ကြောင်လေးတွေ နားမကြားရတော့တဲ့ အကြောင်းအရင်း

ကြောင်လေးတွေဟာ နားမကြားခြင်း ဒါမှမဟုတ် အကြားအာရုံချို့တဲ့ခြင်းနဲ့ မွေးဖွားလာတတ်ပြီး သူတို့တွေဟာ များသောအားဖြင့် မျက်လုံးအပြာရောင်ရှိတဲ့ ကြောင်ဖြူတွေနှင့် ဆက်စပ်မှု ရှိတတ်ပါတယ်။ ဒါပေမယ့် ကြောင်လေးတွေ အကုန်လုံးက ဆွံ့အနေတာတော့ မဟုတ်ပါဘူး။

ကြောင်တွေဟာ အသက်ကြီးလာတဲ့အခါမှာ လျင်မြန်စွာ အကြားအာရုံ ဆုံးရှုံးနိုင်ပါတယ်။ တစ်ခါတစ်လေကျတော့လည်း သက်တမ်း (၆) နှစ်အထိ ရှိပြီးတာတောင် အကြားအာရုံ မဆုံးရှုံးတာတွေပါ ရှိပါတယ်။

အကြားအာရုံ ဆုံးရှုံးမှုတွေဟာ အများအားဖြင့် ထိခိုက်ဒဏ်ရာရခြင်း၊ နားအတွင်းပိုင်း ပိုးဝင်ခြင်းနှင့် နားစည်ပေါက်ပြဲခြင်း လို့ခေါ်တဲ့ နားစည်ပေါက်ခြင်းကြောင့် နားအတွင်း ပိုးဝင်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။

အခြားအကြောင်းရင်းတွေကတော့ အချို့သော ဗိုင်းရပ်စ်ရောဂါများ၊ အချို့သော ဆေးဝါးတွေနှင့် ထိတွေ့မှုများ၊ အကျိတ်နှင့် အာရုံကြောတွေ ယိုယွင်းလာခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

စိတ်မကောင်းစရာတစ်ခုက သင့်ကြောင်လေးသာ နားအတွင်းပိုင်း ဒါမှမဟုတ် အပြင်ဘက် နားပိုးဝင်ခြင်းလိုမျိုး ရောဂါဖြစ်လာခဲ့ရင်တော့ အကြားအာရုံကို ပြန်လည်ကောင်းမွန်ဖို့ မလွယ်ကူပါဘူး။ ဒါဟာ နားကို ပင်းသွားစေနိုင်ပြီးတော့ ကြောင်လေးဟာ သင်ဘာပြောပြော မကြားနိုင်ပဲ ဖြစ်နေမှာပါ။

တကယ်လို့ ကြောင်လေးဟာ အကျိတ်လိုမျိုး ဖြစ်နေတယ်ဆိုရင်လည်း ခေါင်းစောင်းပြခြင်း၊ စက်ဝိုင်းပုံတွေ ဒါမှမဟုတ် အခြားသော သဲလွန်စတွေ ပြတတ်ကြပါတယ်။

ဒါကြောင့် သင့်ကြောင်လေးကို ခေါ်ခေါ်ပြီး အစာကျွေးကြည့်ပါ။ သင်နဲ့လည်း အတူတူဆော့တယ်၊ သင်ခေါ်တိုင်းလည်း လာတယ်ဆိုရင် သင့်ကြောင်လေးက ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပါတယ်။

တကယ်လို့ သင်ခေါ်တိုင်းလည်း မလာဘူး၊ ကြောင်ကြည့်ရတာ မလန်းပဲ မှိုင်နေမယ် ဆိုရင်တော့ နီးစပ်ရာ တိရစ္ဆာန်ဆေးခန်းတစ်ခုခုကို ပြသသင့်ပါတယ်။

တကယ်လို့ တိရစ္ဆာန်ဆရာဝန်က သူ့ကိုစစ်ဆေးပြီး ဘာမှ ရှင်းရှင်းလင်းလင်း မတွေ့ခဲ့ဘူး ဆိုရင်လည်း တိရစ္ဆာန်ဆေးကုအာရုံကြောပညာရှင်တွေဆီ ပြသသင့်ပါတယ်။ သူတို့ဟာ MRI သို့မဟုတ် BAER လိုမျိုး တုံ့ပြန်မှု စမ်းသပ်ချက်တွေနဲ့ သင့်ကြောင်လေးရဲ့ ကျန်းမာရေးကို စစ်ဆေးပေးပါလိမ့်မယ်။

ဒါပေမယ့်လည်း ဘယ်လောက်ပဲ ထူးချွန်တဲ့ ဆရာဝန်တွေ၊ ပညာရှင်တွေ ဖြစ်နေပါစေ ရောဂါရှာဖွေခြင်းကို အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပေလည်း ရလဒ်ကိုတော့ ပြောင်းလဲပေးနိုင်မှာ မဟုတ်ပါဘူး။

ဝမ်းသာစရာ တစ်ခုကတော့ သင့်ကြောင်လေးဟာ နားမကြားတော့ပေမယ့် တခြားကျန်းမာရေး ကောင်းမွန်နေရင်တော့ ပုံမှန်အတိုင်း အသက်ရှည်ရှည်နဲ့ နေထိုင်နိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments