အိမ်သုံးပရိဘောဂပစ္စည်းတွေကို ကြောင်လေးတွေ မကုတ်ခြစ်စေမယ့် နည်းလမ်း (၄) ခု

သင့်အိမ်မှာ ကြောင်ရှိတယ်ဆိုရင် ကြောင်တွေက အိမ်သုံးပရိဘောဂ ပစ္စည်းတွေကို လက်သည်းနဲ့ ကုတ်တာကို ကြုံရမှာပါ။ ကြောင်လေးတွေက ချစ်စရာ ကောင်းပေမယ့် အိမ်ကပစ္စည်းတွေကို လက်သည်းနဲ့ ကုတ်ခြစ်လိုက်ရင်တော့ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပါတယ်။

အဲဒါကြောင့် အိမ်သုံးပရိဘောဂ ပစ္စည်းတွေကို ကြောင်လေးတွေ လက်သည်းနဲ့ မကုတ်ခြစ်စေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

အိမ်သုံးပရိဘောဂပစ္စည်းတွေကို လက်သည်းနဲ့ ကုတ်ခြစ်ရတဲ့အကြောင်းအရင်း

- သူတို့ရဲ့လက်သည်းတွေကို ထက်ချင်တဲ့ွခါ၊ ကျန်းမာစေချင်တဲ့အခါ ကုတ်ပါတယ်။

- ကြောင်တွေရဲ့ လက်သည်းကြားတွေမှာ အနံ့ဂလင်းတွေ ရှိပါတယ်။ အိမ်သုံးပရိဘောဂ ပစ္စည်းတွေကို လက်သည်းနဲ့ ကုတ်ခြစ်တဲ့အခါ အနံ့တစ်မျိုး ထွက်ပါတယ်။ အဲဒီအနံ့ကနေ သူတို့ရဲ့ပိုင်နက်ဖြစ်ကြောင်း တခြားကြောင်တွေကို အသိပေးတာပါ။

- ကြောင်တွေက သူတို့ကို ခန္ဓာကိုယ်အပေါ်ပိုင်း သန်မာအောင်လို့လည်း ကုတ်ခြစ်တတ်ကြပါတယ်။

- စိတ်ဖိစီးမှုတွေ ပြေပျောက်အောင်လို့လည်း ကုတ်ခြစ်ကြပါတယ်။

ကြောင်လေးတွေရဲ့ လက်သည်းတွေကို ဖြတ်တောက်လိုက်တာက သူတို့ရဲ့ လက်ချောင်းနောက်ဆုံးအရိုးကို ဖြတ်တောက်လိုက်သလိုပါပဲ။ ကြောင်လေးတွေရဲ့ လက်သည်းကို ဖြတ်လိုက်ရင် လမ်းလျှောက်တဲ့အခါ၊ ကစားတဲ့အခါ ခန္ဓာကိုယ်က မညီမျှတော့ပါဘူး။ ပြီးတော့ ပိုပြီးတော့ ဒေါသကြီးလာပါတယ်။ လက်သည်းမရှိတော့ ကြောင်လေးက သူ့ကိုယ်သူလည်း မကာကွယ်နိုင်တော့ပါဘူး။

၁။ ကြောင်လေးတွေကို အိမ်သုံးပရိဘောဂပစ္စည်းတွေ မကုတ်ခြစ်စေဘူး ဆိုရင် အချိန်နဲ့ စိတ်ရှည်မှုတော့ လိုအပ်ပါတယ်။

- ကြောင်လေးတွေရဲ့လက်သည်းကို စိတ်ရှည်ရှည်နဲ့ တိပေး၊ ညှိပေးပါ။

- ကြောက်လက်သည်းညှပ်နဲ့ ညှပ်လို့လည်း ရပါတယ်။

- လက်သည်းအောက်က အသားနုကို ထိရင် ကြောင်လေးတွေ အရမ်း နာကျင်တတ်ပါတယ်။ အဲဒီအသားနုမှာ သွေးကြောရှိပြီး လက်သည်းဆီကို သွေးတွေ သယ်ဆောင်ပေးပါတယ်။

၂။ ကြောင်လေးတွေ ကုတ်ခြစ်ဖို့ နေရာသီးသန့်ကို အသက် ၈ ပတ်ကနေ ၁၂ ပတ်အတွင်း သင်လို့ရပါပြီ။

ကြောင်လေးတွေ ကုတ်ခြစ်ဖို့ သီးသန့်ထုတ်လုပ်ထားတဲ့ တိုင်တွေ၊ သစ်ပင်လေးတွေ ရှိပါတယ်။ ကုတ်ခြစ်ဖို့ တိုင်တွေ၊ သစ်ပင်တွေကို နာနတ်လျှော်၊ ကော်ဇောသား၊ သစ်သားတွေနဲ့ ပြုလုပ်ထားပါတယ်။ သင့်ကြောင်လေးက ဆိုဖာကို သွားကုတ်တတ်ရင် ဆိုဖာနားမှာ ကြောင်သစ်ပင်ကို ထားပေးလိုက်ပါ။

၃။ နောက်တစ်နည်းကတော့ အိမ်သုံးပရိဘောဂပစ္စည်းတွေကို တိပ်နဲ့ ကပ်ထားပြီး ပြန်ခွာလိုက်ပါ။

အဲဒီအခါ ကော်လေးတွေ ကျန်နေခဲ့ပါလိမ့်မယ်။ ကြောင်လေးတွေက စေးကပ်တဲ့အရာတွေကို ကုပ်ရတာ မကြိုက်ပါဘူး။ ဒါမှမဟုတ် နှစ်ဖက်ကပ်တိပ်ကို စားပွဲ၊ ဆိုဖာပေါ်တွေမှာ ကပ်ထားလို့ရပါတယ်။

၄။ ကြောင်လေးတွေ ကုတ်ခြစ်တတ်တဲ့ နေရာမှာ vinyl ကွက်လေးတွေကို ကပ်ထားလည်း ရပါတယ်။

Vinyl ကွက်လေးတွေက လိုသလို ဖြတ်တောက်လို့ ရတာကြောင့် ပိုအဆင်ပြေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments