မျက်စိတဖက်ကန်းသော ဒရယ်

တခါတုန်းက မျက်စိတဖက် ကန်းနေသော ဒရယ်တကောင်သည် ပင်လယ်ကမ်းပါ၌ အစာစားလျက် ရှိ၏။

အစာ စားရာ၌ သူသည် ကောင်းသော မျက်စိကို ကုန်းဘက် သို့သာ လှည့်၍ ထား၏။ အကြောင်းမူကား ကုန်းဘက်မှ အမဲလိုက် ခွေးများ ရောက်ရှိ လာပါက ချက်ချင်း တွေ့မြင်ကာ ရှောင်ရှား နိုင်ရန် ဖြစ်၏။

ထို့နောက် ကျန် မကောင်းသော မျက်စိတဖက် ကိုမူ ပင်လယ်ဘက်သို့ လှည့်ထား၏။ အဘယ်ကြောင့် ဆိုသော် ပင်လယ်မှ မည်သည့် ဘေးရန်မျှ သူ့ထံ ကျရောက်မည် မဟုတ် ဟူ၍ ယူဆသော ကြောင့်ပင်။

သို့သော် သူ၏ ယူဆချက်ကား လွဲမှားခဲ့ လေပြီ။

ပင်လယ်မှ သင်္ဘောသား တစုသည် သင်္ဘော ဆိုက်ကပ် ပြီးနောက် ကမ်းပါးသို့ တက်လာရာတွင် ဒရယ်ကို ရုတ်တရက် တွေ့မြင် ကြလေ၏။ ဒရယ်မူကား သူတို့ကို မမြင်ပေ။

ထို့နောက် သင်္ဘောသား တို့သည် လေးဖြင့် ပစ်လိုက်လေရာ ဒရယ်ကို အလွယ်တကူပင် ထိမှန်သွားလေ၏။

ဒရယ်လည်း မြားဆိပ် တက်၍ သေအံ့ ဆဲဆဲတွင် "အစက ငါသည် ကုန်းအရပ်မှသာ ဘေးရန် ပေါ်မည်ဟု ထင်မှတ်ခဲ့သည်။

ယခုသော်ကား ငါမထင်သည့် ပင်လယ် အရပ်မှ ဘေးရန် ပေါ်ပေါက် သဖြင့် ငါသည် ပျက်စီးခြင်းသို့ ရောက်ခဲ့ရပေသည်။

ငါကား မိုက်မဲလှစွာ တကား" ဟူ၍ ဝမ်းနည်းစွာဖြင့် ညည်းညူး လေသတည်း။

လောကကြီးတွင်လည်း အဖက်ဖက်က ကိုယ့်အပေါ် မနာလိုသူ၊ ရန်လိုသူတွေ ရှိတတ်တာကြောင့် သတိရှိရှိနှင့် နေထိုင်တတ် ရပါမည်။

Crd

Zawgyi

မ်က္စိတဖက္ကန္းေသာ ဒရယ္

တခါတုန္းက မ်က္စိတဖက္ ကန္းေနေသာ ဒရယ္တေကာင္သည္ ပင္လယ္ကမ္းပါ၌ အစာစားလ်က္ ရွိ၏။

အစာ စားရာ၌ သူသည္ ေကာင္းေသာ မ်က္စိကို ကုန္းဘက္ သို႔သာ လွည့္၍ ထား၏။ အေၾကာင္းမူကား ကုန္းဘက္မွ အမဲလိုက္ ေခြးမ်ား ေရာက္ရွိ လာပါက ခ်က္ခ်င္း ေတြ႕ျမင္ကာ ေရွာင္ရွား ႏိုင္ရန္ ျဖစ္၏။

ထို႔ေနာက္ က်န္ မေကာင္းေသာ မ်က္စိတဖက္ ကိုမူ ပင္လယ္ဘက္သို႔ လွည့္ထား၏။ အဘယ္ေၾကာင့္ ဆိုေသာ္ ပင္လယ္မွ မည္သည့္ ေဘးရန္မွ် သူ႔ထံ က်ေရာက္မည္ မဟုတ္ ဟူ၍ ယူဆေသာ ေၾကာင့္ပင္။

သို႔ေသာ္ သူ၏ ယူဆခ်က္ကား လြဲမွားခဲ့ ေလၿပီ။

ပင္လယ္မွ သေဘၤာသား တစုသည္ သေဘၤာ ဆိုက္ကပ္ ၿပီးေနာက္ ကမ္းပါးသို႔ တက္လာရာတြင္ ဒရယ္ကို ႐ုတ္တရက္ ေတြ႕ျမင္ ၾကေလ၏။ ဒရယ္မူကား သူတို႔ကို မျမင္ေပ။

ထို႔ေနာက္ သေဘၤာသား တို႔သည္ ေလးျဖင့္ ပစ္လိုက္ေလရာ ဒရယ္ကို အလြယ္တကူပင္ ထိမွန္သြားေလ၏။

ဒရယ္လည္း ျမားဆိပ္ တက္၍ ေသအံ့ ဆဲဆဲတြင္ "အစက ငါသည္ ကုန္းအရပ္မွသာ ေဘးရန္ ေပၚမည္ဟု ထင္မွတ္ခဲ့သည္။

ယခုေသာ္ကား ငါမထင္သည့္ ပင္လယ္ အရပ္မွ ေဘးရန္ ေပၚေပါက္ သျဖင့္ ငါသည္ ပ်က္စီးျခင္းသို႔ ေရာက္ခဲ့ရေပသည္။

ငါကား မိုက္မဲလွစြာ တကား" ဟူ၍ ဝမ္းနည္းစြာျဖင့္ ညည္းညဴး ေလသတည္း။

ေလာကႀကီးတြင္လည္း အဖက္ဖက္က ကိုယ့္အေပၚ မနာလိုသူ၊ ရန္လိုသူေတြ ရွိတတ္တာေၾကာင့္ သတိရွိရွိႏွင့္ ေနထိုင္တတ္ ရပါမည္။

Crd

Post a Comment

0 Comments