ကမ္ဘာ့ အတော်ဆုံးလူ

တခါက လေယာဉ်တစီး ပေါ်မှာ ရှေ့နေတယောက်၊ ဆရာဝန် တယောက်၊ ဘုန်းကြီးအို တပါးနဲ့ ကလေးငယ် တဦးတို့ တခရီးတည်း စီးလာကြတယ်။

အဲဒီလို စီးလာရာက လေယာဉ် အင်ဂျင်ဟာ ရုတ်တရက် ပြဿနာ တက်တော့တယ်။

pilot လည်း အကောင်းဆုံး ကြိုးစားပြီး အခြေအနေမဟန်တော့ "ခင်ဗျားတို့ အခုချိန် ခုန်ဆင်းကြရင် ကောင်းမယ်" လို့ ပြောပြီး သူလည်း လေထီးကို ယူပြီး အရင်ဆုံး ခုန်ဆင်းသွားတယ်။

လေယာဉ်ပေါ်မှာ ကျန်တာက ၄ ယောက်။ ပြဿနာက အဲ့ဒီမှာ စတယ်။ လေထီးက ၃ ခုပဲ ကျန်တော့တယ်။

အဲဒီ အချိန်မှာ ဆရာဝန်က "ကျုပ်က ဆရာဝန်၊ ကျုပ်က နေ့တိုင်း လိုလို လူတွေရဲ့ အသက်ကို ကယ်နေရတာ ကျုပ်အသက်က တန်ဖိုး ရှိတယ်" လို့ ပြောပြီး လေထီး ၁ ခုကို ယူကာ ခုန်ဆင်း သွားတယ်။

နောက် ရှေ့နေ ကလည်း "ကျုပ်က ရှေ့နေ၊ ရှေ့နေ ဆိုတာ ကမ္ဘာပေါ်မှာ အတော်ဆုံး လူပဲ။ ကျုပ် အသက် ရှင်သင့်တယ်" လို့ ပြောပြီး သူလည်း လေထီးအိတ် ယူပြီး ခုန်ဆင်း သွားတယ်။

ကျန်ခဲ့တဲ့ ဘုန်းကြီးအိုက ကလေးကို ပြောတယ်။

"ကောင်လေး ငါကတော့ လောကမှာ နေလာတာ ကြာပြီ၊ အသက်လည်း ကြီးပြီ၊ သက်တမ်းစေ့ တော့မယ်။ ဒီတော့ မင်းပဲ နောက်ဆုံး ကျန်တဲ့လေထီးကို ယူပြီး သွားတော့။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း ပါတော့"

ကလေးက လေထီးအိတ်ကို ဘုန်းတော်ကြီးကို လှမ်းပေးရင်း "မပူနဲ့ ဖာသာ၊ ခုနက ကမ္ဘာ့အတော်ဆုံး လူကြီးက ကျွန်တော့် ကျောပိုးအိတ်ကို ယူပြီး ခုန်ချသွားတာ"

သင်ခန်းစာ။ ။ သင့်ရဲ့ အလုပ်အကိုင်က သင်ဘယ်လိုလူလဲ ဆိုတာ မသတ်မှတ်ပါဘူး၊ သင်ရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်ကသာ အရေးပါ ပါတယ်။

Crd

Post a Comment

0 Comments