစ်ပါတယ်။ ပြီးတော့လည်း လူသားတွေရဲ့ အပြုအမှုတွေကိုလည်း လိုက်ပြီးတော့ အတုခိုးနိုင်ပါသေးတယ်။ ခွေးလေးတွေကြောင့်လည်း မီးဘေးကနေ လွတ်မြောက်ခဲ့သူတွေ၊ သေဘေးကနေ လွတ်မြောက်ခဲ့သူတွေလည်း ရှိပါတယ်။

ဒါကြောင့် သင့်မှာခွေးလေးတစ်ကောင် ရှိတယ်ဆိုရင် သေချာလေး ဂရုစိုက်သင့်ပါတယ်။ သူတို့နဲ့ လမ်းလျှောက်အတူတူ ထွက်ပေးရင်လည်း အရမ်းပျော်တတ် ကြပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments