ကြောင်လေးတွေက နံရံ သို့မဟုတ် ဘာမှမရှိတဲ့နေရာကို ရုတ်တရက်စိုက်ကြည့်ရတဲ့ အကြောင်းရင်း

ကြောင်တွေက နားလည်ရခက်တဲ့ သက်ရှိပါပဲ။ တစ်ခါတလေမှာ ကြောင်တွေရဲ့ အမူအရာတွေကို ကြောင်ပိုင်ရှင်တွေက နားမလည်ပါဘူး။ ကြောင်တွေက မကြာခဏ တစ်နေရာတည်းကို အကြာကြီး စိုက်ကြည့်နေတတ်ပါတယ်။

အဲဒီနေရာက နံရံဖြစ်နိုင်သလို ဘာမှမရှိတဲ့ နေရာလည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့မှာတော့ ကြောင်လေးတွေ နံရံသို့မဟုတ် ဘာမှမရှိတဲ့နေရာကို အကြာကြီး စိုက်ကြည့်နေရတဲ့ အကြောင်းရင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။

ကြောင်တွေက အမြင်အာရုံ အားကောင်းပါတယ်။

သူတို့တွေက အသေးဆုံးအရာလေးတွေကိုတောင် သတိထား ကြည့်မိနိုင်ပါတယ်။ ကြောင်လေးတွေက နံရံပေါ်မှာရှိတဲ့ ပင့်ကူလေးတွေ၊ အိမ်မြှောင်လေးတွေကိုတောင် မြင်ရပါတယ်။ ဒါ့အပြင် ကြောငွတွေက အလင်းလှိုင်းအလျားတွေ၊ ခရမ်းလွန်ရောင်ခြည်တွေ၊ လူသားတွေ မမြင်ရတဲ့ အရောင်တွေကိုပါ ကြောင်လေးတွေ မြင်နိုင်ပါတယ်။ အဲဒါကြောင့် သင့်ကြောင်လေးက ဘာမှမရှိတဲ့နေရာကြီးကို စိုက်ကြည့်နေရင်လည်း လန့်မသွားပါနဲ့ဦး။ သူတို့က သင့်ထက်ပို မြင်နေရလို့ပါ။

ကြောင်လေးတွေက လူသားတွေ မကြားနိုင်တဲ့ အသံတွေကိုလည်း ကြားနိုင်ပါတယ်။

ခွေးလေးတွေရဲ့ ကြားနိုင်စွမ်းက 67Hz ကနေ 45Hz အထိ ရှိပါတယ်။ ကြောင်လေးတွေရဲ့ ကြားနိုင်စွမ်းက 48Hz ကနေ 85Hz အထိ ရှိပါတယ်။ အဲဒါကြောင့် ကော်ဖီမွှေတဲ့အသံ၊ ရေပိုက်ခေါင်းကနေ ရေတစ်စက်ချင်းကျနေတဲ့ အသံတွေကအစ ကြောင်လေးတွေက ကြားနိုင်ပါတယ်။ အဲဒါကြောင့် အသံတစ်ခုခု ကြားလို့ ကြောင်လေးတွေက တစ်နေရာရာကို အာရုံစိုက်ပြီး ကြည့်နေတာလည်း ဖြစ်နိုင်ပါတယ်။

ကြောင်လေးတွေက တစ်ခုခုကို နားလည်သဘောပေါက်အောင် ကြိုးစားတတ်ပါတယ်။

ကြောင်လေးတွေရဲ့ ဦးနှောက်က အရမ်းကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ သိပ္ပံပညာရှင်တွေတောင် ကြောင်တွေကို အပြည့်အဝ နားမလည်သေးပါဘူး။ ကြောင်လေးတွေက အရမ်းစပ်စုပြီး တစ်ခုခုကို စိတ်ဝင်စားရင် အကြာကြီး အာရုံစိုက်တတ်ကြပါတယ်။ အလင်းရောင်တွေ၊ အသံတွေ ဘယ်ကနေ လာသလဲ ဆိုတာကို စူးစမ်းသလို အန္တရာယ်တစ်ခုခု ကြုံလာတော့မယ်ဆိုရင်လည်း ကြိုသိနေတတ် ကြပါတယ်။

တစ်နေရာရာကို စူးစိုက်ကြည့်နေတာက ကျန်းမာရေးပြဿနာလည်း ဖြစ်နိုင်ပါတယ်။

ကြောင်လေးတွေမှာ hyperesthesia လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခု ရှိတတ်ပါတယ်။ သူ့ရဲ့လက္ခဏာတွေကတော့ အမြီးက ဆန့်ငင်ဆန့်ငင် ဖြစ်နေတာ၊ မျက်လုံးသူငယ်အိမ် ကျယ်လာတာ၊ အော်သံကျယ်လာတာ၊ တစ်ခုခုကို အကြာကြီး အာရုံစိုက်ကြည့်နေတာ စတဲ့ အချက်တွေပါပဲ။

ကြောင်လေးတွေမှာ စိတ်ဖိစီးမှုများရင်လည်း ဒီလို လက္ခဏာတွေ ပြလာတတ်ပါတယ်။ သင့်ကြောင်လေးက ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ပြလာမယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments