သင့်ကို ၅ နှစ်လောက် ငယ်ရွယ်နုပျိုသွားစေမယ့် ပုံစံများ

လူဟာ ဘယ်လောက်ပဲ အသက်အရွယ် ကြီးမြင့်နေပါစေ၊ အမြဲတမ်း ငယ်ရွယ်နုပျိုချင် ကြပါတယ်။ အသက်ကြီးလာတာကိုတော့ ရှောင်လွှဲလို့ မရပေမယ့် သင်အသက်ကြီးသွားပြီလို့ မထင်ရအောင် အဝတ်အစားတွေနဲ့ ပြောင်းလဲလိုက်လို့ ရပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက် ပိုပြီး အကျိုးရှိစေနိုင်ပါတယ်။

မရှက်ပါနဲ့။

ဘယ်လောက်ပဲ ခေတ်စနစ်တွေ ပြောင်းလဲသွားပါစေ။ စတိုင်လ် ဆိုတာမျိုးကတော့ ရိုးသွားတယ် မရှိပါဘူး။ ဒါကြောင့် သင်ကြိုက်နှစ်သက်တဲ့ အဝတ်အစားကို ထုတ်သာဝတ်ပါ။ ဘယ်သူ့ကိုမှလည်း ဂရုစိုက်နေစရာမလိုသလို လူအများကြားလဲမှာလည်း ဖက်ရှင်တစ်ခုအဖြစ်နဲ့ သင်ကပေါ်လွင် နေပါလိမ့်မယ်။ ဒါကြောင့် အရောင်တောက်တာတွေ ဝတ်တာမျိုး၊ လည်စည်းလေးတွေ စည်းတာလေးမျိုး လုပ်သင့်ပါတယ်။


မျက်စိထဲမှာ ထင်းခနဲဖြစ်နေအောင် ဝတ်ပါ။

အဝတ်အစား ရိုးရိုးလေးတွေက သင့်ကို ယုံကြည်မှု ပိုရှိစေပြီး လူအများကြားမှာလည်း ထင်ပေါ်စေပါတယ်။ ဘေးတိုက်သွားတဲ့ အစင်းကြားလေးတွေက ပိုပြီးလူသတိထားမိ စေပါတယ်။ အစက်အပြောက်ပုံစံပါတဲ့ အဝတ်အစားတွေလည်း သင့်အသွင်အပြင်အပေါ် တူညီတဲ့ အကျိုးသက်ရောက်မှု ရှိစေပါတယ်။


စတိုင်လ်ကို အမြဲတမ်း ထူးခြားနေအောင် လုပ်ပါ။

သင့်ရဲ့ ပုံစံကို ထင်ပေါ်နေစေဖို့ တခြား အသုံးအဆောင်တွေကိုလည်း သုံးသင့်ပါတယ်။ လည်ဆွဲကြီးကြီးတစ်ခု၊ နားကပ်ကြီးတစ်ရံ ဒါမှမဟုတ် လက်ကောက်တစ်ခုဟာ သင့်ကို ကောင်းကောင်းကြီး ပေါ်လွင်စေမှာပါ။ ဒါပေမယ့် ဒီလိုအချိန်မှာ ကိုယ်ခန္ဓာကိုယ်ကို ပေါ်လွင်စေတာကိုပဲ ဝတ်သင့်ပါတယ်။ မဟုတ်ရင် ဝတ်စုံကလည်းကြီး၊ အသုံးအဆောင်တွေကလည်း ကြီးဆိုရင် လူကပျောက်နေပါလိမ့်မယ်။


အမြဲတမ်း ပြုံးနေပါ

သင့်မျက်နှာက ကြည်လင်လေလေ၊ သင့်ကို ငယ်ရွယ်နုပျိုလေလို့ ထင်စေပါတယ်။ သင့်မျက်နှာကို ကြည်လင်စေဖို့အတွက် ထိရောက်တဲ့ နည်းလမ်းကတော့ အဖြူရောင်ကော်လံပါတဲ့ အင်္ကျီကို ဝတ်ဆင်ခြင်းပါပဲ။


အရောင်ရောတွေပဲ ဝတ်ပါ။

အဝါရောင်၊ အစိမ်းရင့်ရောင် နှင့် သန္တာနီ အစရှိတဲ့ အရောင်တွေပါတဲ့ အဝတ်အစားတွေက သင့်ကို ငယ်ရွယ်နုပျို စေပါတယ်။ အဝတ်အစား၊ စကတ် ဒါမှမဟုတ် အင်္ကျီပဲဖြစ်ဖြစ် ဒီလိုအရောင်တွေကို ဝတ်ဆင်သင့်ပါတယ်။


ဂျင်းဘောင်းဘီဝတ်ပါ

ဂျင်းဘောင်းဘီက သင့်ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို ကောင်းကောင်းကြီးပေါ်လွင်စေပါတယ်။ လုံခြုံမှုလည်း ရှိစေတဲ့အပြင် ခန္ဒာကိုယ်အချိုးအစားကို သေချာဖော်ပြပေးနိုင်ပါတယ်။ ဂျင်းဘောင်းဘီတွေဟာလည်း ဒီနေ့ထိတိုင်အောင် ရိုးမသွားပဲ လူတိုင်းမှာ အနည်းဆုံး (၁)ထည်စီတော့ ရှိတတ်ကြပါတယ်။ ပြီးတော့လည်း သင့်ကို အသက်ကြီးတယ်လို့ မထင်စေနိုင်ပဲ ငယ်ရွယ်နုပျိုနေတာပဲလို့ လူတွေက မြင်ကြပါလိမ့်မယ်။


သင့်ကို အကျိုးရှိစေနိုင်မယ့်အချက်များ

၁။ အဝတ်စားကို ချည်ထည်နဲ့ရက်လုပ်ထားတာမျိုး မဝတ်ပဲနဲ့ ဂျင်းလို၊ ချည်လိုမျိုး တပြေးတည်းညီနေတဲ့ အဝတ်အစားမျိုးပဲ ရွေးဝတ်ပါ။ အထူးသဖြင့် မျက်နှာနဲ့ နီးကပ်နေတဲ့နေရာတွေဖြစ်တဲ့ အကျီနှင့်ပဝါတွေကို သတိထားသင့်ပါတယ်။

၂။ စကပ်နှင့် ဘောင်းဘီတွဲဝတ်တာမျိုးကို ရှောင်သင့်ပါတယ်။ ဒီပုံစံဟာ သင့်ကိုတောကျတယ်လို့ထင်စေနိုင်ပြီး လူများတွေရဲ့ အမြင်မှာလည်း မသင့်တော်ပါဘူး။

၃။ အနက်ရောင်၊ မီးခိုးရောင်နှင့် အဝါနုရောင်အ၀တ်အစားတွေကို ရောပြီးမဝတ်သင့်ပါဘူး။ ဒီအရောင်တွေထဲက တစ်ခုခုကိုပဲ ၀တ်ဆင်သင့်ပါတယ်။

Zombei (lovemedia)

Post a Comment

0 Comments